ဓမ္မတာလာနေစဉ် မပြုလုပ်သင့်သည့်အရာများ
28-Feb-2017
အမျိုးသမီးတိုင်းက ဓမ္မတာလာစဉ်မှာ စိတ်ခံစားမှုပြင်းထန်တတ်ကြတဲ့အပြင် နာကျင် ကိုက်ခဲတာတွေလည်း ဖြစ်တတ်တဲ့အတွက် အဲဒီအချိန်မှာ အောက်ပါတို့ကို မပြုလုပ်သင့်ဘူးလို့ အကြံပေးထားပါတယ်။
ချက်ပြုတ်ခြင်း
ဓမ္မတာလာစဉ် မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေရင်းနဲ့ မတော်တဆ ထိခိုက်ဒဏ်ရာ ရနိုင်ခြေ များပါတယ်။ ဓားကိုင်နေရင်း စိတ်လှုပ်ရှားစရာနဲ့ ကြုံတွေ့ရတဲ့အခါမှာ သင့်လက်ကိုဓားရှတာ ဒါမှမဟုတ် တခြားလူကို ထိခိုက်နာကျင်အောင် လုပ်မိတာတွေ ဖြစ်တတ်ပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်း
ဓမ္မတာလာစဉ်မှာ ခါးအနည်းငယ် တုတ်သလိုဖြစ်နေတာက အဆီကြောင့် မဟုတ်ပါဘူး။ဓမ္မတာဖြစ်စဉ်ကြောင့် ရေဖောဖောနေတာပါ။ ဓမ္မတာပြီးသွားတာနဲ့ ပုံမှန်ခနွာကိုယ်ပြန်ရသွားနိုင်ပါတယ်။ ဒီအချိန်မှာ လေ့ကျင့်ခန်းလုပ်ဖို့ မလိုအပ်သလို အားကစားဝတ်စုံတွေက မိမိနဲ့မတော်တော့ဘူးထင်ပြီး အဝတ်အစားသစ်တွေ ထပ်မဝယ်ပါနဲ့။
အရန်သင့် အစားအစာများကို စားခြင်း
အရန်သင့်စားလို့ရတဲ့ အစားအစာတွေက ဆီကြော်စာတွေ များတဲ့အတွက် ဓမ္မတာဝေဒနာတွေ ပိုခံစားရတတ်ပါတယ်။
အငြင်းအခုံလုပ်ခြင်း
ဓမ္မတာလာစဉ်မှာ စိတ်ခံစားမှုအပြင်းထန်ဆုံးဖြစ်သည့်အတွက် အငြင်းအခုံပြုလုပ်တာကနောက်ပိုင်းမှာ သင်နောင်တရတဲ့အထိ တခြားသူကိုထိခိုက်မှုတွေ ဖြစ်သွားနိုင်ပါတယ်။
အချိန်ပြည့်ထိုင်နေခြင်း
ဓမ္မတာလာစဉ်မှာ တစ်နေ့တာလုံး ထိုင်နေမယ့်အစား တတ်နိုင်သမျှ လဲလျောင်းပြီးနေပါ။ ဥပမာအားဖြင့် တီဗီကြည့်စဉ်မှာ အိပ်ပြီးကြည့်တာ၊ ရေချိုးစဉ်မှာ ရေချိုးကန်ထဲလဲလျောင်းပြီး ချိုးတာမျိုးတွေ ပြုလုပ်ပေးပါ။ ဓမ္မတာလာစဉ်မှာ သင်ဟာ ခါတိုင်းလိုပဲ လုပ်ကိုင်စရာရှိတာတွေ အကုန်လုပ်လို့ ရပါတယ်။ ဒါပေမဲ့ အကောင်းဆုံးကတော့ အိပ်ရာထဲမှာ နှစ်ရက်၊ သုံးရက်လောက် နားနေတာပဲဖြစ်ပါတယ်။
ပြေးလွှားခြင်း
ဓမ္မတာလာစဉ်မှာ ပြေးလွှားမှု ပြုလုပ်တာက အဆိုးဆုံးပါပဲ။
ချောကလက်များများစားခြင်း
ချောကလက် စားတာကြောင့် စိတ်ခံစားမှုကောင်းမယ်ထင်ပြီး ချောကလက်များများစားဖို့မလိုအပ်ပါဘူး။ အယူအဆတစ်ခုသာ ဖြစ်တာကြောင့်ပါ။
Credit:
ဒေါက်တာခင်မိုးမိုး
Arogyam magazine, May 2016, Pg. 105
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
