မီးတွင်းကာလစိတ်ဖောက်ပြန်ခြင်း
28-Feb-2017
မိခင်တွေဟာ မွေးပြီး သုံးရက်လေးရက်မြောက်နေ့မှာ အသေးအမွှားလေးတွေကိုတောင် အရမ်းစိတ်ပူတတ်၊ တစ်ခါတစ်လေတော့ ဝမ်းနည်းတတ်၊ အလွယ်တကူ ငိုတတ်ကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဟိုမုန်းဓာတ် အပြောင်းအလဲကြောင့်၊ မောပန်းနွမ်းနယ်မှုကြောင့်၊ စိတ်လှုပ်ရှားမှုကြောင့်၊ မွေးလမ်းကြောင်းနဲ့ ရင်သားတွေမှာ နာကျင်မှုတွေကြောင့် ဖြစ်တာပါ။ အဲလိုဖြဟ်တာဟာ သိပ်မကြာပါဘူး။ ၁ရက်၊ ၂ရက်ပါပဲ။ ငိုချင်ရင်အားရပါးရ ငိုလိုက်၊ ဒါမှမဟုတ် အားရပါးရအိပ်လိုက်ရင် သက်သာသွားပါတယ်။
မီးတွင်းစိတ်ဖောက်ပြန်မှုဆိုတာဘာလဲ။
မီးတွင်းစိတ်ဖောက်ပြန်မှုက ရှားတော့ရှားတယ်။ ဖြစ်ရင် မွေးပြီး ပထမပတ် အတွင်း တွေ့ရတတ်တယ်။ အိပ်ရေးပျက်တယ်။ နောက်နေ့လည်း အိပ်ရေးပျက်တယ်။ (၃) ရက်လောက်လဲ အိပ်ရေးပျက်ရော သူ့အမူအယာက နည်းနည်းလေးလံထှိုင်းမှိုင်းလာသည်။ အဲဒီလို အိပ်မပျော်ဘူးဆိုတာက အစပြုပြီးတော့ နဂိုကထက် စကားများများ ပြောလာတာမျိုး ရှိတယ်။ တချို့ကျတော့လည်း စကားမပြောတော့ဘဲ တုံဏှိဘာဝေ ဖြစ်သွားတာရှိတယ်။ တချို့ကျတော့လည်း၊ နို့လည်းမတိုက်ဘူး။ မတိုက်ဘဲနဲ့ ကိုင်ဆောင့်တာမျိုး၊ ပစ်ပေါက်တာမျိုး၊ လည်ပင်းညှစ်တာမျိုး လုပ်တဲ့အထိတောင် ဆိုးတတ်ပါတယ်။ မီးတွင်းစိတ်ဖောက်ပြန်မှုဖြစ်ရင် စိတ်အထူးကုဆရာဝန်ကြီးနှင့် ပြပေးဖို့လိုပါတယ်။
Credit:
မျိုးပွားကျန်းမာရေး အမေး-အဖြေစာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

