ရင်သားကင်ဆာဆိုတာဘာလဲ
28-Feb-2017
ရင်သားကင်ဆာဆိုတာ ရင်သားရဲ့အတွင်းမှာ ပုံမှန်မဟုတ်တဲ့ ရင်သားတစ်သျှူးတွေ ပွားများလား အနီးအနားက ရင်သားတစ်သျှူးအကောင်းတွေကို ပျက်စီးစေပြီး အန္တရာယ်ဖြစ်စေ၊ ရောဂါဖြစ်စေတဲ့ အရာဖြစ်ပါတယ်။ ရင်သားနဲ့ အနီးတစ်ဝိုက် ဒါမှမဟုတ် တခြားကိုယ်အင်္ဂါတွေ၊ အစိတ်အပိုင်းနေရာတွေကိုလည်း ပျံ့နှံ့ပြီး ပျက်စီးစေပါတယ်။ ရင်သားကင်ဆာတစ်သျှူးတွေဟာ (ပုံမှန်ရင်သားတစ်သျှူးတွေကနေ ကင်ဆာတစ်သျှူးတွေအဖြစ်ကို ပြောင်းလဲသွားတာပါ။
ရင်သားထဲမှာရှိတဲ့ နို့ပြွန်တွေ၊ နို့ရည်အိတ်တွေကနေ တစ်ဆင့် ကင်ဆာဆဲလ်အဖြစ် ပြောင်းသွားပြီဆိုတာနဲ့ အဲ့ဒီဆဲလ်တွေဟာ အဆက်မပြတ်ပွားပါတယ်။ ပွားရာကနေ အနီးအနားက သွေးကြောတွေနဲ့ ပြန်ရည်ကြောတွေကတစ်ဆင့်ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေဆီကို ကင်ဆာဆဲလ်တွေ ပျံ့နှံ့သွားစေပါတယ်။
အဲ့ဒီဖြစ်စဉ် အနှေးအမြန်၊ အပြင်းအထန်အပေါ် မူတည်ပြီး ရောဂါအခြေအနေကို သုံးသပ်ရပါတယ်။ ရင်သားတစ်သျှူးကစဖြစ်တဲ့ ရင်သားကင်ဆာဆိုတာ ရှားပါတယ်။ အများအားဖြင့် နို့ပြွန် (သို့) နို့ရည်အိတ်ကနေ ကင်ဆာစဖြစ်လေ့ရှိပါတယ်။ ဥပမာ Lymphocyte ဆိုတဲ့ ခုခံအားဆဲလ်ကနေ ကင်ဆာဖြစ်ရင် လင်ဖိုးမား (Lymphoma) လို့ခေါ်ပါတယ်။ သွေးကြောနံရံက ကြွက်သားတွေကဖြစ်ရင် ဆာကိုးမား (Sarcoma) လို့
ခေါ်ပါတယ်။ အဲ့ဒီကင်ဆာအမျိုးအစားတွေက ရင်သားမှာ စဖြစ်တာ ရှားပါတယ်။ ရင်သားကင်ဆာကတော့ ရင်သားထဲက နို့ပြွန်နံရံဆဲလ်တွေကဖြစ်တဲ့ ကင်ဆာ (ductal carcinoma) ဒါမှမဟုတ် နို့ရည်အိတ်ရဲ့ နံရံဆဲလ်တွေကနေဖြစ်တဲ့ ကင်ဆာ (Lobular carcinoma) တွေကြောင့်ဖြစ်တာပါ။
Credit:
ဒေါက်တာခင်မိုးမိုးအောင်
Ziwaka magazine, July 2016
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
