ညာလက်မောင်းပေါ် မှည့် ၁၀ လုံးကျော်ရှိနေရင် အရေပြားကင်ဆာဖြစ်ပေါ်နိုင်
30-Oct-2016
ညာဘက်လက်မောင်းပေါ်မှာ မှည့် ၁၀ လုံးကျော်ရှိနေရင်၊ အရေပြားကင်ဆာဖြစ်ပွားမှုအန္တရာယ် များတယ်လို့ ဆရာဝန်တွေက သတိပေးထားပါတယ်။လက်မောင်းပေါ်မှာ မှည့် အနည်းဆုံး ၁၁ လုံးရှိတဲ့သူရဲ့ ခန္ဓာကိုယ် အနှံ့မှာ မှည့် အလုံး ၁၀၀ ကျော်ရှိနိုင်ခြေ များကြောင်း ဗြိတိန် သုတေသနရပ်ကနေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။မှည့်အများစုက ဘေးအန္တရာယ်မရှိဘူးဆိုပေမဲ့ သူတို့ကနေ ကင်ဆာဖြစ်လာနိုင်ပါတယ်။ မှည့်အလုံး ၁၀၀ ကျော်ရှိနေတဲ့သူ ဟာ malignant melanoma လို့ခေါ်တဲ့ အရေပြားကင်ဆာ ဖြစ်နိုင်မှုအန္တရာယ် များပါတယ်။ malignant melanoma အရေပြားကင်ဆာဟာ အန္တရာယ် ၁၀ ဆထိ မြင့်တဲ့ ကြောက်စရာအကောင်းဆုံး ကင်ဆာပုံစံတစ်ရပ် ပါပဲ။
အလှအပဆိုင်ရာအတွက် ခရမ်းလွန်ရောင်ခြည်ထုတ်စက်နဲ့ ဓာတ်ကင်တာမျိုး၊ အားလပ်ရက်ခရီးထွက်ပြီး နေပူဆာလှုံတာမျိုးတွေ ကြောင့် အရေပြားကင်ဆာဖြစ်မှုနှုန်းဟာ ၁၉၇၀ပြည့်လွန်နှစ်တွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် ၅ဆ မြင့်တက်လာပါတယ်။အသားရောင်ဖျော့တာ၊ ဆံပင်နီတာ၊ နေလောင်တာတွေကြောင့် အရေပြားကင်ဆာဖြစ်နိုင်မှု အန္တရာယ် များတယ်လို့ သိထားကြပေမဲ့ လူတစ်ယောက်ရဲ့မှည့်အရေအတွက်ကပိုပြီး အရေးကြီးကြောင်း King’s College London မှ သုတေသီတွေက ပြောပါတယ်။ မှည့်များတဲ့ လူတစ်ယောက်ဟာ ဆရာဝန်နဲ့စောစောပြမယ်ဆိုရင် ကုသရတာပိုလွယ်တယ်လို့ သူတို့ကပြောပါတယ်။ လက်မောင်းကို ကြည့်ပြီး ကိုယ့်မှာ မှည့်များနေလားဆိုတာကို ဆုံးဖြတ်ဖို့ နေရာကောင်းပါ။ အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ်၊ လက်မောင်းမှာ မှည့် ၁၀လုံးကျော်ရှိတယ်ဆိုရင်တော့ ခန္ဓာကိုယ် တစ်ခုလုံးဆိုရင် မှည့် ၁၀၀ ကျော်ရှိမှာသေချာသလောက်ပါပဲ။
Ref:
Skyler
Thihtoolwin.com
Monday, October 19, 2015
Source:
Daily Mail
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
