နာတာရှည်အရေပြားရောဂါအားကုုသမှုဆေးသစ်ထွက်ပေါ်
29-Oct-2016
Psoriasisမှာ နာတာရှည်အရေပြားရောဂါတစ်မျိုး ဖြစ်ပြီး ယင်းကအရေပြားများနီရဲ၊ ယားယံ၊ ခြောက်သွေ့ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ကမ္ဘာ့လူဦးရေ၏ ၃% ခန့်ထိ ဖြစ်ပွားနေပြီး နောက်ဆက်တွဲအနေဖြင့် စိတ်ကျဝေဒနာ၊ ဆီးချို၊ နှလုံးနှင့် အခြားရောဂါများပါ ဖြစ်ပွားစေနိုင်သည်။ ယင်းPsoriasis ရောဂါအား အကျိုးရှိစေမည့် ဆေးသစ်တစ်မျိုးအား တွေ့ရှိခဲ့ပြီးယင်းကလက်ရှိသုံးလျက်ရှိသော ဆေးများထက် ပို၍အကျိုးသက်ရောက်မှု ကောင်းစေကြောင်း၊ လူသားဝေဒနာရှင်များတွင်ပါ စမ်းသပ်ကုသပြီးသက်သေပြနိုင်ခဲ့သည်။ ယင်းဆေးသစ်ဖြင့် ၄လ ကြာကုသမှုယူပြီးနောက် အရေပြား ၏ ၈၀% ခန့် မှာရောဂါသက်သာသွားကြောင်းတွေ့ခဲ့ရသည်။ North- western University မှ အရေပြားရောဂါဗေဒပညာရှင် ပါမောက္ခ ကန်းနက်စ်ဂေါ်ဒွန် က၊ ဝေဒနာရှင် များအနေဖြင့် ရောဂါကင်းစင်သည်အထိ ပျောက်ကင်းနိုင်တော့မည်မှာ မဝေးတော့ကြောင်း ပြောကြားခဲ့သည်။ ယခုဆေးသစ် Guselkumabs အားလက်ရှိလူသုံးအများဆုံး Adalimumabs နှင့် နှိုင်းယှဉ်ခဲ့ကြသည်။ ရလဒ်များအရ Guselkumabs 200mg တစ်ရက် တစ်ကြိမ်သောက်သောအုပ်စုမှ ၈၁% ခန့်နှင့် Adalimumabs သောက်သောအုပ်စု မှ ၄၉% ခန့်တို့ က ကုသမှုအကောင်းဆုံး အခြေအနေသို့ တုံ့ပြန်ကြောင်းသိရသည်။ ယခုလေ့လာမှုမှာPhaseII အဆင့် ရှိ လေ့လာမှုဖြစ်ကြောင်းသိရသည်။ ယခုလေ့လာမှုအား နယူးဇီလန် ဆေးပညာဂျာနယ်၌ ဖော်ပြခဲ့သည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
