SPF နံပါတ်ဘယ်လောက်သုံးကြမလဲ
30-Oct-2016
မှန်မှန်ကန်ကန် သုံးတတ်ရင်တော့ SPF 50 လောက်ဆို အဆင်ပြေပါတယ်။ မှန်မှန်ကန်ကန်ဆိုတာ လိမ်းရမယ့် အကြိမ်နဲ့ ပမာဏမှန်တာကို ပြောတာ။ ဒါပေမဲ့လေ့လာမှုအရ အဲဒီအတိုင်းလိမ်းတာ နည်းတယ်လို့ တွေ့ရတယ်တဲ့။ ဒါကြောင့် SPF15 အစား SPF 30 ဆိုရင်လည်း အဆင်ပြေပါတယ်။ လိမ်းတာနည်းတာကို နံပါတ်မြင့်တာနဲ့ထေပေးတဲ့ သဘောပါ။ ဒါကြောင့် နေ့စဉ်လိမ်းဖို့အတွက် နံပါတ် ၁၅၊ ၃၀ လောက်ဆို အဆင်ပြေပါတယ်။ ခရီးသွားမယ်၊ ပင်လယ်ကမ်းခြေ သွားမယ်ဆိုရင်တော့ ဒီထက် နံပါတ်မြင့်တာ သုံးလို့ရပါတယ်။
SPF နံပါတ်မြင့်တာမှာရော ကောင်းကျိုးမရှိဘူးလား
ရှိပါတယ်။ ခရမ်းလွန်ရောင်ခြည် ကာကွယ်မှုမှာ SPF 50 က 98 ရာခိုင်နှုန်းနဲ့ SPF 100 က ၉၉ ရာခိုင်နှုန်း မပြည့်ဘူး။ ကွာခြားချက်က တစ်ရာခိုင်နှုန်းတောင် မရှိဘူး။ ကွာခြားချက်နည်းတာကြောင့် ရေတိုမှာ ကွာခြားမှုမရှိပါဘူး။ ဒါပေမဲ့ နှစ်များစွာ ကြာလာရင်တော့ အကျိုးရှိတယ်။ အရေပြားကင်ဆာလို နေလောင်ဒဏ် ရေရှည်ခံစား စုဆောင်းပြီး ဖြစ်လာတဲ့ ပြဿနာတွေကိုတော့ ကာကွယ်မှု ပိုရရှိတယ်လို့ ဆိုတယ်။ ဒါက SPF နံပါတ်မြင့်တာရဲ့ ကောင်းကွက်ပါ။ ခရမ်းလွန်ရောင်ခြည် A အတွက်ရော A အတွက် ကာကွယ်မှုက ပိုခက်တယ်။ အသားအရေ အိုမင်းမှုက A ကြောင့် ပိုဖြစ်တာ။ အရင်က နေကာလိမ်းဆေးမှာ A အတွက် သက်သက်၊ B အတွက်သက်သက်ခွဲခြား ထုတ်လုပ်တယ်။ အခုနောက်ပိုင်းတော့ A ရော B ပါ နှစ်မျိုးစလုံး ကာကွယ်နိုင်အောင် ထုတ်လုပ်ကြတယ်။ UVA အတွက် Avobenzone, Parsal, Mexory 1, Zinc Oxide, Titanium Dioxide စတာတွေကို သုံးကြတယ်။ ပထမသုံးခုက ကြာကြာမခံဘူး။ ပြိုကွဲပျက်စီးလွယ်တယ်။ နောက်တစ်ခုက ပေါင်ဒါလို ဖြူတတ်တယ်။ ဒါကြောင့် အသားညိုသူတွေက မကြိုက်ကြဘူး။ ဒါကြောင့် A အတွက် ကာကွယ်မှုက ပိုခက်တာပါ။
ဒေါက်တာစိုးဝင်းဦး
(အရေပြားအထူးကု ဆရာဝန်ကြီး)
Health for all
No.101 June 2015
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
