Syphilis ကာလသားရောဂါဆိုတာ ဘာလဲ၊ ဘယ်လိုကုရလဲ
30-Oct-2016
Syphilis ကာလသားရောဂါဆိုတာ ရောဂါရှိသူတစ်ဦးနဲ့ လိင်ဆက်ဆံမှုကနေ ကူးစက်လေ့ရှိတဲ့ ဘက်တီးရီးယား ကူးစက်ရောဂါပါ။ Syphilis ရောဂါကို ဖြစ်စေတဲ့ ဘက်တီးရီးယားကို Treponema pallidum လို့ခေါ်ပါတယ်။ ရောဂါရှိသူရဲ့ ဒဏ်ရာနဲ့ နီးနီးကပ်ကပ် ထိတွေ့မိတာမျိုး၊ ယောနိ၊ စအို ဒါမှမဟုတ် ပါးစပ်နဲ့ လိင်ဆက်ဆံစဉ်အတွင်း ဒါမှမဟုတ် ရောဂါရှိသူနဲ့ လိင်ပစ္စည်းအတု ကို ဝေငှသုံးစွဲတဲ့ အခါမျိုးမှာ ကူးစက်လေ့ရှိပါတယ်။ရောဂါရှိသူနဲ့ အပ်တစ်ချောင်းတည်းကို မျှပြီး သုံးတာကတဆင့်လည်း Syphilis ကာလသားရောဂါ ရနိုင်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်ကတဆင့် မွေးဖွားလာမယ့်ကလေးကို ကူးဆက်နိုင်ပါသေးတယ်။
မကုသဘဲထားမယ်ဆိုရင်၊ မိခင်ရော၊ ကလေးအတွက်ပါ ဆိုးဆိုးရွားရွား ကျန်းမာရေးပြဿသနာတွေ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်ဝန်ပျက်ကျတာ၊ အသေမွေးတာမျိုး ထိဖြစ်နိုင်ပါတယ်။ဒါ့ကြောင့်လဲ ကိုယ်ဝန်စစ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် Syphilis ကာလသားရောဂါ ရှိမရှိကို ကိုယ်ဝန်ဆောင်မိခင်တိုင်း သွေးစစ်ဆေးရတာပါ။ ဗြိတိန်မှာဆိုရင် Syphilis ကာလသားရောဂါရှိမရှိ သွေးလဲလှယ်မှု အားလုံးကို စစ်ဆေးတဲ့အတွက်၊သွေးလဲလှယ်မှုကနေတဆင့် ကူးစက်တယ်ဆိုတာ တော်တော်လေးကို ရှားပါတယ်။Syphilisကာလသားရောဂါဟာ အိမ်သာတစ်ခုတည်း၊ အဝတ်တစ်ထည်တည်း၊ ရေချိုးခန်းတစ်ခုတည်းကို ရောဂါရှိသူနဲ့ မျှသုံးတာမျိုးမှာ ကူးမစက်နိုင်ပါဘူး။ ဒီ ဘက်တီးရီးယားက လူ့ခန္ဓာကိုယ် အပြင်ဘက်မှာ အချိန်ကြာကြာ မနေနိုင်တာကြောင့်ပါ။ ခပ်စောစော ကုသမယ်ဆိုရင် ဆိုးဆိုးရွားရွား နောက်ဆက်တွဲရောဂါ ဖြစ်နိုင်ဖို့ အခွင့်အရေး နည်းသွားပါတယ်။ Syphilis ကာလသားရောဂါကို ပဋိဇီဝဆေးတွေနဲ့ ကုသလေ့ရှိပါတယ်။
Ref:
ဖိုးသူတော် (www.phothutaw.com)
27.10.2015
Source:
Thithtoolwin
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
