၀က်ခြံမဟုတ်တဲ့ ၀က်ခြံလိုအဖုလေးတွေ
30-Oct-2016
Keratosis pilaris က ၀က်ခြံမဟုတ်တဲ့ ၀က်ခြံလိုအဖုလေးတွေ ဖြစ်လာနိုင်တဲ့ပြီးတော့အဖြစ်များတဲ့ အရေပြားပြဿသနာတစ်ခုပဲနော်။ အရေပြားက Keratin လို့ခေါ်တဲ့ ပရိုတိန်းလေးတွေက မွေးညှင်းပေါက်လေးတွေထဲမှာ မာမာခဲခဲလေးဖြစ်နေပြီး အရေပြားမှာ ၀က်ခြံလိုအဖုလေးတွေ ဖြစ်လာတော့တာပဲ။ အန္တရာယ်လည်း မရှိဘူး။ သူ့အလိုလိုတောင်ပျောက်သွားတတ်သေးတယ်နော်။ ကူးလည်း မကူးနိုင်ပါဘူး။ ဒီအဖုလေးတွေဟာမွေးရာပါလည်း ဖြစ်နိုင်ပါတယ်။ မျိုးရိုးလိုက်တတ်တာပေါ့။ ဆယ်ကျော်သက်တွေမှာ အဖြစ်များပါတယ်။ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေ၊ နှင်းခူဖြစ်တတ်တဲ့သူတွေ Allergy ဖြစ်တတ်တဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဆောင်းရာသီမှာ ပိုဆိုးလာတတ်တယ်နော်။
အဖုလေးတွေဟာ လက်မောင်းနောက်ဘက်တွေမှာ အဖြစ်များတယ်။ကြမ်းကြမ်းလေး ဖြစ်နေတတ်တယ်။ ပြီးတော့ တင်ပါးနဲ့ ပေါင်တွေမှာလည်း ဖြစ်တတ်သေးတယ်လေ။ မျက်နှာမှာ ဖြစ်ရင်တော့ ၀က်ခြံနဲ့ မှားတတ်တဲ့ အဖုလေးတွေပေါ့။ အဖုလေးတွေက သေးသေးလေးတွေ၊ အသားရောင်ပဲဖြစ်တာများတယ်။ ပန်းရောင်လေးတွေလည်းဖြစ်တတ်သေးတယ်နော်။ ဒီအဖုလေးတွေ ပေါ်လာရင် မျက်နှာသစ်ဆေး၊ ကိုယ်တိုက်ဆပ်ပြာတွေကို အပျော့စားလေးတွေပဲ သုံးပါ။ အစိုဓာတ်ဖြည့်လိမ်းဆေး ( Moisturizing lotion) တွေလည်း တနေ့ကို ၂ ကြိမ် မှန်မှန်လိမ်းပေးရပါမယ်။ Salicylic acid, Lactic acid ပါတဲ့ ခရမ်တွေ လိုးရှင်းတွေက ပိုထိရောက်ပါတယ်။ AHA, Retin A, Steroid လိမ်းဆေးတွေလိမ်းရင်လည်း သက်သာပါတယ်။ ဒါပေမယ့် လိမ်းရမယ့် ပမာဏ၊ မလိမ်းသင့်တဲ့ အခြေအနေတွေလည်း ရှိတာမို့ အရေပြားအထူးကုဆရာဝန်ကြီးတွေနဲ့ တိုင်ပင်တာ အကောင်းဆုံးပါပဲ။ Microdermabrasion, Chemical peels, Laser နည်းတွေနဲ့လည်း ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ဘာမှမလုပ်ချင်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ အသက်ကြီးလာတာနဲ့ တဖြည်းဖြည်းပျောက်သွားနိုင်တယ်လေ။
Ref:
ဖိုးသူတော်
Source:
Myanmar Sky Link
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
