အရေပြားကင်ဆာရှိ / မရှိဘယ်လိုစစ်ဆေးမလဲ
30-Oct-2016
အရေပြား ကင်ဆာဟာ အမေရိကမှာ အဖြစ်အများဆုံး ရောဂါတစ်ခုဖြစ်ပါတယ်။
အမေရိကန် နိုင်ငံသား ၅ သန်းနီးပါးက ဒီရောဂါကြောင့် နှစ်စဉ် ကုသခံနေကြရပြီး ၅ ယောက်မှာ ၁ ယောက်က ဒီရောဂါကို တစ်သက်လုံး ခံစားသွားကြရတယ်လို့ Skin Cancer Foundation က ဆိုပါတယ်။ ခန္ဓာကိုယ်ပေါ်က မှဲ့တွေရဲ့ မူလ ဇာစ်မြစ်ကို ဆယ်နှစ်ရာသီ အမြဲခြေရာခံ လိုက်ရှာဖို့ အရေးကြီးပါတယ်။ အကြောင်းက သူတို့ရဲ့ပြောင်းလဲမှုတွေက အရေပြားကင်ဆာ ဖော်ပြနေနိုင်တာကြောင့်ပါပဲ။ သင်ဟာ ယခင်က အနာရောဂါ ကင်းရှင်းသူဖြစ်ရင် မကြာခဏ မိမိကိုယ်ကိုယ် ဘယ်လိုစစ်ဆေးသင့်ကြောင်းမိမိရဲ့ အရေပြား အထူးကုဆရာဝန်ကို မေးမြန်းပါ။ မှဲ့အများကြီးရှိရင် နှစ်စဉ်ပုံမှန် စစ်ဆေးမှုအပြင် တစ်နှစ် ၂၊ ၃ ကြိမ် ကိုယ့်ကိုယ်ကိုယ် စစ်ဆေးမှု လုပ်သင့်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုရင် အဝတ်အစားတွေ အကုန်ချွတ်ပြီး အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာ သွားပါ။ ဦးရေခွံကနေစပြီး အနီးကပ်ကြည့်ဖို့ ဆံပင်ကို ခွဲထားပါ။ မျက်နှာကိုဆင်းလာပါ။ နာခေါင်းအောက်နဲ့ နားရွက်နောက်ပိုင်းကိုု ကြည့်ပါ။ လည်ပင်ကို ဆက်ဆင်းလာပြီး လက်မောင်း၊ ချိုင်းနဲ့ လက်မောင်းနောက်ပိုင်းကို စစ်ဆေးကြည့်ပါ။ ရင်ဘတ်၊ ဗိုက်၊ တင်ပါးနဲ့ ပေါင်ခြံဆီ ဆက်သွားပါ။ ပြီးတော့ ဖင်ထိုင်ချပြီး ခြေထောက်ကို စစ်ဆေးရပါမယ်။ ခြေချောင်းတစ်ခုနဲ့ တစ်ခုကြားနေရာတွေအပြင် ခြေသည်းအတွင်းပိုင််းကိုပါ ကြည့်ပါ။ နောက်ဆုံးမှာ အသိတစ်ယောက်ယောက်ကိုု မိမိခြေထောက်နောက်ဖက်၊ တင်ပါးဆုံ၊ ကျောပြင်နဲ့ အခြား ကိုယ်မတွေ့နိုင်တဲ့ နေရာအားလုံးကို ကြည့်စစ်ဆေးခိုင်းပါ (ဒါကို မှန်သုံးပြီးတော့လည်း လုပ်နိုင်ပါတယ်)။ ကျောဘက်တွေဟာ အရေပြားရောဂါနဲ့ သက်ဆိုင်တဲ့ အစက်အပြောက် အဖြစ်ဆုံးနေရာ တစ်ခုဖြစ်ပါတယ်။
Ref: whm
Trend Myanmar
ဗဟုသုတဒိုင်ဂျက်
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
