ဆံပင်များနှင့် ဦးရေပြားကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ခြင်း
30-Oct-2016
အားလပ်ချိန်များနှင့် နားရက်များကို အိမ်ပြင်ပ လှုပ်ရှားမှုများ၊ ခရီးထွက်ခြင်းများဖြင့် ကုန်ဆုံးစေခြင်း ခေတ်စားနေသော ယနေပခေတ်တွင် မိမိကိုယ်ကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ရေး အသိရှိရန် လိုပါသည်။ မျက်နှာနှင့် ကိုယ်ခန္ဓာအရေပြားကို နေရောင်ကာဆီများလိမ်းခြင်းဖြင့် နေရောင်ခြည်ဒဏ်မှ ကာကွယ်သင့်ပါသည်။ ၄င်းနေရောင်ကာဆီများကိုဆံပင်မရှိသော ဦးရေပြားပေါ်တွင် လိမ်းနိုင်သော်လည်း ဆံပင်ရှိနေသော ဦးရေပြားတွင် လိမ်းရန်မလွယ်ပါ။ ဦးထုပ်များသည် ဆံပင်များနှင့် ဦးရေပြားကို နေရောင်ခြည်ဒဏ်မှ အကောင်းဆုံးကာကွယ် ပေးနိုင်သော်လည်း အချို့သူများသည် ဦးထုပ်မဆောင်းလိုကြပါ။ နေရောင်ခြည်၏ ဆံပင်များအပေါ် ထိခိုက်စေမှုများကို လေ့လာမှုရှိသော််လည်း ဦးရေပြားအပေါ် သက်ရောက်မှုများကို လေ့လာမှုများ မရှိလှသေးပါ။ ဆံပင်ဆိုးဆေးများသည် ဆံပင်များကို နေရောင်ခြည်ဒဏ်မှ ကာကွယ်နိုင်ကြောင်း လေ့လာမှုအချို့တွင် တွေ့ရပါသည်။ Cinnamidpropyltrimonium choloride သည် ဆံပင်များကို နေရောင်ခြည်ဒဏ်မှ ကာကွယ်နိုင်ပေးနိုင်ပြီး ဆံပင်ကိုလည်း ပျော့ပျောင်းစေနိုင်ပါသည်။ ၄င်းကို ခေါင်းလျှော်ရည်များတွင် ထည့်သွင်း ထုတ်လုပ်ပြီး အသုံးပြုနိုင်ပါသည်။ Soild lipid nanoparticles များသည်လည်း ဆံပင်များနှင့် အရေပြားကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်ပါသည်။ Antioxi-dantrsm; (beta-carotene, a-tocopherol, L-ascorbate စသည်) ကို ဖြည့်စွက်စားသုံးခြင်းဖြင့် လည်း နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးသော အကျိုးရလဒ်ကို ရရှိနိုင်ပါသည်။ Melatonin လိမ်းခြင်းသည်လည်း နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်ပါသည်။ ဖော်ပြပါများကို နေရောင်ကာဆီများ လိမ်းခြင်းနှင့် ပေါင်းစပ်အသုံးပြုခြင်းအားဖြင့် မိမိကိုယ်ကိုယ် နေရောင်ခြည်ဒဏ်မှ ထိထိရောက်ရောက် ကာကွယ်နိုင်ပါသည်။
Ref:
ဒေါက်တာခိုင်ခိုင်ဇော်
အရေပြားရောဂါများအကြောင်း တစေ့တစောင်း
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

