အဖုအပိမ့်တွေမြန်မြန်ပျောက်ကင်းစေဖို့
30-Oct-2016
အချို့သောအရေပြားကျွမ်းကျင်သူတွေက အဖုအပိမ့်တွေ ထွက်တာကို သာမန်အခြေအနေ တစ်ရပ်အနေနဲ့ ယူဆကြပါတယ်။တချို့ကတော့ ဟော်မုန်းဓာတ်ပြောင်းလဲမှုကြောင့်ဖြစ်ရတာလို့ ယုံကြည်ကြပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းဓာတ်ပြောင်းလဲမှုဖြစ်ရင် အရေပြားမှာရှိတဲ့ အဆီဂလင်းတွေကို အရွယ်ကြီးလာစေကာ အဆိပိုမိုထုတ်လုပ်အောင် လှုံ့ဆော်ပေးလိုက်သလိုဖြစ်လို့ပါပဲ။ အဲဒီအဆီတွေဟာ အရေပြားမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်သွားစေပြီး ဝက်ခြံကို အဖုအပိမ့်တွေ ဖြစ်လာစေတာပဲ ဖြစ်ပါတယ်။ ဒါအပြင် အဆီများတဲ့ မိတ်ကပ်တွေကို အထူကြီးလိမ်းမယ်ဆိုရင်လည်း ချွေးပေါက်တွေပိတ်ပြီး အဖုအပိမ့်တွေ ထွက်လာနိုင်ပါသေးတယ်။ အမျိုးသမီးတွေ ဓမ္မတာမလာမီကာလနဲ့ စိတ်ဖိစီးမှုတို့ကြောင့်လည်း ဟော်မုန်းဓာတ်ပမာဏ မညီမမျှဖြစ်ကာ အဖုအပိမ့် ဖြစ်လာစေတာကလည်း အကြောင်းအရင်းတစ်ခုပါပဲ။ ဘယ်လိုအကြောင်းကြောင့်ပဲ အဖုအပိမ့်ဖြစ်ပါစေ၊ ကုသဖို့ နည်းလမ်းတွေကတော့ ရှိစမြဲဖြစ်ပါတယ်။ အဲဒီနည်းလမ်းတွေထဲကလူသိများတဲ့ နည်းလမ်းတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။
၁။ ကြက်သွန်ဖြူနဲ့ ဝက်ခြံထွက်ရာနေရာ တစ်ဝိုက်ကို နေ့စဉ်ပွတ်ပေးပါက သက်သာစေနိုင်ပါတယ်။
၂။ သခွားသီး ဒါမှမဟုတ် ခရမ်းချဉ်သီးအဖတ်တွေကို အဖုအပိမ့်ရှိတဲ့နေရာတွေမှာ ၁ နာရီ နီးပါးလောက်ကြာအောင် လိမ်းထားပေးရပါမယ်။
၃။ ရှောက်ရည်နဲ့ သစ်ကြမ်းပိုးခေါက်တို့ကို ရေသွေးပြီး အဖုအပိမ့်တွေကို လိမ်းပေးထားနိုင်ပါတယ်။
၄။ ဝမ်းမှန်စေဖို့အတွက်လည်း ရှောက်ဖျော်ရည်၊ ဒါမှမဟုတ် ဂရိတ်ဖရုဖျော်ရည်တွေကိုသောက်သုံးပေးနိုင်ပါတယ်။
၅။ သင်္ဘောသီးအဖတ်ကို ဝက်ခြံနေရာတွေမှာ လိမ်းပေးထားရင်လည်း ပျောက်ကင်းစေနိုင်ပါတယ်။
၆။ ဒါ့အပြင် ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်မှုန့်ကေိုဖျော်ပြီး လိမ်းပေးလို့လည်းရပါတယ်။
၇။ သံပရာရည်နဲ့ နှင်းရည်တို့ကို ဆတူရောနှောပြီးလည်း အသုံးပြုနိုင်ပါတယ်။
၈။ အဲဒီနောက် tea tree oil နဲ့ ဝက်ခြံပေါ် လိမ်းပေးရင်လည်း ပျောက်ကင်းနိုင်ပါတယ်။
Healthcare.com.mm
Ref:
အဥ္ဇလီစော
Health for all magazine, November 2013, Pg.57
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
