မှိုစွဲခြင်းများ
25-Feb-2017
မှိုစွဲခြင်းများ
Candida albicans သည် ဆီးချိုသွေးချို ရောဂါသည်များတွင် အဖြစ်များသော မှိုတစ်မျိုးဖြစ်ပါသည်။ ဆီးချိုသွေးချို ရောဂါသည် အမျိုးသမီးများတွင် မိန်းမကိုယ်အတွင်း ဤမှိုစွဲမှု အဖြစ်များပါသည်။ Candida albicans မှိုစွဲမှုသည် လက်ချောင်းများအကြား၊ ခြေချောင်းများအကြား၊ ပါးစပ်ထောင့်များနှင့် လက်သည်းခြေသည်းများတွင်လည်း အဖြစ်များပါသည်။ ယားယံပြီး နီရဲနေသော အရေပြား အခြေအနေတစ်ခုအဖြစ် တွေ့ရလေ့ရှ်ိပါသည်။ စိုစွတ်၍ ပူနွေးသော အရေပြားခေါက်များအကြားတွင် ဖြစ်ပွားလေ့ရှိပါသည်။ ဆီးချိုသွေးချိုရောဂါသည်များတွင် ပွေးလည်း အဖြစ်များပါသည်။ ကုသရာတွင် မှိုသတ်ဆေးများ လိမ်းရန် (သို့) သောက်ရန် လိုအပ်ပါသည်။
Healthcare.com.mm
Ref:
ဒေါက်တာခိုင်ခိုင်ဇော်
အရေပြားအထူးကုဆရာဝန်ကြီး
အရေပြားရောဂါများအကြောင်း တစေ့တစောင်း စာအုပ်မှကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

