တင်းတိပ်
25-Feb-2017
တင်းတိပ်
ကလေးကို ကိုယ်ဝန်ဆောင်တဲ့အချိန်ကစပြီး မျက်နှာမှာ တင်းတိပ်အညိုကွက်တွေ ပေါ်နေပါတယ်။ မလှလို့ စိတ်ညစ်ရပါတယ်။ မပျောက်တော့ဘူးလား၊ ဘယ်လို လုပ်ပေးရမလဲ။ မျက်နှာမှာ အညိုကွက်၊ အမည်းကွက်တွေ ထွက်တာကို တင်းတိပ်
လို့ပဲခေါ်ပါတယ်။ မိန်းမတွေက အများဆုံးဖြစ်တာပါ။ ယောကျ်ားတွေလည်း ဖြစ်နိုင်ပေမဲ့ ရှားပါတယ်။ ပါး၊ နဖူး၊ နှားခေါင်းနှင့် မျက်လုံး တစ်ဝိုက်မှာ အများဆုံးဖြစ်ပါသည်။ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် စဖြစ်ကြတာများပါတယ်။ ဟော်မုန်းကြောင့် မယ်လနင်ရောင်ခြယ်ဓာတ်တွေ များများစုပြီး အညိုကွက်ဖြစ်လာတာပါ။
ဟော်မုန်းပြောင်းလဲမှုလို့ဆိုတဲ့အတွက် သန္ဓေတားဆေးသောက်ရင်လည်း ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ တင်းတိပ်က သူ့ဘာသာသူ ပြန်ပျောက်သွားတတ်ပြီး ဆေးကြောင့်ဖြစ်တဲ့ တင်းတိပ်က အချိန်ပိုကြာတတ်ပါတယ်။ နေရောင်ခြည်က
ခရမ်းလွန်ရောင်ခြည်ဟာ တင်းတိပ်ကို ပိုဆိုးပိုကြာစေတတ်တာမို့ နေရောင်ခြည် ရှောင်ဖို့အရေးကြီးပါတယ်။ ဦးထုပ် ဆောင်းတာ၊ နေကာမျက်မှန်တပ်တာတွေအပြင် နေကာလိမ်းဆေး မှန်မှန် လိမ်းပေးရပါမယ်။ နေကာလိမ်းဆေးဟာ ခရမ်းလွန်ရောင်ခြည်
“အေ” ရော “ဘီ” ပါကာကွယ်တဲ့ အမျိုးအစားဖြစ်ရမယ့်အပြင် နေကာနံပါတ်-၃၀ အနည်းဆုံး ရှိသင့်ပါတယ်။ ရှိပြီးသား အညိုကွက်တွေကိုတော့ လိမ်းဆေး၊ သောက်ဆေး၊ လေဆာကုသနည်းတွေနဲ့ ကုသနိုင်ပါတယ်။
Healthcare.com.mm
Ref:
ဒေါက်တာစိုးဝင်းဦး
(အရေပြားအထူးကုဆရာဝန်ကြီး)
Ziwaka magazine, July 2014, Pg. 69-70
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
