သတိမထားမိဘဲ ပြုလုပ်မိနေသော အသားအရေ ပျက်စီးစေသည့် အမူအကျင့်များ
25-Feb-2017
သတိမထားမိဘဲ ပြုလုပ်မိနေသော အသားအရေ ပျက်စီးစေသည့် အမူအကျင့်များ
အသားအရေလှပမှုကို ပျက်စီးစေတဲ့ အကြောင်းတွေများစွာရှိပါတယ်။ သတိမပြုမိပါဘဲ အသားအရေပျက်စီးစေတဲ့ အမူအကျင့်တွေ လုပ်ဆောင်နေမိ တတ်ပါ တယ်။ အောက်ပါအမူအကျင့်တွေကို ရှောင်ရှားနိုင်ပါက လှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
(၁) မျက်မှန်မတပ်ခြင်း
မျက်စိအမြင်ဝေဝါးလို့ မျက်မှန်တပ်ဖို့ လိုအပ်ပါက မျက်စိဆရာဝန်နှင့်ပြသပြီး မျက်မှန်တပ်ဖို့ လိုပါတယ်။ မျက်မှန်မတပ်ဘဲနေပါက မျက်မှောင်ကျုံ့ကြည့်တာကြောင့် မျက်ဝန်းတစ်ဝိုက်နဲ့ နဖူးမှာ အရေးကြောင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
(၂) အမွေးရိတ်ခရင်မ် မကြာခဏ အသုံးပြုခြင်း
အမွေးရိတ်ခရင်မ် အသုံးပြုပြီး မကြာခဏ အမွေးရိတ်တာကြောင့် သင့်အရေပြား ကို ထိခိုက်စေပါတယ်။ အနည်းဆုံးသုံးပတ်မှ တစ်ကြိမ်လောက်သာ အသုံးပြုသင့်ပါတယ်။
(၃) ဖုန်းပြောခြင်း
ဖုန်းပြောတာကြောင့် အရေပြားထိခိုက်မှုရှိတယ်ဆိုလို့ အ့ံသြနေပါသလား။ လက်ကိုင်ဖုန်းမှာ ပိုးမွှားတွေများစွာ ကပ်ငြိနေတာကြောင့် ဖုန်းနဲ့ထိတွေ့တဲ့
မေးရိုးတစ်လျှောက်မှာ ဝက်ခြံဖြစ်စေပါတယ်။
(၄) တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်ရခြင်း
တစ်ဆင့်ခံ ဆေးလိပ်ငွေ့က ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် အရေပြားကို
လျော့ရဲတွဲကျစေပါတယ်။ ကိုယ်တိုင်ဆေးလိပ်မသောက်ပေမယ့် ဘေးပတ်ဝန်းကျင်က
ဆေးလိပ်ငွေ့တွေကို တစ်ဆင့်ခံ ရှူရှိုက်ရတာကြောင့် လက်ရှိအသက်ထက် ပိုရင့်စေ ပါတယ်။
(၅) လေအေးပေးစက်အခန်းတွင်း နေထိုင်ခြင်း
အခန်းတွင်းမှာ လေအေးပေးစက်ကို အချိန်ပြည့်ဖွင့်ထားပြီး နေထိုင်တာကြောင့် အခန်းတွင်း စိုထိုင်းမှု လျော့နည်းစေတဲ့အပြင် အရေပြားရဲ့အစိုဓာတ်ကိုလည်း ဆုံးရှုံးစေ ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်လင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.279, October 2015, Pg. 77-78
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
