စတီးရွိုက်လိမ်းဆေးများနှင့် အန္တရာယ်
25-Feb-2017
စတီးရွိုက်လိမ်းဆေးများနှင့် အန္တရာယ်
စတီးရွိုက်လိမ်းဆေးဆိုတာ အရေပြားရောင်ရမ်းမှုကို လျော့နည်းကျဆင်းစေတဲ့ လိမ်းဆေးပါ။ Anti Inflammatory Effect ဆိုတဲ့ ရောင်ရမ်းမှုကို သက်သာစေတဲ့ အစွမ်းရှိပါတယ်။ Inflammatory Dermatoses လို့ခေါ်တဲ့ နှင်းခူအပါအဝင် အရေပြားရောင်ရမ်းမှုအမျိုးမျိုးမှာ သုံးပါတယ်။
နှင်းခူလိုအရေပြားရောဂါမျိုးတွေမှာ သုံးရမယ့်ကိစ္စကို ပွေးယားနာမှာ မှားသုံးမိခြင်း
ပွေးဆိုတာ အရေပြားမှိုကြောင့် ဖြစ်တာမို့ အဓိကကုရမယ့် ဆေးကမှိုသတ်တဲ့ မှိုသတ် လိမ်းဆေးဖြစ်ရမှာပါ။ တကယ်လို့ စတီးရွိုက်လိမ်းဆေး တစ်မျိုးတည်းကို လိမ်းပေးလိုက် ရင် ပွေးဟာ နီရဲနေတာတွေ လျော့သွားမယ်။ အယားလည်း သက်သာ သွားမယ်။ ဒါက ယာယီပါ။ ပျောက်တာမဟုတ်ဘူး။ ကြာတော့ အပေါ်ယံအရေပြား မှိုစွဲတာဟာ မွေးညင်းနု တစ်လျှောက် အရေပြားထဲမှာ ပြန့်သွားရက တစ်ဆင့် ပြည်တွေအောင်းပြီး မွေးကျွတ်နာ ပုံသဏ္ဍာန်ပြောင်းသွားပါတယ်။ အဲဒါကို ဆေးပညာအရ Tinea Incognito လို့ ခေါ်ပါ တယ်။ အဲဒီအခါမှာ ဆရာဝန်သွားပြရင် ဆရာဝန်ကလည်း မှိုကြောင့်ဖြစ်တယ်လို့ ဘယ်ထင်တော့မလဲ။ ပွေးနဲ့မှ မတူတော့တာ။ ဒီတော့ ဆရာဝန်အနေနဲ့လည်း ကုရခက်သွားတော့တာပါ။
တင်းတိပ်ကို စတီးရွိုက်လိမ်းဆေးတွေနဲ့ ကိုယ့်ဘာသာကိုယ် မှားကုကြခြင်း၏ နောက်ဆက် တွဲဆိုးကျိုး
လိမ်းခါစမှာ ချက်ချင်းလက်ငင်း အရေပြားမှာ ဘာပြဿနာ သိပ်ကြီးကြီးကျယ်ကျယ် မရှိတော့ အဟုတ်ထင်ပြီး လိမ်းနေကြတာပါ။ ရေရှည်ကျတော့ အလွန်တန်ဖိုးရှိလှတဲ့ မျက်နှာရဲ့ အရေပြားပျက်စီးသွားတာပေါ့။ Hypopigmentation လို့ခေါ်တဲ့ အရေပြား အရောင်ပျော့သွားခြင်းဟာ စတီးရွိုက်လိမ်းဆေးတွေရဲ့ ဆိုးကျိုးတစ်ခုပါ။ ဆေးလိမ်းထား တဲ့နေရာမှာ သိသိသာသာအရောင်ဖျော့ သွားပါတယ်။ အဲဒီလို ပုံမှန်အရေပြားဟာ အရောင်ဖြူဖျော့ဖျော့ ဖြစ်သွားတာကို တင်းတိပ်သက်သာတယ်လို့ အထင်ရောက်ပြီး မှားလိမ်းကြတာ ဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် အဲဒီလိမ်းဆေး ဖြတ်လိုက်တဲ့အခါမှာ အရင်အတိုင်း ပြန်ဖြစ်သွားတာကိုလည်း သတိထားမိကြမှာပါ။
တခြားပျက်စီးမှုများ
ဆေးလိမ်းတဲ့နေရာက အရေပြားပါးသွားတာလည်း ဖြစ်တတ်ပါတယ်။ Thinning of the Skin ပေါ့။ တချို့ကလည်း အထရိုဖီ Atrophy လို့ခေါ်ပါတယ်။ ဘယ်လောက်
တောင် အရေပြားပါးသွားသလဲဆိုရင် တချို့ လူနာတွေမှာ သွေးကြောသေးသေးလေးတွေ ကို သာမန်မျက်စိနှင့် မြင်ရလောက်ကို ပါးလျှပ်သွားပါတယ်။
တစ်ခါတလေကျတော့ အရေပြားမှာရှိတဲ့ သွေးကြောလေးတွေ ထုံးသွားပြီး အသားအရေ နီပွပွဖြစ်တာမျိုးလည်း ရှိတတ်ပါတယ်။ Telangiectasia လို့ဆေးပညာ အရ ခေါ်ပါတယ်။ အရေပြား ပါးသွားတော့ အရေပြားအောက်လွှာ Dermis မှာရှိတဲ့ Connective Tissue လို့ခေါ်တဲ့ တစ်သျှူးတွေလည်း အားနည်းသွားပါတယ်။ ဒီတော့ အရေပြားထဲက သွေးကြောတွေလည်း နည်းနည်းပါးပါး ထိခိုက်ရုံနှင့် ပေါက်ပြဲသွားပါတယ်။ ဒါကြောင့် ပါပြူရာ purpura လို့ခေါ်တဲ့ သွေးကြောကွက်တွေအဖြစ် မကြာခဏတွေ့နေ ရတာပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာဦးကျော်ကျော်
(အရေပြားအထူးကု)
Health for all magazine, No.105, October 2015, Pg. 34-35
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
