အစားနှင့်အယား
25-Feb-2017
အစားနှင့်အယား
တကယ်တော့ အစားအစာထဲက ပရိုတိန်းဓာတ်နဲ့ ခန္ဓာကိုယ်က ဓာတ်မတည့် ဘူးဆိုရင် ဘယ်လိုပဲပတ်သတ်မှုမျိုးမဆို ဒုက္ခပေးတတ်တာပါ။ စားလို့ယားတာ၊ ကိုင်တွယ်မိလို့ယားတာ စသဖြင့်ပေါ့။ များသောအားဖြင့် မတည့်တာစားမိရင် ချက်ချင်းလိုလိုယားတာ၊ အဖုအပြင်ထွက်တာ ကြုံနိုင်ပါတယ်။ တချို့ဆို နာရည်ယိုတာ၊ ပါးစပ်နဲ့နှုတ်ခမ်းတွေ ရုတ်တရက် ရောင်လာတာ၊ ထူထူကြီးဖြစ်လာတာ တွေ့ကြုံ ရတတ်ပါတယ်။
တချို့ကျတော့လည်း စားသောက်ပြီး သုံး၊ လေးရက်လောက်နေမှ ယားတာ၊ အဖုအပြင်ထွက်တာမျိုး ရှိပါတယ်။ တချို့အစားအစာကျတော့ သူတို့ကိုင်တွယ်ပြီး ရင် နေရောင်နဲ့ထိတွေ့လိုက်တဲ့အခါမှ ယားတာ ၊ ရောင်တာဖြစ်ပွားတာပါ။ ပြောရရင် မတည့်တဲ့အစားအစာရယ်၊ အရေပြားရယ်၊ နေရောင်ခြည်ရယ်၊ သုံးခုဆုံမှ ပြဿနာပေးတာပါ။ ဥပမာ-ရှောက်သီး၊ သံပရာသီးတွေ ဒါမှမဟုတ် အဲဒီအရွက်တွေကို ကိုင်တွဲမိတဲ့အခါ၊ ထိတွေ့မိတဲ့နေရာတွေမှာ နေပူမိရင် အယားဖုတွေ ပေါက်လာတာ၊ အညိုအမည်းစွဲကျန် တာတွေ ဖြစ်တတ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)
Ziwaka magazine, December 2015, Pg. 57
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
