ခြေဝဲစား ရောဂါ
25-Feb-2017
ခြေဝဲစား ရောဂါ
ခြေအိတ်နဲ့ ဖိနပ် စွဲမြဲစွာ ဝတ်ရတဲ့ အားကစား သမားများမှာ အဖြစ်များလို့ အားကစား သမား ခြေထောက် အနာ (Athlete’s Foot)လို့ တင်စား ခေါ်ဝေါ်ပါတယ်။ ခြေထောက်
ချွေးနှင့် ခြေဆီအထွက်များပြီး လှောင်ပိတ်တဲ့ ဖိနပ် ဝတ်ဆင်သူ၊ လက်နဲ့ခြေထောက် သန့်ရှင်းရေး ဂရု မစိုက်သူ၊ ရွှံ့ရေကြားထဲ သွားသူ၊ သမံတလင်း ဖိနပ်မပါဘဲ နေသူများ၊ အများသုံး ရေကူးကန် အမြဲကူးသူ စသူတွေမှာ တွေ့ရတတ်ပါတယ်။ များသောအားဖြင့် မှိုနောက်က ဘက်တီးရီးယားပါ လိုက်လာပြီး ဝေဒနာတွေကို ပိုဆိုးစေပါတယ်။
ကုသမှုခံယူခြင်း
အရေပြား မှိုစွဲနာကို တော်ရုံတန်ရုံနဲ့ ဆရာဝန် သွားပြလေ့ မရှိပါဘူး။ ဆေးဆိုင် မှာပဲ ဆေးမေး၊ ဝယ်လိမ်း တတ်ကြပါတယ်။ လိမ်းဆေးတွေထဲမှာ မှိုစွဲခြင်း အတွက် သီးသန့်ထုတ်ထားတဲ့ ဆေးတွေ ရှိပေမဲ့ ဆရာဝန် မဟုတ်ရင် မှိုရောဂါလား၊ ဘက်တီးရီးယား ရောဂါလား သာမန်လူ အနေနဲ့ ကြည့်ရုံနဲ့ ခွဲခြား မရတာရယ်၊ မှိုရောဂါရှိလို့ ကုတ်ရင်း၊ ဖဲ့ရင်း ဘက်တီးရီးယား ပါဝင်လာတတ်တာများလို့ရယ် ဆိုတဲ့ အချက်တွေကြောင့် မှိုသတ်ဆေးနဲ့ ဘက်တီးရီးယား သတ်ဆေး ပေါင်းထားတဲ့ (ဥပမာ - Ketoconazole+ Neomycin) ပါသော ဆေးများကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။ စျေးကွက်ထဲမှာ တံဆိပ်မျိုးစုံ ရနိုင်ပါတယ်။ အချို့ဆေးတွေဆို ယားယံရောင်ရမ်းခြင်း သက်သာစေဖို့ စတီးရွိုက် နည်းနည်းတောင် ပါလေ့ရှိလို့ အဆင်ပြေစေပါတယ်။ ယားယံခြင်းများ ဆိုးရင် Fexofenadine, Loratidine စတဲ့ ဆေးများသောက်ပါ။ ဒီဆေးတွေ သောက်ရင် ငိုက်မျဉ်း၊ အိပ်ချင်စိတ် အနည်းငယ် ပေါ်တတ်တာ သတိထားပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဆက်ပိုင်လင်းခန့် (ဆေး -၂)
Ziwaka magazine, November 2015, Pg. 76-77
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
