အိပ်စက်ပုံနဲ့ အရေးအကြောင်း
27-Feb-2017
တစ်နေ့ကို ၈နာရီ လောက်အိပ်ချိန်ရှိမယ်ဆိုရင် အသားအရေလှပဖို့အတွက် အထောက်အကူဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုအနေအထားနဲ့ အိပ်စက်တယ် ဆိုတာအပေါ်မှာတော့ မူတည်နေပါသေးတယ်။ ဘေးတို်က် ( ဘေးစောင်း ) အိပ်မယ်၊ မှောက်လျှက်သား အိပ်မယ်ဆိုရင် မျက်နှာပြင်နဲ့ ခေါင်းအုံးထိတွေ့နေပြီး အဲဒါက အရေးအကြောင်း ဖြစ်လွယ်နိုင်ပါတယ်။ ခေါင်းအုံးနဲ့ မျက်နှာပြင်ထိတွေ့မှုနည်းအောင် အိပ်စက်တာကအရေး အကြောင်းဖြစ်ဖို့ အခွင့်အလမ်း နည်းတယ်လို့ ဟားဗတ်တက္ကသိုလ်၊ အရေပြားဌာနက ဆရာဝန်တွေရဲ့ အဆိုအရ သိရှိရပြန်ပါတယ်။ မျက်နှာပြင်နဲ့ ခေါင်းအုံးထိတွေ့ပြီး အိပ်တာကြောင့် နဖူးပြင်နဲ့ ပါးပြင်နဲ့ မေးစေ့နေရာတွေမှာရှိတဲ့ ကြွက်သားတွေဟာ အဖိခံထားရသလို ဖြစ်နေပါတယ်။ အဲဒါကနေ အရေးအကြောင်းဖြစ်ဖို့ ဖြစ်လာတာပါပဲ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : အဥ္ဇလီစော
Health for ALL magazine – No.107, December 2015
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
