ပွေး၊ ဝဲ၊ ညှင်း
27-Feb-2017
၁။ ပွေး
ပွေးဟာ မှိုရောဂါပိုးကြောင့်ဖြစ်တာပါ။ အရေပြားရဲ့အပေါ်ဆုံးအလွှာမှာ ဘေးပတ်ပတ်လည် အနီရောင််နဲ့ အလယ်မှာပုံမှန်အသားရောင် အကွက်တွေဖြစ်တာပါ။ တခါတလေ ယားတတ်တယ်။ ပွေးကို သူဖြစ်တဲ့နေရာပေါ်မူတည်ပြီးတော့ နာမည်အမျိုးမျိုးခေါ်တယ်။ ဥပမာ - ခြေထောက်မှာဆို tinea pedis၊ ဦးရေပြားမှာဆို tinea capitis စသည်ဖြင့် ခေါ်တယ်။ပွေးဟာ ကူးစက်တတ်တယ်။ လူမှ လူကို၊ တိရစ္ဆာန်ကနေ လူကို၊ အရာဝတ္ထုကနေ လူကို ကူးနိုင်တယ်။ အကယ်၍ သင်ဟာ ပွေးရှိတဲ့လူနဲ့ အနီးကပ်တူတူနေမယ်၊ တကိုယ်ရည်သုံးပစ္စည်းတွေကို မျှဝေသုံးမယ်၊ ပူနွေးစိုစွတ်တဲ့နေရာမှာ နေမယ်ဆိုရင်တော့ ပွေးဖြစ်နိုင်ချေများပါတယ်။ သာမန်အဆင့်ဆိုလျှင် မှိုပိုးသတ်ဆေး လိမ်းရုံဖြင့်ပျောက်နိုင်တယ်။ စိတ်ရှည်ဖို့တော့ လိုတယ်။ တကိုယ်လုံးဖြစ်နေလျှင်တော့ သောက်ဆေးပါ သောက်ဖို့လိုတယ်။ သောက်ဆေးကိုတော့ ဆရာဝန်ရဲ့ညွှန်ကြားချက်အရ သောက်ရပါမယ်။
၂။ ဝဲ
Sarcoptes scabiei ဆိုတဲ့ ကမျဉ်းနီအကောင်ကြောင့် ဖြစ်တာပါ။ သိတဲ့အတိုင်းပဲ ဝဲဟာအလွန်ယားပါတယ်။ အထူးသဖြင့် ညဘက်တွေမှာပါ။ အလွန်ယားသလို အလွန်လဲကူးစက်မြန်တယ်။ ဝက်ခြံလို အရည်ကြည်အဖုလေးတွေဟာ လက်ကြား၊ ဂျိုင်းကြား၊ပေါင်ကြား၊ ခြေကြားစတဲ့ ကြားတွေမှာ အဖြစ်များတယ်။ နောက်ပိုင်း တကိုယ်လုံးဖြစ်လာတယ်။ ကူးစက်တာကတော့ ရောဂါရှိတဲ့လူနဲ့ အနီးကပ်ထိတွေ့မှုကပါ။ လုံးဝပျာက်ကင်းအောင် လုပ်လို့ရတဲ့ လိမ်းဆေး၊ သောက်ဆေးတွေရှိတယ်။
လိမ်းဆေးအနေနဲ့ Permethrin cream ၊ Benzyl Benzoate lotion ၊ Lindane lotion ၊ Crotamition lotion သို့ cream တွေလိမ်းလို့ရတယ်။ သောက်ဆေးအနေနဲ့ Ivermectin ကို သောက်နိုင်တယ်။ အယားသက်သာစေတဲ့ဆေးနဲ့လည်း တွဲသောက်ဖို့လိုအပ်တယ်။
၃။ ညှင်း
မှိုရောဂါပိုးကြောင့် ဖြစ်တာပါ။ အရေပြားမှာ ဖြူဖြူအကွက်လေးတွေဖြစ်ပြီး တခါတရံယားတတ်တယ်။ အရေခွံကွာသလိုမျိုးလည်း ဖြစ်တတ်တယ်။ ချွေးထွက်များတဲ့နေရာတွေမှာ ဖြစ်တယ်။ ကျော၊ လည်ဂုတ်၊ လည်ပင်း၊ လက်မောင်းစတဲ့နေရာတွေမှာ အဖြစ်များတယ်။ဦးရေပြားမှာလည်း ဖြစ်တယ်။ မှိုပိုးသတ်ဆေးကို လိမ်းပြီးပျောက်အောင်ကုလို့ရတယ်။ ဦးရေပြားအတွက် မှိုပိုးသတ်ဆေးပါတဲ့ ခေါင်းလျှော်ရည်တွေရှိတယ်။ ဒါပေမဲ့ ချွေးထွက်ပြီး စိုစွတ်နေရင်တော့ ပြန်ဖြစ်နိုင်တယ်။ ဒါကြောင့် တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ရမယ်။
အရေပြားပြဿနာတွေဟာ အဓိကတော့ တကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း၊ ရောဂါရှိတဲ့လူ၊ တိရစ္ဆာန်နဲ့ အနီးကပ်တူတူနေခြင်းတို့ကြောင့်ဖြစ်တာပါ။ ဒါကြောင့် တကိုယ်ရည် သန့်ရှင်းမှုကို အထူးဂရုစိုက်ရပါမယ်။ မိမိရဲ့ အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ အတွင်းခံတွေကို မျှဝေသုံးစွဲတာ ရှောင်ရပါမယ်။ တိရစ္ဆာန်တွေမှာ ရောဂါဖြစ်လျှင်လည်း အချိန်မီကုပေးပြီး ဒီလိုမျိုးအရေပြားပြဿနာတွေကို ကာကွယ်နိုင်ပါတယ်။ မိမိဘာသာကုသတာထက် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ကုသတာက ရောဂါကို မြန်မြန်သက်သာပျောက်ကင်းစေပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
Dr.Jink
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
