Print

အရေပြားဘာကြောင့် ကြမ်းတမ်းခြောက်သွေ့တာလဲ

  05-May-2017
Preview Image


အရေပြားကြမ်းတမ်းရခြင်းရဲ့ အကြောင်းရင်း တစ်ချက်ကတော့ အစိုဓာတ်လုံလောက်အောင် မရလို့ပါပဲ။ နေနဲ့လေဒဏ်၊ ရာသီဥတုဒဏ်နှင့် အစာအာဟာရတွေ အသုံးပြုတဲ့ ဆပ်ပြာအမျိုးအစားတွေ ကြောင့်လဲ အရေပြား ခြောက်သွေ့ကြမ်းတမ်းတတ်ပါတယ်။ ဒီလို ကြမ်းတမ်းတဲ့ အရေပြားမှာဆိုရင် အသားပေါ်ယံအလွှာလေးတွေ ကွာပြီးနေတာ၊ မျက်နှာသစ်ပြီး (ရေချိုးပြီး) အရေပြားတင်းနေတာ စတာမျိုးတွေ ဖြစ်တတ်ပါတယ်။  ဒါ့အပြင် အရေပြားနီမြန်းပြီး ယားယံတာကိုလည်း အရေပြားကြမ်းတမ်းတဲ့လူတွေ ခံစားရတတ်ပါတယ်။ ေ


နာက်ထပ်ကတော့ အခြားအရေပြား အမျိုးအစားတွေထက်စာရင် ကြမ်းတမ်းတဲ့ အရေပြားရှိသူတွေဟာ အသက်ထက်ပိုပြီး အစိုဓာတ်ပါသေးတယ်။ အရေးအကြောင်းတွေလည်း ပိုမို ဖြစ်လွယ်တတ်ပါသေးတယ်။ ဒီလို အရေပြားရှိသူတွေဟာ ရေချိုးမယ်ဆိုရင် ရေနွေးနွေးနဲ့ ခပ်မြန်မြန်ချိုးပေးရမှာပါ။ သတိပြုရမှာက အရမ်းပူလွန်းတဲ့ ရေမျိုးမဖြစ်စေဖို့ပါပဲ။ ဆပ်ပြာဆိုရင်လည်း အပျော့စားအမျိုးအစားတွေကိုသာ သုံးရပါလိမ့်မယ်။ ရေချိုးပြီလို့ ရေစင်အောင် သုတ်တဲ့အခါမှာလည်း တဘက်နဲ့ အသာဖွဖွတို့ပြီးသာ သုတ်ပေးရပါမယ်။ ပွတ်တိုက်ပြီး သုတ်တာမျိုးကိုတော့ အထူးရှောင်ကြဉ်ရပါလိမ့်မည်။


 ဒါ့အပြင် ကြမ်းတမ်းတဲ့ အရေပြားပိုင်ရှင်တွေ မမေ့ဖို့အတွက် နောက်ထပ်တစ်ချက် ရှိပါသေးတယ်။ အဲဒါကတော့ နေရောင်ခြည်ကာ လိမ်းဆေး (Sunblock) ပါ။ ဒါကိုတော့ မဖြစ်မနေ အသုံးပြုရပါလိမ့်မယ်။ ရှားစောင်းလက်ပပ် အနှစ်ကိုမျက်နှာပေါ် လိမ်းပေးခြင်းကလည်း အရေပြားကြမ်းတမ်းတာကို သက်သာစေနိုင်ပါ လိမ့်မယ်။ နို့ပါတဲ့ ရေနဲ့ရေချိုးပေးတာမျိုးကလည်း အရေပြားကြမ်းတမ်းပြီး ယားယံနေတာကို လျော့ပါးစေနိုင်ပါ လိမ့်မယ်။ ဒီလို ကြမ်းတမ်းသူတွေဟာ ကြက်ဥ၊ ပျားရည်၊ သံလွင်ဆီတို့ကိုရောပြီး မျက်နှာပြင်ကို မျက်နှာဖုံးစွပ် ဆေးအဖြစ် ၁၅ မိနစ်လောက် လိမ်းထားပေးခြင်းတာမျိုးလည်း ပြုလုပ်ပေးနိုင်ပါသေးတယ်။ ဒါ့အပြင် ထောပတ်သီး ဒါမှမဟုတ် ငှက်ပျောဦးအနှစ်တွေနဲ့ မျက်နှာပြင်ပေါ် လိမ်းပေးထားလို့ ရပါသေးတယ်။


Credit:

ဧကရီ

Health For all Magazine  



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18