ဝက်ခြံရောဂါဖြစ်ပွားလာပုံအဆင့်ဆင့်
08-May-2017
ဝက်ခြံဖြစ်ပွားရာတွင် အဓိက အဆင့်လေးဆင့် ပါဝင်ပါတယ်။
၁။ ပထမအဆင့်အနေဖြင့် အဆီအိတ်ဂလင်း၏ အဆီထုတ်ပေးသော ပြွန်ငယ် ပိတ်သွား ရာမှ အစပြုပါသည်။ အဆီအိတ်ပြွန်ပိတ်ရခြင်းမှာ ပြွန်နံရံပေါ်ရှိ ဆဲလ်များ ပျက်စီးကြွေကျေ သာကြောင့်ဖြစ်ပြီး ဗီတာမင်အေ ချို့တဲ့ခြင်းသည် အဓိကအကြောင်းတရားဖြစ်ပါသည်။
၂။ ဒုတိယအနေဖြင့် အဆီအိတ်အတွင်း အဆီဓာတ်များ ပိုမိုထုတ်လုပ်မှုကြောင့် ဖြစ်ပါ သည်။ အဆီပြွန်ပွင့်နေလျှင် ပြဿနာမဟုတ်သော်လည်း အဆီပြွန်ပိတ်နေလျှင် အဆီအိတ် များ တင်းပြီး ဖောင်းလာပါတော့သည်။ အဆိုပါအဆီများ အများအပြားထွက်လာကြရန် အဓိကလှုံ့ဆော်ပေးသောအရာမှာ အမျိုးသားဟော်မုန်းဓာတ်ဖြစ်သည့် အင်ဒရိုဂျင် (Androgen) ဖြစ်ပါသည်။
၃။ တတိယအဆင့်အနေနဲ့ အဆမတန်များပြားလာသော အဆီများသည် အရေပြား၏ အပေါ်မျက်နှာပြင်ပေါ်သို့ အဆီပြွန်မှတစ်ဆင့် အတင်းတိုးထွက်လာပါသည်။ ထိုအခါ လေနှင့်ထိတွေ့ကာ ဓာတ်တိုးခြင်း (Oxidation) ဖြစ်ပြီး မည်းသွားပါသည်။ ဝက်ခြံ၏ထိပ်၌ မည်းနေသောအဆဲ အဖြစ်တွေ့ရပါသည်။ အကယ်၍ အဆီထွက်ရန် အပေါက်သည် လုံးဝပိတ်နေလျှင် လေနှင့်ထိတွေ့ခွင့် မရသည့်အတွက် အမည်းစက် ကိုလည်း တွေ့မြင်ရမည် မဟုတ်ပါ။ ထိုအခါ ဝတ်ဆံဖြူ (Closed comedone or whitehead ) ဟု ခေါ်ပါသည်။
၄။ နောက်ဆုံးနှင်အရေးကြီးဆုံးမှာ ဝက်ခြံရောဂါပိုးများ ပွားများလာခြင်း ဖြစ်ပါသည်။ အဆိုပါပိုးများ ဘက်တီးရီးယားများဖြစ်ပြီး Propionibacterium acen ဟုခေါ်ပါသည်။ ယင်းဘက်တီးရီးယားများသည် လေမဲ့အခြေအနေ (Anaerobic condition) ၌သာ ပေါက်ပွားနိုင်ကြပါသည်။
ထို့ကြောင့် အဆီပြွန်ပုံမှန်ပွင့်နေလျှင် ပြင်ပလေနှင့် ထိတွေ့မှုကြောင့် ပေါက်သွားနိုင်ခြင်း မရှိဘဲ ပြွန်ပိတ်နေသော ဝက်ခြံများ၏ အတွင်း၌သာ ပေါက်ဖွားကြပါသည်။ အဆိုပါ ဘက်တီးရီးယားမှ ထုတ်လိုက်သော အဆိပ်များသည် ပတ်ဝန်းကျင်ရှိ ဆဲလ်များကို ထိခိုက်ပျက်စီး ရောင်ရမ်းခြင်းကို ဖြစ်စေပါသည်။ ထို့ကြောင့် ဝက်ခြံမှာ ရောင်ပြီး တင်းလာရခြင်းဖြစ်ပါသည်။
Credit:
ဒေါက်တာခင်မောင်လွင်
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
