မျက်ဝန်းတစ်ဝိုက်မှ ဇရာပြောင်းလဲမှုကို ကာကွယ်ရန်
15-May-2017
အသက်ကြီးလာတဲ့အခါ မျက်ဝန်းတစ်ဝိုက်က အရေးအကြောင်းတွေ၊ မျက်အိတ်ဖောင်းတာတွေ၊ မျက်ကွင်းညိုတာတွေက ပိုပြီး သိသာထင်ရှားလာပါတယ်။ နုပျိုမှုတွေ အရင်အတိုင်း ဆက်လက်ထိန်းထား ချင်တယ်ချင်တယ်ဆိုရင်တော့ မျက်ဝန်းတစ်ဝိုက်မှာ ဇရာရဲ့ ပြောင်းလဲမှုတွေကို လျစ်လျူရှုထားလို့ မရတော့ပါဘူး။
မျက်ကွင်းမညိုစေရန်
အသက် ၄၀ ကျော်လာတဲ့အခါ မျက်ဝန်းတစ်ဝိုက်က အရေပြားရဲ့တင်းရင်းမှုတွေ လျှော့နည်းပြီး အရေပြားထူထဲလာပါတယ်။ အဲ့ဒီအခါ သွေးစီးဆင်းမှု နှေးလာပြီး မျက်ကွင်းညိုလာပါတယ်။ ကွန်ဆယ်လာ အသုံးပြုပြီး မျက်ကွင်းညိုတာကို ဖျောက်ဖျက်နိုင်ပါတယ်။
အဆင့် (၁) ။ ။ အဝါရောင်သန်းတဲ့ မိတ်ကပ်ကို လိမ်းပေးပါ။
အဆင့် (၂) ။ ။ ကွန်ဆက်လာကို ဘရပ်ရှ်အသေးနဲ့ မျက်လုံးရဲ့ တစ်ဖက်ထောင့်နားကနေ နှာခေါင်းဘက် ထောင့်နားအထိ လိမ်းပေးပါ။ လက်ရှိကြွယ်နဲ့ ကွန်ဆက်လာ လိမ်းထားတဲ့ အပေါ်အနည်းငယ်ဖိပြီး ညှိပေးပါ။
အဆင့် (၃) ။ ။ အဝါရောင်သန်းတဲ့ ပေါင်ဒါမှုန့်ကို တို့လိမ်းပေးပါ။
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
