အဖြစ်များသော ညှင်းရောဂါ
31-Jul-2017
မြန်မာနိုင်ငံတွင် အတော်အတွေ ့ရများသော အရေပြားမှိုရောဂါတစ်မျိုးဖြစ်သည်။ မိမိအသားရောင်နှင့် နှိုင်းယှဉ်လျှင် ဖြူနေသော ဒါမှမဟုတ်အရောင်ပိုရင့်နေတာမျိုးလည်းဖြစ်နိုင်သည်။ အဖြူကွက်များဖြင့် လာတာများသည်။ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းပွားပြီး ဧရိယာကြီးလာကြသည်။ရင်ဘတ်၊ ဝမ်းဗိုက်၊ လည်ပင်းဝန်းကျင်၊ လက်မောင်းတစ်ဝိုက်နှင့် ကျောဘက်တွင် အများဆုံးတွေ ့ရသည်။ နာကျင်တာမျိုးမရှိဘဲ တစ်ခါတစ်ရံ ယားယံတတ်သည်။
ဘာကြောင့်ဖြစ်တာလဲ
ညှင်းရောဂါသည် Malassezia ဟုခေါ်သော မှိုပိုးတစ်မျိုးကြောင့် ဖြစ်ပွားပါသည်။ အရွယ်ရောက်ပြီးလူ ၉၀%ကျော်တွင် စစ်ဆေးကြည့်ပါက အဆိုပါမှိုပိုးရှိနေနိုင်သည်။ သို ့သော် မည်သည့်လက္ခဏာမျှမပြဘဲ ရှိနေခြင်းဖြစ်သည်။အဆိုပါမှိုပိုးပွားများလာပါက ညှင်းကွက်များဖြစ်လာခြင်းဖြစ်သည်။
ဘယ်သူတွေမှာပိုဖြစ်နိုင်လဲ
-ပူနွေးစိုစွတ်သော ဒေသတွင်နေထိုင်သူများ
-ချွေးထွက်များသူများ
-အဆီပြန်တတ်သည့်အသားအရည်ရှိသူများ
-ဆယ်ကျော်သက်အရွယ်များနှင့် အသက်၂ဝကျော်စအရွယ်များ
တစ်ကိုယ်ရည်သန် ့ရှင်းမှုနှင့် မဆက်စပ်ပါ။ တစ်ယောက်မှတစ်ယောက်ကို ထိမိခြင်းမှလည်း မကူးနိုင်ပါ။ညှင်းဖြစ်စေနိုင်တဲ့မှိုပိုးသည်လူတော်တော်များများတွင် ရှိနေပြီးသားဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်။
ကုသမှု
မှိုသတ်ဆေးများကို အသုံးပြုရမည်ဖြစ်သည်။ ခေါင်းလျှော်ရည်၊ လိမ်းဆေး၊ ဆေးလုံးပုံစံများဖြင့် ရနိုင်ပါသည်။ Ketoconazole or Selenium sulphide ပါဝင်သော ခေါင်းလျှော်ရည်ကို ဖြစ်သည့်နေရာတွင် လိမ်းပေးနိုင်သည်။ လိမ်းပြီး ၅-၁ဝမိနစ်ထိထားပါ။ ပြီးလျှင်ရေဆေးချပါ။ ၅-ရရက်ထိ နေ ့တိုင်းလိမ်းပေးရန်လိုသည်။ဖြစ်သည့်ဧရိယာသေးပါက မှိုသတ်ဆေးကို လိမ်းဆေးများလိမ်းနိုင်သည်။တစ်နေ ့ကို ၂-၃ကြိမ်ခန် ့ဖြင့် ရက်သတ္တပတ်တော်တော်ကြာအောင် လိမ်းရနိုင်သည်။ ဖြစ်သည့်ဧရိယာများမယ်၊ အပေါ်မှာပြောခဲ့တယ့် ကုသမှုနဲ ့လည်းမရဘူးဆိုရင် သောက်ဆေးများဖြင့် ကုသရနိုင်သည်။သောက်ဆေးများသည် ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ သောက်သင့်ပါတယ်။
ခရုသင်းနှင့် ကွာခြားချက်
ခရုသင်းသည် အချိုးညီညီပေါ်တတ်သည် (ဆိုလိုသည်မှာ ကိုယ်ခန္ဓာ၏ နှစ်ဘက်လုံးတွင် တစ်ပြိုင်နက်တည်း ပေါ်တတ်သည်)ညှင်းသည် အဖတ်လန်ခြင်းမျိုးအနည်းငယ်ဖြစ်တတ်ပါတယ်။ခရုသင်းတွင် အရေခွံလန်ခြင်းမရှိပါ။ခရုသင်းသည် ပါးစပ်၊ မျက်စိအနီးတစ်ဝိုက်၊ လက်ချောင်းများ၊ လက်ကောက်ဝတ်၊ ချိုင်းနှင့် ပေါင်ခြံတို ့တွင် အဖြစ်များပါတယ်။ ညှင်းသည် ရင်ဘတ်၊ ဝမ်းဗိုက်၊ ကျောနှင့် လက်မောင်းဝန်းကျင်တွင် အဖြစ်များပါတယ်။
Dr.Moon (7887 Healthcare Call Center)
Ref: NHS
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
