Jock Itch ( မှိုစွဲယားနာ)
14-Aug-2017- Jock Itch အမည်ရှိသော မှိုစွဲယားနာသည် ပေါင်ခြံကြားနှင့် တင်ပါးတို့တွင် အဖြစ်များသည်။ ယားယံလေ့ရှိပြီး အနီးအဝိုင်းကလေးများအဖြစ် တွေ့ရများသည်။
- Jockitch ကိုဖြစ်စေသောမှိုသည် Althlete’s Foot ဟုခေါ်သော ခြေချောင်းကြားမှိုစွဲယားနာကိုလည်းဖြစ်စေသည်။
- သို့သော် Althlete’s Foot မှာ ခြေချောင်းများကြားတွင် ဖြစ်တတ်ပြီး အားကစားသမားများတွင်းတွေ့ရတတ်သည်။
ဖြစ်စေနိုင်သော အကြောင်းများ
- လူလတ်ပိုင်းအမျိုးသားများ
- အတွင်းခံကြပ်ကြပ်ဝတ်ဆင်တတ်သူများ
- ‘ဝ’ သူများ
- ချွေးထွက်များသူများ
- ကိုယ်ခံအားကျဆင်းနေသောသူများ
- ဆီးချိုသွေးချိုရောဂါရှိသူများ
ကုသမှုအပိုင်း
- ဆေးဆိုင်များတွင် ဝယ်၍ရနိုင်သော Clotrimazole , Micronazole , Terbinafine အစရှိသည့် မှိုသတ်ဆေးများကို တစ်ပတ်မှ နှစ်ပတ်အထိလိမ်းရမည်။
- ခြေချောင်းကြားမှိုစွဲရောဂါရှိသူများမှာလညး် ယင်းမှိုသတ်ဆေးများကို သုံးနိုင်သည်။
- ယင်းလိမ်းဆေးများဖြင့် မသက်သာပါက မှိုသတ်ဆေးများကို ဆရာဝန်များနှင့်တိုင်ပင်ပြီး သောက်သုံးရမည်။
- လိမ်းဆေးများအပြင် ဖျန်းဆေး(Spray) များကိုလည်း သုံးစွဲနိုင်သည်။ ယင်းဖျန်းဆေးများကို ခြေစွပ်၊ဖိနပ်စသည်တို့ထဲသို့လည်း မှုတ်ဖျန်း၍ ဝတ်ဆင်နိုင်သည်။
Dr. Soe
Credit : Mayo Clinic
အိမ်တွင်သမားတော် (ဒေါက်တာသန်းထွဋ်)