Sunscreen အကြောင်းသိကောင်းစရာ
04-Sep-2017Sunscreen သည်နေရောင်ခြည်ကြောင့်အရေပြားပျက်ဆီးခြင်းအတွက်လုံလောက်သောကာကွယ်မှုကိုအပြည့်အဝမကာကွယ်ပေးနိုင်ပေ။သင့်အရေပြားအားနေရောင်ခြည်ဒဏ်မှပိုမိုကာကွယ်မှုရစေရန်အောက်ပါအချက်များကိုလိုက်နာသင့်သည်။
၁။နေရောင်ခြည်မှကာကွယ်ရန်လိုအပ်သောခန္ဓာကိုယ်အစိတ်အပိုင်းများအားလုံးကို Sunscreen လိမ်းရန်။
လူများသည်အများအားဖြင့်ဆံပင်၊နားရွက်ထိပ်ပိုင်းများနှင့် မေးရိုးအောက်ပိုင်းများကို် Sunscreen လုံလောက်စွာလိမ်းရန်မေ့နေတတ်ကြသည်။သို့သော် ထိုနေရာများသည် နေရောင်ခြည်ကြောင့်အရေပြားပိုပြီးပျက်ဆီးနိုင်သောအဓိကအစိတ်အပိုင်းများဖြစ်သည်။ထို့ကြောင် အထက်ပါအစိတ်အပိုင်းများသို့ Sunscreen stick( သို)့ spray များကိုပါလိမ်းထားသင့်သည်။
၂။သင့်အရေပြားဘယ်လောက်နေလောင်ဒဏ်ခံထားရသည်ကိုသိရှိထားရန်
သဲများသည် UV Rays များကို ၆၀ ရာခိုင်နှုန်းပြန်ပြီးတုံ့ပြန်နိုင်စွမ်းရှိသည်ဟု အရေပြားကျွမ်းကျင်ပညာရှင်များ၏အဆိုအရသိရှိရပါသည်။အကယ်၍သင်သည် ထီးတစ်ချောင်းအောက်တွင်ထိုင်နေစေကာမူ နေလောင်ဒဏ်ကိုခံရမည်ဖြစ်သည်။နေရောင်ခြည်ထိုးဖောက်နိုင်စွမ်းရှိသောအခြားမျက်နှာပြင်များတွင်ရေမျက်နှာပြင်၊ကားလေကာများနှင့် သဘောကုန်းပတ်များစသည်တို့ပါ၀င်ပါသည်။
၃။အကယ်၍သင်သည်ထိခိုက်လွယ်သော sensitive skin ကိုပိုင်ဆိုင်ထားပါက suncreen ကိုသုံးမည့်အစား sunblock ကိုအသုံးပြုရန်
အထိခိုက်မခံနိုင်သောအရေပြားပိုင်ရှင်များအတွက်ထုတ်လုပ်ထားသောအကောင်းဆုံးထုတ်ကုန်များတွင် Zinc oxide သို့မဟုတ် titanium oxide ပါ၀င်ပြီးအရေပြားကို နေရောင်ခြည်ထိတွေ့ပျက်ဆီးခြင်းမှကာကွယ်ပေးပါသည်။Sunscreen တွင်ပါ၀င်သော chemical ပစ္စည်းများဖြစ်သည့် Parsol 1789 ကဲ့သို့သောဓါတ်ပစ္စည်းများက UV rays များအရေပြားကိုထိုးဖောက်ခြင်းမှကာကွယ်ပေးပါသည်။
၄။Chemical ပါ၀င်သော suncreen ကိုအသုံးပြုနေစဉ် အိမ်ပြင်သို့မထွက်မီ မိနစ်သုံးဆယ်မတိုင်မီနှစ်ကြိမ်လိမ်းရန်
၅။ပို၍မြင့်သော SPF ကိုသာအသုံးပြုရန်
SPF မြင့်လျှင်နေရောင်ခြည်ထိုးဖောက်မှုမှကာကွယ်ရာတွင်ပို၍ထိရောက်မှုရှိသည်။
၆။မည်သည့် Sunscreen မှရေစိုမခံနိုင်ပါ။
နေရောင်ခြည်မှကာကွယ်မှုသည် ရေထဲတွင် ၄၀ မှ ၈၀ မိနစ် အထိသာခံနိုင်ကြောင်းသိရသည်။ရေထဲမှတစ်ခါပြန်ထွက်တိုင်းခြောက်သွေ့ သွားပြီး Sunscreen နောက်ထပ်လိမ်းရန်လိုအပ်ပါသည်။
၇။နေရောင်ခြည်ခံမှုကိုအချိန်သတ်မှတ်ပေးရန်
အကယ်၍ဖြစ်နိုင်ပါက နံနက် ၁၀ နာရီမှ ညနေ ၂ နာရီ အတွင်းနေရောင်ထဲသို့မသွားရန်လိုအပ်ပါသည်။ထိုအချိန်အတွင်းနေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်ပိုထွက်သောကြောင့်ဖြစ်ပေသည်။
Credit: Health For All Magazine(အင်ကြင်း)