အစားအစာနှင့် အရေပြား
03-Aug-2020
လှပတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင်
အသားအရေလှပစိုပြေတာဟာ အဓိကနေရာမှာ ပါဝင်နေပါတယ်။ ဘယ်လိုပဲကောင်းတဲ့ အလှပြင်ပစ္စည်းတွေ
အသုံးပြုထားပါစေ။ ဘယ်လောက်ပဲ အဖိုးတန်တဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားပါစေ။ ပင်ကိုက အသားအရေမလှခဲ့ဘူးဆိုရင်
ထင်ပေါ်တဲ့ အလှမျိုးရှိနိုင်မှာ မဟုတ်ပါဘူး။
ပြင်ပက အရေပြားကျန်းမာဖို့ဆိုရင်လည်း
ခန္ဓာကိုယ်တွင်း ကျန်းမာဖို့အတွက်ကို မိမိဘာတွေစားသုံးခဲ့သလဲ ဆိုတာအပေါ်မှာ မူတည်နေပါသေးတယ်။
အရေပြားမှာ အနီကွက်တွေ
ဖြစ်တာဟာ စီလီကွန်ချို့တဲ့လို့ပါပဲ။ ဒါကြောင့်မို့ အဲဒီဓာတ်ပါဝင်တဲ့ အစာတွေဖြစ်တဲ့
မုယောစပါး၊ ပဲပင်ပေါက်၊ ခရမ်းချဉ်သီး၊ မက်မုံသီး၊ စတော်ဘယ်ရီသီးနဲ့ သဖန်းသီး စတာတွေကို
သင့်တော်သလို စားသုံးပေးရမှာပါ။
ကလိုရိုဖီးဓာတ်
ချို့တဲ့ရင်တော့ အရေပြားမှာ အနာတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီလိုဆိုရင် အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ
စားသုံးပေးခြင်းနဲ့ ကုသနိုင်ပါတယ်။
ဒါကြောင့်မို့
အစိမ်းစားလို့ရတဲ့ အရွက်နဲ့အသီးတွေကို ဒီအတိုင်းအစိမ်းစားပေးသင့်ပါတယ်။ ဖလူအိုရင်းဓာတ်ပါဝင်တဲ့
အစာတွေကတော့ ဆိတ်နို့နဲ့ ၎င်းနဲ့ပြုလုပ်ထားတဲ့ ဒိန်ခဲ၊ ထောပတ်သီး၊ ဂေါ်ဖီထုပ်၊ rye (ရွိုင်း)
ဂျုံမှုန့်တစ်မျိုးနဲ့ အိမ်မှာလုပ်တဲ့ ဒိန်ချဉ်ရည်တို့ပါပဲ။
ဆိုဒီယမ်ဓာတ်လုံလောက်မှုမရှိတဲ့
အခါမျိုးမှာဆိုရင် အရေးအကြောင်းတွေ ခပ်မြန်မြန်ဖြစ်လာပါလိမ့်မယ်။ အဲဒီအတွက်ဆိုရင်တော့
ဆိုဒီယမ်ဓာတ်ပါဝင်တဲ့ သခွားသီးကို ပိုမိုစားသုံးပေးခြင်းနဲ့ ကုသပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင်
သခွားသီးမှာက ဆိုဒီယမ်ဓာတ်အပြင် အရေပြားကို အေးမြစေတဲ့ အရာတွေ ပါဝင်နေလို့ပါပဲ။
နောက်တစ်ခု သတိပြုရမှာကတော့
အရေပြားပြဿနာ တော်တော်များများဟာ ကျောက်ကပ်ကြောင့် ဖြစ်ရတယ်ဆိုတာ သိထားဖို့ပါပဲ။ ဒီအတွက်ရေများများသောက်ပေးပြီး၊
အိုဒီဒင်းဓာတ်မြင့်မားစွာပါဝင်တဲ့ အစာတွေဖြစ်တဲ့ မုန်လာဥဝါနဲ့ အရွက်ပါစားလို့ရတဲ့ မုန်လာဥတစ်မျိုးတို့ကို
များများစားပေးရပါမယ်။ အကောင်းဆုံးကတော့ သင့်ရဲ့ နံနက်ခင်းကို ပျားရည်တစ်ဇွန်းထည့်ထားတဲ့
သံပရာရည် တစ်ဖန်ခွက်သောက်တာနဲ့ စတင်သင့်တယ်လို့ ပြောလိုပါတယ်။
Credit : အေးခေမာ
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
