Achlasia (အာရုံကြော ပြဿနာကြောင့် အစာနင်သည့် ရောဂါ)
26-Oct-2016
Achlasia ဆိုသည်မှာ အာရုံကြောဆိုင်ရာ ပြဿနာကြောင့် အစာရေမျိုပြွန်ကြွက်သားများ တောင့်တင်းနေသည့်အတွက် အစာမျိုရာတွင် ပုံမှန်အတိုင်း ကောင်းမွန်စွာ မမျိုနိုင်သောရောဂါ ဖြစ်သည်။
လက္ခဏာများ
- အစာနင်ခြင်း၊ အစာမျိုချစဉ် နာကျင်ခြင်း
- ရင်ပူခြင်း
- ရင်ဘတ်အောင့်ခြင်း
- ကိုယ်အလေးချိန် ကျသွားခြင်း
- အစာများ အဆုတ်လမ်းကြောင်းသို့ ရောက်သွားပါက အဆုတ်လမ်းကြောင်း ပိုးဝင်ခြင်း၊ အဆုတ်ရောင်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
အစာရေမျိုပြွန်ကို ထောက်ပံ့ပေးထားသည့် အာရုံကြောများ မကောင်းသောကြောင့် ကြွက်သားများ ပုံမှန်အတိုင်း လှုပ်ရှားမှု မလုပ်နိုင်ဘဲ အစာများနင်ခြင်းကို ဖြစ်စေခြင်းဖြစ်သည်။
စစ်ဆေးမှုများ
Barium swallow - ဘေရီယမ်သတ္တု သုံး၍ ဓာတ်မှန်ရိုက်ခြင်း။
Endoscopy - အစာအိမ်မှန်ပြောင်း သုံး၍ စစ်ဆေးခြင်း။
Manometry - အစာရေမျိုပြွန်အတွင်းရှိ ဖိအားတိုင်းတာခြင်း။
ကုသခြင်း
ဖြစ်စေသော အကြောင်းအရင်းကို အမြစ်ပြတ်အောင် ကုသ၍ မရသော်လည်း ခံစားနေရသော လက္ခဏာများကို သက်သာအောင် ပြုလုပ်ကုသ ပေးနိုင်သည်။
Medication - ဆေးပေးကုသခြင်း
Dilitation - ကျဉ်းနေသည့် နေရာအားချဲ့ပေးခြင်း
Botox injection - botulinum toxin ထိုး၍ ကြွက်သား ပျော့ပျောင်းအောင် ပြုလုပ်ခြင်း
Surgery- ခွဲစိတ်ကုသခြင်းတို ့ဖြင့် ကုသနိုင်သည်။
ထို့အပြင် အဆိုပါရောဂါသည် မကုသဘဲ ကြာရှည်စွာထားပါက ကင်ဆာအဖြစ်သို့ ပြောင်းသွားနိုင်သောကြောင့် ရောဂါလက္ခဏာများ ပေါ်ပေါက်သည်နှင့် ကုသမှု ခံယူသင့်ပါသည်။
Ref: NHS choices
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
