Carcinoid Syndrome
26-Oct-2016
arcinoid syndrome ဆိုသည်မှာ Carcinoid tumour ဟုခေါ်သော ကင်ဆာအလုံးအကျိတ် တစ်မျိုးမှနေ၍ သွေးထဲသို ့ဓာတုပစ္စည်းများ ထုတ်လွှတ်ပေးခြင်းကြောင့် ဝမ်းလျှောခြင်း၊ အသားနီရဲလာခြင်း စသည့်အမျိုးစုံသော လက္ခဏာများ ပြလာခြင်းကို ခေါ်သည်။
လက္ခဏာများ
Carcinoid syndrome တွင် အတွေ ့ရများသော လက္ခဏာများမှာ
. မျက်နှာနှင့် ရင်ဘတ်အပေါ်ပိုင်း အရေပြားတွင် နီရဲလာခြင်း
. နှာခေါင်းနှင့် အပေါ်နှုတ်ခမ်းတွင် သွေးကြောမျှင်များ ပေါ်လာခြင်း
. ဝမ်းလျှောခြင်း
. အသက်ရှူရ ခက်ခဲခြင်း
. နှလုံးခုန် မြန်ခြင်း အစရှိသည်တို ့ဖြစ်ပါသည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
Carcinoid syndrome ဖြစ်ပွားရသော အကြောင်းရင်းမှာ အထက်တွင် ဖော်ပြခဲ့သကဲ့သို ့Carcinoid tumour ကြောင့် ဖြစ်သည်။ Carcinoid tumour များသည် အစာအိမ်နှင့် အူလမ်းကြောင်းထဲတွင် အဖြစ်များပြီး ၎င်းမှ ထုတ်သော ဓာတုပစ္စည်းများကို အသည်းမှ ချေဖျက်ပေးသည်။ သို ့ရာတွင် အသည်းသို ့ကင်ဆာဆဲလ်များ ပျံ့နှံ ့သွားပါက မချေဖျက်နိုင်တော့ဘဲ Carcinoid syndrome ဖြစ်လာတော့သည်။
နောက်ဆက်တွဲ ပြဿနာများ
Carcinoid syndrome ၏ နောက်ဆက်တွဲ ရောဂါလက္ခဏာများ အနေဖြင့်
- Carcinoid heart disease (နှလုံးရောဂါ)
- Bowel obstruction (အူပိတ်ခြင်း)
- Carcinoid crisis ( အရေပြား နီရဲခြင်း၊ သွေးပေါင်ကျခြင်း၊ တွေဝေခြင်းနှင့် အသက်ရှူရ ခက်ခဲခြင်း ) များ ဖြစ်စေနိုင်ပါသည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
Carcinoid syndrome သည် ကင်ဆာကြောင့် ဖြစ်သည့်အတွက် လက္ခဏာများ ခံစားရသည်နှင့် နီးစပ်ရာ ကျန်းမာရေးဆေးခန်းသို ့သွားရောက်ပြသသင့်ပါသည်။
စစ်ဆေးမှုများ
ရောဂါအကြောင်း သိရှိရန် မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများအပြင် သွေးထဲတွင် Chromogranin A ပါမပါ စစ်ဆေးခြင်း၊ ဆီးစစ်ခြင်းနှင့် CT scan၊ MRI scan ရိုက်ခြင်း အစရှိသော စစ်ဆေးခြင်းများ ပြုလုပ်သင့်ပါသည်။
ကုသခြင်း
Carcinoid syndrome ကို ကုသရန်
• ကင်ဆာအလုံးအကျိတ်ကို ခွဲစိတ်၍ ဖယ်ရှားပစ်ခြင်း၊
• ဓာတုပစ္စည်းများ မထွက်စေရန် ဆေးဝါးများ သောက်သုံးခြင်း၊
• ခုခံအား ကောင်းစေရန် Interferon alfa ဟုခေါ်သော ဆေးထိုးခြင်း၊
• Hepatic artery embolization နည်းဖြင့် အသည်းကို သွေးပို ့မှု မရစေရန် ဖြတ်တောက်ပစ်ခြင်း၊
• Radiofrequency ablation or Cryotherapy နည်းဖြင့် ကင်ဆာဆဲလ်များအား သတ်ပစ်ခြင်းနှင့်
• Chemotherapy (ကင်ဆာဆေး)များသုံးခြင်းတို့ဖြင့် ကုသနိုင်ပါသည်။
ထို ့ပြင် အရက်သောက်ခြင်း၊ အစားကို အများကြီးစားခြင်း၊ အပူအစပ်များ စားခြင်း၊ ငန်သော အစာများ စားခြင်းတို့ကို ရှောင်ကြဉ်ခြင်းနှင့် စိတ်ဖိစီးမှုများကို လျှော့ချခြင်းတို ့ကိုလည်း ပြုလုပ်ပေးသင့်ပါသည်။
ကာကွယ်ခြင်း
Carcinoid syndrome ကို ကာကွယ်နိုင်ရန်
. မျိုးရိုးထဲတွင် ကင်ဆာရောဂါရှင်များ ရှိပါက ပုံမှန် စစ်ဆေးမှု ခံယူခြင်း
. အစာအိမ်အနာများ ရှိပါကလည်း ကြိုတင်ကာ စနစ်တကျ ဆေးဝါးကုသမှု ခံယူထားခြင်းနှင့်
. ဆေးလိပ်၊ အရက်များကို ရှောင်ကြဉ်ခြင်းတို ့ပြုလုပ်ပေးသင့်ပါသည်။
Ref: Mayo clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
