Diphtheria (ဆုံဆို့ရောဂါ)
26-Oct-2016
ဆုံဆို့ရောဂါဆိုသည်မှာ- နှာခေါင်းနှင့် လည်ချောင်းအချွှဲမြှေးတို့တွင် ဖြစ်တတ်သည့် ပြင်းထန်ဆိုးရွားသော ဘက်တီးရီးယားရောဂါပိုးဖြစ်သည်။
လက္ခဏာများ
- အာခေါင်တွင် ညိုညစ်ညစ်အဖတ်များကပ်ခြင်း
- လည်ချောင်းနာခြင်း၊ အသံသြခြင်း
- လည်ပင်းပတ်လည်ရှိ အကျိတ်များကြီးလာခြင်း
- အသက်ရှူရခက်ခဲခြင်း သို့ အသက်ရှူမြန်ခြင်း
- နှာရည်ထွက်ခြင်း
- ချမ်းတုန်၍ ဖျားခြင်း
- နုံးခွေခြင်း
အချို့သူများတွင် ရောဂါပိုးဝင်ရောက်နေသော်လည်း ပြင်းထန်သည့် လက္ခဏာမပြသည့်အတွက် ရောဂါရှိမှန်းမသိဖြစ်နေတတ်သည်။ သို့သော်လည်း ထိုသူထံမှ အခြားသူများသို့ရောဂါကူးနိုင်သည်။
အရေပြားတွင်ဖြစ်သော ဆုံဆို့နာ- လူဦးရေပြွတ်သိပ် ထူထပ်စွာနေထိုင်ပြီး တကိုယ်ရည်သန့်ရှင်းမှုမကောင်းသူများတွင် ဖြစ်တတ်သည်။ အရေပြားပေါ်တွင် ညိုညစ်သောအဖတ်များကပ်နေတတ်ပြီး အခြား အရေပြား ဘက်တီးရီးယားရောဂါပိုးများနှင့်တွဲ၍ ဖြစ်တတ်သည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
ဘက်တီးရီးယားပိုး corynebacterium diphtheria ကြောင့်ဖြစ်ပွားပြီး ကူးစက်နိုင်သောနည်းလမ်းများမှာ- အသက်ရှူ၊ ချောင်းဆိုး၊ နှာချေရာလေမှ တဆင့်ကူးစက်ခြင်း၊
ရောဂါပိုးတွယ်နေသော အသုံးအဆောင်ပစ္စည်းများမှတဆင့် ကူးစက်ခြင်း တို့ကြောင့် ကူးစက်နိုင်သည်။
ဖြစ်နိုင်ချေများသူများ
- ကာကွယ်ဆေးပြည့်မီအောင်မထိုးထားသောကလေးများ- သတ်မှတ်ထားသော ဆုံဆို့ကာကွယ်ဆေး မထိုးထားသူများ သို့ ထိုးရန်ပျက်ကွက်သူများ။
- လူဦးရေထူထပ်သောနေရာတွင်နေထိုင်သူများ၊ တကိုယ်ရည်သန့်ရှင်းမှုအားနည်းသူများ။
- ဆုံဆို့နာဖြစ်ပွားနေသော အရပ်ဒေသသို့ ခရီးသွားသူများ ။
နောက်ဆက်တွဲ ပြဿနာများ
မကုသဘဲထားပါက
- အသက်ရှူရခက်ခြင်း- အာခေါင်အတွင်းတွင် အဖြူပုပ်ရောင် အဖတ်ကြီးများ တဖြည်းဖြည်းကြီးထွားလာကာ အသက်ရှူလေပြွှန်လမ်းကြောင်း ပိတ်သည်အထိဖြစ်ပွားနိုင်သည်။
- နှလုံးပျက်စီးခြင်း- ဘက်တီးရီးယားပိုး၏ အဆိပ်များသည် သွေးထဲမှတဆင့် ခန္ဓာကိုယ်အနှံ့ပြန့်ပွားနိုင်သည်။ ဥပမာ- နှလုံးတွင်ဖြစ်ပါက နှလုံးကြွက်သားများရောင်ရမ်းခြင်းနှလုံးပျက်စီးခြင်းနှင့် အသက်ဆုံးရှုံးခြင်းအထိဖြစ်ပွားနိုင်သည်။
- အာရုံကြောများပျက်စီးခြင်း
စစ်ဆေးမှုများ
ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း။
အာခေါင်မှ ပိုးယူစစ်ဆေးခြင်း။
ကုသခြင်း
ဆုံဆို့ရောဂါပိုးဟုထင်ပါက(Antitoxin) အဆိပ်သေဆေးပေးခြင်း
Antibiotic- ပိုးသတ်ဆေးပေးခြင်း
ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ ဆုံဆို့နာဖြစ်ပါက ဆေးရုံတက်၍ ကုသရန်လိုအပ်ပါသည်။
ကာကွယ်ခြင်း
ဆုံဆို့နာရောဂါပိုးရှိနေသောသူနှင့် ထိတွေ့မိပါက လိုအပ်သောစစ်ဆေးမှုများ ပြုလုပ်ပြီးလိုအပ်ပါက ပိုးသတ်ဆေးသောက်သင့်သည်။ လိုအပ်ပါကလည်း ကာကွယ်ဆေး ထပ်လောင်းထိုးသင့်သည်။
ရောဂါပိုးသယ်ဆောင်ထားသူဖြစ်ပါက ပိုးသတ်ဆေးအချိန်မှီသောက်၍ အခြားသူများသို့မကူးစက်ရန်ကာကွယ်ရမည်။
Ref: Mayo clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
