Flea Bites (သန်းကိုက်ခြင်း)
27-Oct-2016
သန်းနှင့် အခြားသောအင်းဆက်များအကိုက်ခံရခြင်း၊ အတုပ်ခံရခြင်းသည် များသောအားဖြင့် မဆိုးရွားသော်လည်း တစ်ခါတစ်ရံတွင်မူ နာကျင်ကာ ဆိုးရွားသောဓာတ်မတည့်မှုများ ဖြစ်စေနိုင်သည်။
လက္ခဏာများ
သန်းအကိုက်ခံရပါက အကိုက်ခံရသောနေရာတွင် အတန်းလိုက် (သို့) အစုလိုက် နီရဲသောအဖုလေးများ ဖြစ်လာကာအလွန်ယားယံမည်ဖြစ်သည်။ ကြောင်နှင့်ခွေးများတွင် ရှိသော သန်းအကိုက်ခံရပါက ဒူးအောက်ပိုင်းနှင့် ခြေချင်းဝတ် ပတ်ပတ်လည်တွင် ကိုက်လေ့ရှိပြီး၊ ထိုခွေးကြောင်များကို ပွေ့ပိုက်ထားသည့်အချိန်တွင် ကိုက်ပါက လက်မောင်းတွင် ကိုက်တတ်သည်။
ဖြစ်ပွားရသောအကြောင်းရင်းများ
ဖြစ်ပွားရသောအကြောင်းရင်းမှာ အိမ်မွေးတိရိစာၦန်လေးများတွင် ရှိသောသန်းအကောင်လေးများ အကိုက်ခံခြင်းကြောင့် ဖြစ်သည်။
ဖြစ်နိုင်ချေများသူများ
အိမ်မွေးတိရိစာၦန်များဖြစ်သော ကြောင်နှင့်ခွေးချစ်သောသူ၊ မွေးထားသောသူတို့တွင် အဖြစ်များသည်။
နောက်ဆက်တွဲပြဿနာများ
သန်းကိုက်ခံရခြင်း ဆိုးရွားလျှင် နောက်ဆက်တွဲပြဿနာများအနေဖြင့်
- Impetigo (အနာစက်) - အလွန်ကူးစက်လွယ်သောဘက်တီးရီးယားရောဂါများ ဖြစ်လာခြင်း
- Cellulitis ( အရေပြားရောင်ရမ်းခြင်း) - အရေပြားနီရဲရောင်ကိုင်းကာနာကျင်ခြင်း
- Folliculitis - မွေးညင်းအိတ်ကလေးများရောင်ရမ်းခြင်း
- Lymphangitis - ပြန်ရည်ကျိတ်များရောင်ရမ်းခြင်းတို့ ဖြစ်စေနိုင်သည်။
ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ
သန်းကိုက်ခံရပြီးနောက် ရောင်ရမ်းခြင်းနှင့် အရည်ကြည်ဖုများ ဖြစ်လာခြင်း (သို့) ပြည်တည်လာပါကနီးစပ်ရာဆေးခန်းသို့ သွားရောက်ပြသသင့်သည်။
စစ်ဆေးမှုများ
စစ်ဆေးမှုများအနေဖြင့် အကိုက်ခံရသောနေရာကိုဆရာဝန်မှ ကြည့်ရှုစစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။
ကုသခြင်း
များသောအားဖြင့် သန်းကိုက်ခံရခြင်းသည် မပြင်းထန်ပါက ဆေးရုံဆေးခန်းသွားစရာမလိုဘဲ အိမ်တွင်းကုထုံးများဖြင့် ကုသခြင်းဖြင့် ပျောက်ကင်းနိုင်သည်။ အိမ်တွင်းကုထုံးများအနေဖြင့်
- အကိုက်ခံရသောနေရာကို ဆပ်ပြာနှင့်ရေဖြင့် စင်ကြယ်အောင် ဆေးကြောခြင်း
- ရေခဲဖြင့် ဖိအုပ်ပေးခြင်းနှင့်
- အနာပိုးမဝင်စေရန် လက်ဖြင့် ကုတ်ခြင်းကို ရှောင်ကြဉ်ခြင်းများ ပြုလုပ်ပေးသင့်သည်။
ထို့ပြင်
- နာကျင်မှု အကိုက်အခဲပျောက်ဆေးများသောက်ခြင်း
- ယားယံခြင်းနှင့် ရောင်ရမ်းခြင်းသက်သာစေရန် သွေးသန့်ဆေးနှင့် စတီးရွိုက်အပျော့စားပါသောဖျန်းဆေး (သို့) ကရင်မ်များလိမ်းခြင်း
- မသက်သာပါကသွေးသန့်ဆေး (Antihistamine) များသောက်ခြင်းတို့ဖြင့်လည်းကုသနိုင်သည်။
အရည်ကြည်ဖုများပေါက်ပါကပိုးဝင်တတ်သည့်အတွက် အတတ်နိုင်ဆုံးမပေါက်ထွက်သွားအောင် ဂရုစိုက်ပေးသင့်သည်။ ပေါက်ထွက်သွားလျှင်လည်း Adhesive bandage ( ပတ်တီး) စည်းပေးထားသင့်သည်။
ကာကွယ်ခြင်း
• သန်းကိုက်ခံရခြင်းမှ ကာကွယ်ရန်အတွက်
• အဝတ်အထည်များကိုလုံလုံခြုံခြုံ ဝတ်ဆင်ခြင်း
• အပြင်ထွက်လျှင် ဖိနပ်စီးခြင်း
• အင်းဆက် မကိုက်အောင် လိမ်းဆေးများလိမ်းထားခြင်း
• အမွှေးန့ံပြင်းသောရေမွှေး၊ ဆပ်ပြာ၊ ရှမ်ပူများသုံးခြင်းများရှောင်ကြဉ်ခြင်း
• အစားအစာများကိုအဖုံးဖြင့် သေချာဖုံးအုပ်ထားခြင်းနှင့်
• တံခါးပေါက်နှင့် ပြတင်းပေါက်များကိုသေချာပိတ်ထားခြင်းတို့ကိုဆောင်ရွက်သင့်ပါသည်။
Ref: NHS choices
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
