Indigestion (အစာမကြေခြင်း)
19-Nov-2016
အစာမကြေခြင်း ဆိုသည်မှာ ဝမ်းဗိုက်အပေါ်ပိုင်း အောင့်ခြင်း (သိုု ့) မအီမလည် ဖြစ်ခြင်း သို ့တည်းမဟုတ် ရင်ဘတ်တွင် မီးစနှင့် ထိုးထားသကဲ့သို ့ စူးစူးဝါးဝါး အောင့်ခြင်း ဖြစ်သည်။လက္ခဏာများသည် များသောအားဖြင့် ထမင်းစားသောက်ပြီး မကြာမီတွင် ပေါ်လာတတ်သည်။
လက္ခဏာများ
အတွေ ့များသော ရောဂါလက္ခဏာများမှာ - ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ လေပွခြင်း၊ အစာများ ပြန်ပျို့တက်ခြင်း၊ ဗိုက် ဖောင်းလာခြင်း၊ အန်ခြင်း တိို ့ဖြစ်ပါသည်။အစာမကြေခြင်း ဖြစ်ရသော အကြောင်းရင်းများမှာ-
၁။ အဝလွန်ခြင်း
၂။ စိတ်ဖိစီးမှု များခြင်း
၃။ အစာအိမ် တစ်စိတ်တစ်ပိုင်း ကျွံဝင်ခြင်း (Hiatus Hernia)
၄။ Helicobacter pylori ပိုးဝင်ရောက်ခြင်း
၅။ အစာရေမျိုပြွန်မလုံဘဲ အက်ဆစ် ပြန်လည်လျှံတက်သောရောဂါ
၆။ အစာအိမ် အနာဖြစ်ခြင်း
၇။ အစာအိမ် ကင်ဆာ တို ့ဖြစ်ပါသည်။
နောက်ဆက်တွဲ ပြဿနာများ
အစာမကြေခြင်း၏ နောက်ဆက်တွဲ ရောဂါလက္ခဏာများမှာ အစာရေမျိုပြွန် ကျဉ်းခြင်း၊အစာအိမ်နှင့် အူသိမ်ဆက်သော အဝ ကျဉ်းခြင်း၊ Barrett’s oesophagus ဟုခေါ်သော အစာရေမျိုပြွန် အကြိုကင်ဆာအဆင့် ဖြစ်ပွားနိုင်ခြင်း တို ့ဖြစ်ပါသည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
အစာမကြေခြင်း ဖြစ်ပွားသော လူနာအများစုသည် ဆရာဝန်ဆီသို ့သွားရောက်ရန် မလိုဘဲ ပျောက်ကင်းနိုင်သော်လည်း ဖော်ပြပါ အချက်များဖြစ်သော ၅၅ နှစ် နှင့် အထက် သော်လည်းကောင်း၊ကိုယ်အလေးချိန် အလွန်အကျွံ ကျဆင်းသွားခြင်း၊ အစာမျိုချရ ပိုပိုခက်လာခြင်း၊ ဆက်တိုက် အန်နေခြင်း၊ သံဓာတ် သွေးအားနည်းရောဂါရှိခြင်း၊ ဗိုက်တွင် အလုံးစမ်းမိခြင်း၊ အန်သည့်အထဲတွင် သွေးပါခြင်း၊ ဝမ်းသွားရာတွင် သွေးပါခြင်း စသော အချက်များ ရှိလျှင်မူ ဆေးရုံ ဆေးခန်းသို ့ အမြန်ဆုံး သွားရောက်သင့်သည်။
စစ်ဆေးမှုများ
ရောဂါရှာဖွေရာတွင်
- အစာအိမ် မှန်ပြောင်း ကြည်ြ့ခင်း၊
- H.pylori အကောင်မွေးခြင်း
- ဝမ်းစစ်ဆေးခြင်း
- သွေးစစ်ဆေးခြင်း
- တယ်လီဗေးရှင်း ဓါတ်မှန် Ultrasound ရိုက်ခြင်း စသည် တို ့ဖြင့် ရှာဖွေနိုင်ပါသည်။
ကုသခြင်း
အစာမကြေခြင်းကို ကုသရာတွင် ရောဂါကိုလိုက်၍ အမျိုးမျိုး ကွဲပြားနိုင်ပါသည်။အဝလွန်နေလျှင် ကိုယ်အလေးချိန်လျှော့ချခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော သင့်တင့်မျှတသော အစားအစာများ စားခြင်း၊ဆေးလိပ်ဖြတ်ခြင်း၊အရက်ဖြတ်ခြင်း၊ည အိပ်ရာဝင်ခါနီး ၃ နာရီ အလိုတွင် အစာစားခြင်းက်ို ရှောင်ကြဉ်ခြင်း၊စိတ်ဖိစီးမှု လျှော့ချခြင်း တိ့ု ့ပြုလုပ်ပေးသင့်သည်။ ထို ့ပြင် အစာမကြေခြင်းအတွက် အက်ဆစ်နည်းစေရန် သောက်သည့်ဆေး Antacids ကို သောက်သုံးနိုင်ပါသည်။ Antacids ၏ အစွမ်းသည် ခဏသာ ခံသည့်အတွက် ၁ကြိမ်ထက်ပို သောက်သုံးနိုင်ပါသည်။ Alginates ပါသော Antacids များလည်း သောက်သုံးနိုင်သည်။
သို ့သော် အစာမကြေခြင်းသည် ထပ်ခါတလဲလဲ ပြန်ဖြစ်ခြင်း (သို ့) မသက်သာပါက Proton pump inhibitors(PPI) သို ့မဟုတ် H2-receptor antagonists များသောက်သုံးပေးနိုင်ပါသည်။ အကယ်၍ အစာအိမ်မှန်ပြောင်း ကြည့်မည်ဆိုလျှင် မကြည့်ခင် ၁၄ ရက် အလိုခန် ့ကပင် PPI သောက်ခြင်းကို ရပ်ထားသင့်ပါသည်။PPI ၏ ဘေးထွက်ဆိုးကျိူးများမှာ ခေါင်းကိုက်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းပိတ်ခြင်း၊ ပျို ့အန်ခြင်း၊ လေပွခြင်း၊ ဗိုက်အောင့်ခြင်း၊ ခေါင်းမူးခြင်း၊ အရေပြားတွင် အနီကွက်များပေါ်ခြင်း တို ့ဖြစ်တတ်ပါသည်။PPI ကဲ ့သို ့ပင် H2-receptor antagonists များကို မှန်ပြောင်းမကြည့်မီ ၁၄ ရက် အလိုကပင် ရပ်ထားသင့်ပါသည်။ H2-receptor antagonists များကို ဆေးပြားရော အရည်လိုပါ ရရှိနိုင်သည်။
အကယ်၍ H.pylori အကောင်ကြောင့် အစာမကြေဖြစ်နေပါက Antibiotics ၂ မျိုးနှင် ့ PPI ကိုတွဲ၍ တရက် ၂ကြိမ် နှင် ့ရရက် ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်သုံးသင့်ပါသည်။
Ref: NHS Choices, UK
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
