Hepatocellular carcinoma ( အသည်းကင်ဆာ )
06-May-2017အကျဉ်းရှင်းလင်းချက်
အသည်းကင်ဆာ အမျိုးမျိုးရှိပါသည်။
- Hepatocellular carcinoma (အသည်းဆဲလ်လေးများတွင်ဖြစ်သောကင်ဆာ)
- Intrahepatic cholangiocarcinoma (အသည်းနှင့်သည်းခြေပြွန်လမ်းကြောင်းတွင်ဖြစ်သောကင်ဆာ)
- Heaptoblastoma (ကလေးငယ်တွင် အဖြစ်များသော အသည်းကင်ဆာ)
အသည်းဆဲလ်လေးများတွင်ဖြစ်သောအသည်းကင်ဆာသည် အဖြစ်အများဆုံးဖြစ်သည်။သိို့သော် အသည်းတွင်ကင်ဆာဖြစ််တို်င်းအသည်းကင်ဆာဟုမသတ်မှတ်နို်င်ပါ။အဆုတ်ကင်ဆာ၊ရင်သားကင်ဆာနှင့်အူမကြီးကင်ဆာတို့မှတစ်ဆင့်အသည်းသို့ပျံ့နှ့ံ၍လည်း
အသည်းကင်ဆာဖြစ်နိုင်ပါသည်။
လက္ခဏာများ
အသည်းကင်ဆာ၏အစပိုင်းသည် လက္ခဏာမပြသောကြောင့် လူတော်တော်များများ
သတိမထားမိတတ်ကြပါ။
- ကိုယ်အလေးချိန်လျော့ကျခြင်း
- အစားအသောက်ပျက်ခြင်း
- ဝမ်းဗိုက်အပေါ်ဘက်ခြမ်း အောင့်ခြင်းနာခြင်း
- ပျို့တက်၍အန်ခြင်း
- မောပန်းနွမ်းလျလွယ်ခြင်း
- ရေဖျင်းဆွဲခြင်း
- မျက်လုံးနှင့်အသားများဝါလာခြင်း
- ဝမ်းအရောင်ဖြူဖျော့ခြင်းတို့ ဖြစ်လာတတ်ပါသည်။
ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ
အထက်ဖော်ပြပါလက္ခဏာများဖြစ်ပေါ်ပါက ဆရာဝန်နှင့်အမြန်ဆုံးသွားရောက်ပြသသင့်ပါသည်။
ဖြစ်ပွားရသောအကြောင်းရင်းများ
- အသည်းဆဲလ်များ ဗီဇပြောင်းလဲခြင်း (mutations)
- ဘီပိုး၊စီပိုး ဗိုင်းရပ်စ်ပိုးများမှ ကင်ဆာဖြစ်ခြင်း
ုဖြစ်နိုင်ချေများသူများ
- အသည်းရောင်အသားဝါဘီပိုး စီပိုး ရှိသောသူများ
- အသည်းခြောက်သောသူများ
- အသည်းရောဂါမျိုးရိုးရှိသူများ
- ဆီးချိုရောဂါရှိသူများ
- အသည်းအဆီဖုံးသူများ
- အသည်းကင်ဆာဖြစ်စေသောမှိုနှင့်အထိအတွေ့များသူများ(အာရှနှင့်အာဖရိကတွင် အဖြစ်များသည်။)
- အရက်အလွန်အကျွံသောက်သုံးသူများ
စစ်ဆေးမှုများ
- သွေးစစ်ခြင်း
- တီဗွီဓာတ်မှန်ရိုက်ခြင်း
- ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း
- အသည်းမှအသားစယူ၍ရှာဖွေခြင်း
စစ်ဆေးမှုမှ အသည်းကင်ဆာဖြစ်ကြောင်းတွေ့ရှိရပါက အသည်းကင်ဆာအဆင့် သိရှိစေရန် ထပ်မံ၍စစ်ဆေးမှုပြုလုပ်ရပါမည်။ထပ်မံစစ်ဆေးမှုများအနေနဲ့
- CT ဓာတ်မှန်ရိုက်ခြင်း၊သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)၊အရိုးသို့ပျံ့နှ့ံခြင်းရှိမရှိ ဓာတ်မှန်ရိုက်ခြင်း
ကုသခြင်း
- ခွဲစိတ်ကုသခြင်း
- အသည်းအစားထိုးကုသခြင်း
- ကင်ဆာဆဲလ်များကို အပူပေး၍ဖျက်ဆီးခြင်းနည်းလမ်းများ
- ကင်ဆာဆဲလ်များကို အေးခဲစေခြင်းဖြင့် ဖျက်ဆီးသောနည်းလမ်းများ
- ကင်ဆာဆေးသွင်းကုသခြင်း
- ဓာတ်ရောင်ခြည်ဖြင့်အပူပေးကုသခြင်း
ရောဂါသက်သာစေမည့်နည်းလမ်းများ
- မိသားစု၊ဆွေမျိုးသားချင်းများမှအားပေးစကားပြောပေးခြင်း
- အနာသက်သာစေရန် အသက်ကိုဝဝရှူပါ။
- စိတ်ပြေလက်ပျောက် သီချင်းများနားထောင်ပေးပါ။
ကာကွယ်ခြင်း
- အရက်ရှောင်ခြင်း
- ပုံမှန်ကိုယ်အလေးချိန်ရအောင်အစားအစာဖြင့်ထိန်းခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်း
- ဓာတုပစ္စည်းများပါဝင်သောအစားအသောက်များကိုရှောင်ရှားခြင်း
- အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးထိုးခြင်း
- အပျော်အပါးလိုက်စားမှုကိုရှောင်ကြဉ်ခြင်း
- မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းခြင်းကိုရှောင်ပါ။
- တက်တူးထိုးခြင်းဖြစ်နိုင်ပါက ရှောင်ရှားပါ။ထိုးသည့်အပ်သန့်မသန့်စစ်ဆေးပါ။
အခြားသိသင့်သောအချက်များ
အသည်းကိုခြောက်လတစ်ခါပုံမှန်စစ်ဆေးမှုပြုလုပ်ပေးခြင်းဖြင့် ရောဂါရှိမရှိသိရှိနိုင်ပြီးအချိန်မှီ ကုသမှုခံယူရန် အရေးကြီးပါသည်။
Ref : Mayo clinics
Writer : Dr.Toe