Generalized Anxiety Disorder(အစိုးရိမ်လွန်ရောဂါ)
09-May-2017အကျဉ်းရှင်းလင်းချက်
စိတ်ဖိစီးမှုများလာတဲ့ အခါ စိတ်လှုပ်ရှားမှု၊ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လာခြင်းသည် ပုံမှန် တွင်လည်း ဖြစ်တတ်ပါသည်။ သို့ပေမယ့် ထိုစိုးရိမ်ပူပန်မှုများသည် အလွန်အကျွံ့ဖြစ်လာသည့်အခါ တစ်နေ့တာလုပ်ဆောင်မှုများကို အနှောင့်အယှက်ပေးသည့်အခါ အစိုးရိမ်လွန်ရောဂါ ဖြစ်ပေါ်လာတတ်ပါသည်။
လက္ခဏာများ
- ပင်ပန်းနွမ်းနယ်ခြင်း
- စိတ်အလ်ိုမကျဖြစ်ခြင်း
- ကြွက်သားများ နာကျင်ခြင်း
- ညအိပ်မပျော်ခြင်း
- ချွေးထွက်များခြင်း
- ပျို့အန်ခြင်း
- ဝမ်းလျှောခြင်း
- ခေါင်းကိုက်ခြင်း
- အကြောင်းအရင်းမရှိပဲ စိုးရိမ်နေခြင်း
- အစိုးရိမ်လွန်ခြင်းကြောင့် အလုပ်ခွင်များ၊ပေါင်းသင်းဆက်ဆံရေးများတွင်လည်း စိတ်ဖိစီးမှုများဖြစ်ပေါ်ခြင်း
ဖြစ်ပွားရသော အကြောင်းရင်းများ
မျိုးရိုးလိုက်ခြင်းနှင့် အခြားပြင်ပ အကြောင်းအရာများကြောင့် အဖြစ်များသော်လည်း မည့်သည့်အကြောင်းအရာကြောင့် ဖြစ်သည်ဟု တိတိကျကျ မရှိသေးပါ။
ဖြစ်နိုင်ချေများသူများ
- ပင်ကိုယ်စရိုက်တွင် စိတ်တိုလွယ်သူများ ၊ အဆိုးမြင်တတ်သူများ
- မျိုးရိုးလိုက်တတ်ခြင်း
- အမျိုးသမီးများသည် အမျိုးသားများထက် ပို၍အဖြစ်များတတ်သည်။
နောက်ဆက်တွဲ ပြဿနာများ
- စိတ်ဓာတ်ကျခြင်း
- မူးယစ်ဆေးများသုံးစွဲခြင်း
- ညအိပ်မပျော်ခြင်း
- ခေါင်းကိုက်ခြင်း
- အစာချေစနစ်နှင့် အူလမ်းကြောင်းများတိင် ကမောက်ကမဖြစ်ခြင်း
- နှလုံးနှင့်ဆိုင်သော ပြဿနာများဖြစ်ပေါ်တတ်ခြင်း
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
- အလွန်အမင်း အစိုးရိမ်လွန်ခြင်း ၊ စိတ်ဓာတ်ကျခြင်းများရှိလျှင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။
စစ်ဆေးမှုများ
- လူနာ၏ ရာဇဝင်မေးမြန်းခြင်း
- စမ်းသပ်စစ်ဆေးမှုများပြုလုပ်ခြင်း
- အခြားရောဂါများနှင့်တွဲတတ်သောကြောင့် သွေးစစ်ဆေးမှု ၊ ဆီးစစ်ဆေးမှုများ ပြုလုပ်ခြင်း
ကုသခြင်း
- ဆွေးနွေးတိုင်ပင် ကုသခြင်း
- ဆေးဖြင့်ကုသခြင်း
ကာကွယ်ခြင်း
- အခြေအနေကို စောစောသတိပြုမိခြင်းဖြင့် ကုသမှု ခံယူခြင်း
- အချိန်နှင့် မိမိ၏စွမ်းအားကို အကျိုးရှိစွာအသုံးချခြင်း
- ကျန်းမာရေးကို ထိခိုက်စေသော အစားအစာများ စားသောက်ခြင်း ၊ ဆေးများသုံးစွဲခြင်းကို ရှောင်ကျဉ်ခြင်း
အခြားသိသင့်သော အချက်များ (ရှိလျှင်)
- လန်းဆန်းတက်ကြွစွာ နေခြင်း
- အရက်သေစာနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်ခြင်း
- ကော်ဖီသောက်ခြင်းကို ရပ်လိုက်ခြင်း
- တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းဖြင့် စိတ်အေးချမ်းအောင်ပြုလုပ်ခြင်း
- အိပ်ရေးဝအောင် အိပ်ခြင်း
- အစာအာဟာရ မျှတအောင်စားခြင်း
Ref: Mayo Clinic
By Dr May Hnin Phyu (7887 healthcare Call Center)