Leg swelling (ခြေထောက်ဖောခြင်း)
30-Dec-1899အကျဉ်းရှင်းလင်းချက်
ခြေထောက်ဖောခြင်းသည် ခန္ဓာကိုယ်အတွင်းရှိ အရည်များစုပုံခြင်း၊ ထိခိုက်ဒဏ်ရာရသော သို့မဟုတ် ရောဂါရှိသော ကြွက်သား ၊ အဆစ်အမြစ် တို့ရောင်းရမ်းခြင်းတို့ကြောင့် ဖြစ်သည်။
လက္ခဏာများ
ပြောင်တင်း၍ ဖောရောင်ခြင်း၊ ထုံခြင်း၊ အနာများဖြစ်ခြင်း၊ ယောင်ရမ်းခြင်း၊ ယားယံခြင်း၊ အသက်ရှုမဝခြင်း၊ ခြေထောက်နာခြင်း စသည့်လက္ခဏာများရှိသည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
အများဆုံးဖြစ်ပွားသောအကြောင်းအရင်းမှာ ထိခိုက်ဒဏ်ရာရခြင်း၊ အချိန်ကြာကြီးမတ်တပ်ရပ်ခြင်း၊ ထိုင်ခြင်း တိုကြောင့်အဖြစ်များသည်။
တစ်ခါတစ်ရံ စိုးရိမ်ဖွယ်ကောင်းသောရောဂါများ (နှလုံးရောဂါ ၊ အဆုတ်ရာဂါ ၊ ကျောက်ကပ်ရောဂါ) များ၏ လက္ခဏာများဖြစ်နိုင်သည်။
ခန္ဓာကိုယ်အတွင်းရှိ အရည်များစုပုံခြင်း
- ရုတ်တရပ် ကျောက်ကပ်ပျတ်ခြင်း
- နှလုံးကြွက်သားရောဂါ
- နာတာရှည်ကျောက််ကပ်ရောဂါ
- အသည်းခြောက်ရောဂါ
- ပြန်ရည်ကြောပိတ်ခြင်း
- အကိုက်အခဲသောက်ဆေးများ
- ကိုယ်ဝန်ဆောင်ချိန်
- ကျောက်ကပ်ရောင်ရောဂါ
- သွေးပြန်ကြောအတွင်း သွေးခဲခြင်း
- နှလုံးလုပ်ငန်းဆောင်တာများပျက်စီးခြင်း
ရောင်းရမ်းခြင်း
- ခြေဖနောင့်နောက်ကြောရှိ Achilles အရွတ် ဒဏ်ရာရခြင်း
- ခြေထောက်ကျိုးခြင်း
- ဂေါက်အဆစ်ရောင်ရောဂါ
- အဆစ်အမြစ်နာရောဂါ
- သွေးလေးဖက်နာရောဂါ
- ခြေကျင်းဝတ်လည်ခြင်း
- အရေပြားပိုးဝင်ခြင်း
ဖြစ်နိုင်ချေများသူများ
အသက်ကြီးသောသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အဝလွန်သောသူများ ပိုအဖြစ်များသည်။
နောက်ဆက်တွဲ ပြဿနာများ
ခြေထောက်ဖောရောင်ခြင်းကို မကုသဘဲထားလျှင်
- ပို၍ဖောရောင်ကာနာလာခြင်း
- လမ်းလျှောက်ရခက်ခဲခြင်း
- ခြေထောက်တောင့်တင်းခြင်း
- ရောင်နေသောခြေထောက်တွင် ပိုးဝင်ခြင်း
- သွေးလည်ပတ်မှုကျဆင်းခြင်း
- အရေပြားအနာများပိုမိုဖြစ်ပွားနိုင်ခြင်း တို့ဖြစ်နိုင်သည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
အကြောင်းအရင်း တစ်စုံတစ်ရာမှမရှိဘဲ ခြေထောက်ဖောခြင်း ၊ အသက်ရှုကျပ်ခြင်း ၊ ရင်ဘက်အောင့်ခြင်း ၊ အခြားသော နှလုံးနှင့် အဆုတ်ဆိုင်ရာပြသနာများရှိလျှင် ချက်ချင်း ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။
စစ်ဆေးမှုများ
ဖောရောင်ခြင်း၏ အကြောင်းအရင်းကို သိရှိနိုင်ရန်
- ဓာတ်မှန်ရိုက်ခြင်း
- တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း
- သွေးစစ်ခြင်း
- ဆီးစစ်ခြင်း စသည့်စစ်ဆေးမှုများပြုလုပ်နိုင်ပါသည်။
ကုသခြင်း
ဖြစ်ပွားရသည့်အကြောင်းအရင်းပေါ်မှုတည်၍ ကုသမှုများကွဲပြားပါသည်။
ကာကွယ်ခြင်း
- လှဲအိပ်သောအခါ ဖောနေသောခြေထောက်ကို ခေါင်းအုံးပေါ်တင်ထားနိုင်ပါသည်။
- လှုပ်လှုပ်ရှားရှား နေခြင်း၊ ခြေထောက်လေ့ကျင့်ခန်းလုပ်ခြင်း
- ဖောနေသောနေရာကို သန့်သန့်ရှင်းရှင်းထားခြင်းဖြင့် ပိုးမဝင်အောင်ကာကွယ်နိုင်သည်။
- အငန်ဓာတ် စားသုံးမှုများကို လျော့ချခြင်း
- ဖောနေသောခြေထောက်ကို Stocking (အသားကပ်ဘောင်းဘီ) စည်းထားခြင်း။
Ref: mayo clinc
Translated by Dr Myo Myint