Thalassaemia
21-Nov-2016
ခန္ဓာကိုယ်အတွက် လိုအပ်သည့် Haemoglobin (ဟေမိုဂလိုဘင်) ဓာတ် လုံလောက်ပြည့်ဝစွာ မရှိသည့် ရောဂါကို ဆိုလိုပါသည်။
လက္ခဏာများ
- ပင်ပန်းနွမ်းနယ်ခြင်း
- အားနည်းခြင်း
- ဖြူဖျော့ဖျော့ဖြစ်ခြင်း
- မျက်နှာသွင်ပြင် လက္ခဏာ ပြောင်းလဲခြင်း
- ကြီးထွားမှု နှေးကွေးခြင်း
- ဆီးအရောင် ရင့်ခြင်း
အထက်ပါ လက္ခဏာများကို အချို့ကလေးများတွင် အသက် ၂ နှစ်မှစ၍ ခံစားရနိုင်ပြီး အချို့သူများတွင် ကြီးသည်အထိ လက္ခဏာမပေါ်ဘဲလည်း ရှိနေနိုင်သည်။ ဖြစ်သည့် Thalassaemia ရောဂါ အမျိုးအစား(အဆင့်)ပေါ် မူတည်ပါသည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
ဟေမိုဂလိုဘင် ဖြစ်မည့် မျိုးရိုးဗီဇ ချို့တဲ့ခြင်း၊ လုံလောက်စွာ မဖြစ်ပေါ်ခြင်းတို့ကြောင့် အဓိက ဖြစ်ပွားရသည်။
ဖြစ်နိုင်ချေများသူများ
မိဘမျိုးရိုးထဲတွင် ထိုရောဂါရှိပါက ဖြစ်နိုင်ပါသည်။
နောက်ဆက်တွဲပြဿနာများ
- ခန္ဓာကိုယ်တွင်း သံဓာတ်များခြင်း
- ရောဂါပိုး ဝင်ရောက်နိုင်ခြင်း
- အရိုးဖြစ်ပေါ်မှုပုံစံ ပြောင်းလဲခြင်း
- Splenomegaly (ဘေလုံးကြီးခြင်း)
- ကြီးထွားမှု နှေးကွေးခြင်း
- နှလုံးရောဂါ ဖြစ်ခြင်း
စစ်ဆေးမှုများ
- ကလေးမမွေးခင် ကြိုတင်၍ ရောဂါရှိမရှိ စစ်ဆေးခြင်း
- သွေးစစ်ခြင်း
- Electrophoresis - မိမိခန္ဓာကိုယ်ထဲတွင်ရှိသော ဟေမိုဂလိုဘင် အမျိုးအစား စစ်ဆေးခြင်း
- ဆီးစစ်ခြင်း
- ဓာတ်မှန်ရိုက်ခြင်း
ကုသခြင်း
Mild Thalassaemia - မဆိုးရွားသော Thalassaemiaသာ ဖြစ်ပါက ကုသမှု ထွေထွေထူးထူး မလိုအပ်ပါ။
ခွဲစိတ်ပြီးလျှင် ( သို့ ) ကလေး မွေးဖွားသောအခါတွင်မှသာ သွေးသွင်းမှု လိုအပ်နိုင်သည်။
Moderate and severe - ဆိုးရွားသောအဆင့်တွင်
- သွေးသွင်းခြင်း
- လိုအပ်ပါက ဘေလုံး ခွဲစိတ်ထုတ်ခြင်း
- လိုအပ်သော ကာကွယ်ဆေးများ ထိုးခြင်း
- သံဓာတ် လျော့ချပေးမည့် ဆေးများသောက်ခြင်း၊ ထိုးခြင်း
- ရောဂါ အပြီးသတ် ပျောက်ကင်းရန် stem cell transplant မွေးရာပါဗီဇဆဲလ် လဲလှယ်ခြင်း
လူနေမှုဘဝ နေထိုင်ပုံနှင့် အိမ်တွင်းကုထုံးများ
- သံဓာတ် ပိုလျှံစွာ စားသောက်မှုမှ ရှောင်ရှားပါ။
- အာဟာရ ပြည့်ဝစုံလင်အောင် စားပါ။
- ရောဂါပိုး အလွယ်တကူ မဝင်အောင် ကာကွယ်ပါ။
ကာကွယ်ခြင်း
မိမိတွင် Thalassaemia gene ဗီဇ ပါလာပါက ရှောင်လွဲလို့ မရပါ။ ကလေးယူမည် ဆိုပါကလည်း ဆရာဝန်နှင့် တိုင်ပင်ပြီး ဂရုတစိုက် ယူသင့်ပါသည်။
Ref: Mayo clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
