Wilson\'s Disease
21-Nov-2016
Wilson\'s disease ဆိုသည်မှာ မျိုးရိုးဗီဇဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်သည်။ ကိုယ်ခန္ဓာအတွင်းရှိ နေ့စဉ် လည်ပတ်နေသော Copper ဓါတ်များ စုပုံကာ ရောဂါများ ဖြစ်ပွားစေတတ်သည်။ အတွေ့ရနည်းသည့် ရောဂါတစ်ခုဖြစ်သည်။
လက္ခဏာများ
- လက်တုန်ယင်နေတတ်ခြင်း
- ကိုယ်လက်လှုပ်ရှားမှု ပြဿနာများဖြစ်ခြင်း
- သတိမေ့လွန်းခြင်း
- လမ်းလျှောက်ရာတွင် ခက်ခဲခြင်း
- စိတ်အပြောင်းအလဲ များခြင်း
- စိတ်တက်၊ စိတ်ကျ ဖြစ်လွယ်ခြင်း
နောက်ဆက်တွဲ ပြဿနာများ
- အသည်းရောင်ခြင်း
- အသည်းခြောက်ခြင်း
- အသည်း အလုပ်မလုပ်နိုင်တော့ခြင်း
- ပါကင်ဆန် (Parkinsonism)
စစ်ဆေးမှုများ
- ဆီးစစ်ခြင်း
- အသည်း လုပ်ငန်းများ စစ်ဆေးခြင်း
- သွေးတွင်း Copper တိုင်းတာခြင်း
- အသည်း Biopsy အသားစယူ စစ်ဆေးခြင်း
- သံလိုက်ဓါတ်မှန် MRI ရိုက်ခြင်း
ကုသခြင်း
- Copper ဓါတ်ကြွယ်ဝသော (ကလီစာ၊ ချောကလက်၊ မှိုစသည်) တို့ကို ရှောင်ရှားခြင်း
- Copper ဓါတ်ကို ပြယ်စေသော ဆေးများပေး၍ ကုသခြင်း
- အသည်းအစားထိုး ကုသခြင်း
Ref: Oxford Handbook of Clinical Medicine
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
