အရက်အဆိပ်သင့်ခြင်း (Alcohol Poisoning)
13-Aug-2018အရက်အဆိပ်သင့်ခြင်းသည် အသက်ဆုံးရှုံးစေသည်အထိ ကြောက်ဖို့ကောင်းသော အရက်အလွန်အကျွံသောက်ခြင်း၏ ဆိုးကျိုးဖြစ်ပါသည်။ အရက်အများကြီးအချိန်တိုအတွင်းသောက်ပါက အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်း၊ ကိုယ်အပူချိန်နှင့် ခန္ဓာကိုယ်တုံ့ပြန်မှုများကို ထိခိုက်စေပြီး သတိလစ်ခြင်းနှင့် သေဆုံးသည်အထိ ပြင်းထန်နိုင်ပါသည်။ အရက်တွင်ပါဝင်သည့် အခြားပစ္စည်းများမှာ အရက်ပါသောဖျော်ရည်များ၊ ပါးစပ်ဆေးရည်များ၊ ဟင်းချက်ပစ္စည်းအချို့၊ ဆေးဝါးများ၊ သန့်ရှင်းရေးပစ္စည်းများ၊ အလှကုန်ပစ္စည်းများနှင့် အချို့အိမ်သုံးပစ္စည်းများတို့ဖြစ်သည်။
လက္ခဏာများ
·
စိတ်ရှုပ်ထွေးခြင်း
·
ပျို့အန်ခြင်း
·
တက်ခြင်း
·
အသက်ရှူနှေးခြင်း
·
အသက်ရှူမူမမှန်ခြင်း
·
အသားများပြာနှမ်း
သို့ ဖြူဖျော့လာခြင်း
·
ကိုယ်အပူချိန်ကျခြင်း
·
သတိလစ်မေ့မျော၍ခေါ်မရခြင်း
အရက်အဆိပ်သင့်ခြင်း ဖြစ်နိုင်၊မဖြစ်နိုင်သည် အောက်ပါအချက်များပေါ်တွင်မူတည်သည်။
·
ကိုယ်ခန္ဓာအချိုဒအစားနှင့်
အလေးချိန်
·
ကျန်းမာရေးဓာတ်ခံ
·
လတ်တလောစားထားသည့်အစားအသောက်
·
အရက်နှင့်တွဲ၍မှီဝဲထားသော
ဆေးဝါးများ
·
အရက်ပါဝင်မှုရာခိုင်နှုန်း
·
အရက်သောက်နှုန်း
·
သောက်သူ၏ခံနိုင်ရည်စွမ်းအား
တို့ဖြစ်သည်။
အရက်အလွန်အကျွံသောက်တယ်ဆိုတာ
ဘယ်လောက်လည်း။
·
အရက်အလွန်အကျွံသောက်သည်ဟု
သတ်မှတ်ရန်မှာ အမျိုးသားဆိုလျှင် ၂နာရီအတွင်း ၅ပက်နဲ့အထက်၊ အမျိုးသမီးဆိုလျှင်
၄ပက်နှင့်အထက် အရက်သေစာသောက်သုံးနှုန်းကို ဆိုလိုပါသည်။
အရက်တစ်ပက်ကို ဘယ်လိုသတ်မှတ်လည်း
- ဘီယာ (၅%အရက်)ဆိုလျှင် ၁၂အောင်စ
- မုယောအရက် (၇%အရက်)ဆိုလျှင် ၈-၉အောင်စ
- ဝိုင်အရက် (၁၂%အရက်)ဆိုလျှင် ၅အောင်စ
- အရက်ပြင်းများ (၄၀%အရက်)ဆိုလျှင် ၁.၅အောင်စ
နောက်ဆက်တွဲဆိုးကျိုးများ
·
သီးခြင်း၊ အစာနင်ခြင်း၊ အန်ထွက်ခြင်း၊
အန်ဖတ်ဆို့ခြင်း
·
အသက်ရှူရပ်ခြင်း
·
ရေဓာတ်ခမ်းခြောက်ခြင်း
·
သကြားဓာတ်ကျဆင်းပြီး တုန်တက်ခြင်း
·
အပူချိန်အကျလွန်ပြီး နှလုံးခုန်ရပ်နိုင်ခြင်း
·
နှလုံးခုန်မူမမှန်ခြင်း
·
ဦးနှောက်ထိခိုက်ခြင်း
·
အသက်သေဆုံးခြင်း
ဘယ်လိုစောင့်ကြည့်ကုသကြမလည်း။
·
အသက်ရှူနှုန်းထား နှင့်
အန်ဖတ်မဆို့စေရန် စောင့်ကြည့်ကာကွယ်ခြင်း
·
အောက်စီဂျင်ပေးခြင်း
·
အကြောထဲသို့ ရေဓာတ်ပြန်ဖြည့်ပေးခြင်း
·
နောက်ဆက်တွဲဆိုးကျိုးများမဖြစ်စေရန်
ဗီတာမင်နှင့် သတ္တုဓာတ်များ ပြန်ဖြည့်ပေးခြင်း
ပြင်းထန်ပါက
ကျောက်ကပ်ဆေးရသည်အထိ ရောက်သွားနိုင်ပါသည်။ အရေးပေါ်အခြေအနေဖြစ်သည့်အတွက်
ဆေးမီးတိုများနှင့်ကုခြင်းမှ အထူးရှောင်ကြဉ်ပါ။
မှားယွင်းနေသော အယူအဆများ
·
မူးနေစဉ် အိပ်ပစ်လိုက်ခြင်းသည်
မကောင်းပါ။ သတိလစ်သွားစေနိုင်ပါသည်။
·
ကော်ဖီပြင်းပြင်းသောက်ခြင်းသည်လည်း
မကယ်စွမ်းနိုင်ပါ။
·
ရေအေးနှင့်လောင်းချိုးခြင်းသည်လည်း
ရုတ်တရက်သတိလစ်စေနိုင်သည်။
·
လမ်းမြန်မြန်လျှောက်ခြင်းသည်လည်း
အကျိုးမထူးပါ။
ကာကွယ်ကုသနည်း
·
အရက်ကို ချင့်ချိန်၍ သောက်ပါ။
ဖြည်းဖြည်းပဲသောက်ပါ။
·
အစာမရှိပဲ အရက်ချည်းသောက်ခြင်းမှ
ရှောင်ကြဉ်ပါ။
·
အချင်းချင်းပညာပေးဆွေးနွေးပါ။
·
ကလေးငယ်များ
မတော်တဆသောက်မိခြင်းကင်းရန် အရက်နှင့်ပတ်သတ်သည်များကို သေချာသိမ်းဆည်းထားပါ။
Cr: Dr. Su Nay Ni Htay
Reference: NHS choices