ကလေးတွေမှာ ဖြစ်တတ်သော အမူအကျင့်များနှင့် ပုံမမှန်မှုများ
13-Aug-2018
ကလေးတစ်ယောက်ဧ။် အမူအကျင့်များသည် ပင်ကိုစရိုက် ၊ မိဘများဧ။်ပုံသွင်းမှု နှင့် ကလေးနှင့်မိဘအကြား ရင်းနီးဆက်ဆံပုံများကြောင့်ဖြစ်ပေါ်လာလေ့ရှိသည်။ အဓိက အားဖြင့် မိဘနှင့် ကလေးစောင့်ရှောက်သူများသည် ကလေးတစ်ယောက်၏ အမူအကျင့်နှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွင် အရေးပါအက္ခရာကျသူများဖြစ်သည်
ကလေးတစ်ယောက်အမူအကျင့်ကောင်းစေဖို့ မကြိုက်သောအမူအယာများကို ကိုင်တွယ်ရာတွင် အဆင်ပြေမ စိတ်ပျက်စရာများ ကြုံတွေ့ရတတ်သည်။ ဆုံးမသွန်သင်မှုအပေါ် ပြန်လှန်ခြင်း ခေါင်းမာခြင်း၊ ပြောင်းပြန်လုပ်ခြင်းတို့ တုံ့ပြန်တတ်သည်မှာလဲ ကလေးတို့သဘာဝပင်ဖြစ်ပြီး ထိန်းကျောင်းသူက လုပ်သင့်သည် မလုပ်သင့်သည်တို့ကိုစိတ်ရှည်ရှည် သင်ကြားပေးရန်လိုအပ်သည် ။ပုံစံအမျိုးမျိုးသော ဆုံးမနည်းများရှိသော်လည်း ကလေးများကို ချီးမြှောက်အားပေးခြင်းနည်းသည် အထိရောက်ဆုံးဖြစ်သည်။ မလုပ်သင့်သည်ကိုလုပ်နေလျှင်လည်း အကျိုးသင့်အကြောင်းသင့်ပြည့်စုံစွာ ရှင်းပြပြီးတားမြစ်ခြင်း ၊အနည်းငယ်စမ်းလုပ်ပေး၍ သူကိုယ်တိုင်မလုပ်သင့်သည်ကိုသိရှိစေခြင်း (ဥပမာ အပူမလောင်စေရန် အနည်းငယ်နွေးသောရေနွေးကို သူ့အားကိုင်ခိုင်းပြီးပူသည်ဆိုသည်ကို သိစေခြင်း) တို့ဖြင့်ဆုံးမသင့်သည်။ ကလေးများတွင် အလိုအပ်ဆုံးသည် ဂရုစိုက်ခံချင်ခြင်းဖြစ်သည် ။ ထို့ကြောင့် ကောင်းတာလုပ်နေလျှင် ဂရုစိုက်အားပေးပြီး မကောင်းတာလုပ်နေလျှင်ဂရုမစိုက်ဟန်ပြု၍ တားမြစ်နိုင်သည် ။
ဖြစ်လေ့ရှိသော အမူအကျင့်များ
-ဝုန်းဒိုင်းကြဲခြင်း - ပုံမှန်ကလေးများလည်း ဗိုက်ဆာသည့်အချိန်၊ အိပ်ချိန်မတိုင်ခင် ဖြစ်တတ်သည်။ ၉လအသက်မှစဖြစ်တတ်ပြီး ၂နှစ်ကျော်လျှင်ပျောက်သွားတတ်သည် ။
မကြာခဏဖြစ်နေခြင်းမျိုဆိုလျှင် ဖွံ့ဖြိုးမှုနောက်ကျသောကလေးများ ၊ အောတစ်ဇင် (autism) ကလေးများတွင်တွေ့ရတတ်သည် ။ ပုံမှန်ကလေးများကို အတင်းအကြပ်ဒဏ်ပေး အပြစ်ပေးခြင်းများမပြုလုပ်သင့်ပေ ။
-#မောင်နှမချင်း အနိုင်ယူ အနိုင်ကျင့်ခြင်း - မိဘများ၏ စိတ်ဝင်စားမှုရရန်လုပ်လေ့ရှိသည်။
ထို့ကြောင့်ညီညီမျှမျှ ဆက်ဆံအရေးပေးရန်လိုအပ်သည်။ အပြစ်ပေးလျှင်လည်း ညီတူညီမျှပေး မှန်မှန်ကန်ကန်ဆုံးဖြတ်ရှင်းပြပေးသင့်သည်
-စကားပြောထစ်အဖြစ်နေခြင်း ၊ ချောင်းဆိုးသံ ခဏခဏ အသုံးပြုနေခြင်း - ဖြစ်စေသော အကြောင်းရင်းတိတိကျကျ မရှိပေ။ စကားပြောဗေဒပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်
-အိပ်နေချိန်တွင် ပုံမမှန်ဖြစ်ခြင်းများ (အိပ်မပျော်ခြင်း ၊ အဟောက်လွန်ခြင်း ၊ နေ့ဘက်တွင်အိပ်ပျော်သွားခြင်း ၊ အိပ်ပျော်စဉ်ကိုယ်လက်များ အလှုပ်လွန်နေခြင်း၊လမ်းလျှောက်ခြင်း ၊ အိပ်မက်ဆိုးများမက်ခြင်းများ) လဲဖြစ်နိုင်သည် ။
ဖြစ်တတ်သော မူမမှန်ခြင်းများ
ဉာဏ်ရည်မပြည့်မီခြင်း (intellectual disability)
>cerebral palsy - မွေးကင်းစဦးနှောက်တွင် ပိုးဝင်ခြင်း ၊ ထိခိုက်ခြင်း ၊ လမစေ့ခြင်းတို့ကြောင့် ဖွံ့ဖြိုးမှုနည်းနေခြင်း
>autism spectrum disorder - ဦးနှောက်ဖွံဖြိုးမှုနည်းခြင်းကြောင့် လူမှုဆက်ဆံရေး ၊ အပြော အကြား စွမ်းရည်နိမ့်ကျခြင်း
လူမှုဆက်ဆံရေး ချို့ယွင်းခြင်း(communication disability)
>Dyspraxia
>Dyslexia
>attention deficit hyperactivity
>oppositional defiant disorder
>Tic disorder
Ref ; John Murtagh
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
