ဖိစီးမှုကြောင့် ဖြစ်ပေါ်လာသော နှလုံးရောဂါစု
16-Aug-2018
အကျဉ်းရှင်းလင်းချက်
ဤရောဂါသည် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများခြင်း(မိသားစုဝင် သို့မဟုတ် ချစ်ခင်ရသူ ရုတ်တရက် ဆုံးပါးသွားခြင်း)၊ စိတ်ဟော်မုန်းအတက်အကျမြန်ခြင်း နှင့် ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုများခြင်း တို့ကြောင့် ရုတ်တရက် ရင်ဘတ်အောင့်၍ နှလုံးကို ထိခိုက်သွားပြီး ဖြစ်ပေါ်လာသော နှလုံးရောဂါစုဖြစ်ပါသည်။
လက္ခဏာများ
- ရင်ဘတ်အောင့်ခြင်း
- အသက်ရှုမဝခြင်း
ဖြစ်ပွားရသော အကြောင်းရင်းများ
- အဓိကဖြစ်ပွားစေသော အကြောင်းအရင်းကတော့ မသိရှိသေးပါ။
- အခြား စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖြစ်စေနိုင်သော အကြောင်းအရင်းများမှာ-
. မိမိချစ်သော တစ်ယောက်ယောက် ရုတ်တရက် ဆုံးပါးသွားသော သတင်းကို ကြားမိခြင်း
. မိမိတွင် ထိတ်လန့်ဖွယ်ရောဂါ တစ်ခုခုရှိနေပြီဟု ကြားသိရခြင်း ( ဥပမာ- ကင်ဆာရောဂါ၊ AIDS ရောဂါ )
. အိမ်တွင်း အကြမ်းဖက် ခံရခြင်း
. ရုတ်တရက် ထီပေါက်ခြင်း၊ ချမ်းသာခြင်း၊ အောင်မြင်ခြင်း ( သို့မဟုတ်) ရုတ်တရက် ပိုက်ဆံများ ဆုံးရှုံး၍
ဆင်းရဲသွားခြင်း၊ အလုပ်ပြုတ်သွားခြင်း
. ပြင်းထန်စွာ အငြင်းပွားခြင်း ၊ အလန့်တကြား ပါတီပြုလုပ်ပေးခြင်း
. မိသားစုပြိုကွဲသွားခြင်း
. ရုတ်တရက် ရင်ကြပ်ရောဂါ ပြင်းထန်လာခြင်း၊ ကားတိုက်မှုဖြစ်ခြင်း၊ အကြီးစားခွဲစိပ်မှု ပြုလုပ်ရခြင်း
. ဖိစီးမှုဖြစ်စေသော ဟော်မုန်းများရုတ်တရက် ဆောင့်တက်စေသည့် ဆေးဝါးများ သုံးစွဲမိခြင်း တို့ကြောင့် ဖြစ်စေနိုင်ပါသည်။
ဖြစ်နိုင်ချေများသူများ
- အသက် ၅၀ ကျော်အမျိုးသမီးများ
- ဦးနှောက်နှင့် အာရုံကြောပိုင်းဆိုင်ရာ အတက်ရောဂါ ရှိသူများ
- စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာ တစ်ခုခု ခံစားနေရသောသူ တို့တွင် ဖြစ်နိုင်ချေများပါသည်။
နောက်ဆက်တွဲ ပြဿနာများ
- အဆုတ်တွင် ရေအိုင်၍ အဆုတ်ယောင်ခြင်း
- သွေးပေါင်ကျခြင်း
- နှလုံးခုန်နှုန်း မမှန်ခြင်း
- နှလုံးတစ်ခုလုံး ယိုယွင်းပျက်စီးခြင်း အထိ ဖြစ်နိုင်ပါသည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
အချိန်ကြာရှည်စွာ ရင်ဘတ်အောင့်ခြင်း ၊ နှလုံးခုန်နှုန်း အရမ်းမြန်ခြင်း(သို့မဟုတ်) ပုံမမှန်ခြင်း၊ လှုပ်လှုပ်ရှားရှား အလုပ်တစ်ခုခု လုပ်ပြီးတိုင်း အသက်ရှုမဝခြင်း တို့ဖြစ်လာလျှင် ဆရာဝန်နှင့်ချက်ချင်းသွားရောက်ပြသသင့်ပါသည်။
စစ်ဆေးမှုများ
- ဆရာဝန်မှ ရောဂါဖြစ်စဉ်ကို သေချာမေးမြန်း၍ စစ်ဆေးခြင်း
- အီးစီဂျီ ဆွဲခြင်း
- ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း
- နှလုံးကို သံလိုက်ဓာတ်မှန်ရိုက်ခြင်း
- နှလုံးသွေးကြောထဲသို့ ဆေးထိုးထည့်၍ နှလုံးသွေးကြောများကို ကြည့်ခြင်း
ကုသခြင်း
ဤရောဂါအတွက်တော့ သီးသန့်ဆေးမရှိပါ။သို့သော် ဤရောဂါကို ဖြစ်စေနိုင်သော တခြား နှလုံးရောဂါအခြေခံ အကြောင်းအရင်း တွေကိုတော့ ဆေးဝါးများဖြင့် ကုသနိုင်ပါသည်။
ကာကွယ်ခြင်း
ကာကွယ်ခြင်းအနေနဲ့ ဤရောဂါ ဖြစ်စေနိုင်သော အကြောင်းအရင်းများကို ရှောင်ကြဉ်သင့်ပါသည်။
Credit : Dr. Tun Nandar Linn
Reference : Mayo Clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
