Down Syndrome
16-Aug-2018
အကျဉ်းရှင်းလင်းချက်
Down Syndrome ဆိုသည်မှာ ခရိုမိုဆုမ်း (chromosome) နံပါတ် ၂၁ တွင် မျိုးရိုးဗီဇ ပစ္စည်း အပိုပါရှိနေခြင်းကြောင့် ဖြစ်ပွားသော မျိုးရိုးဗီဇဆိုင်ရာ ရောဂါတစ်မျိုးဖြစ်သည်။ ၎င်းရောဂါသည် ဉာဏ်ရည် နှင့် ကြီးထွား ဖွံ့ဖြိုးမှုတို့ကို တစ်သက်တာ ထိခိုက်စေနိုင်သည်။ တစ်ဦးနှင့် တစ်ဦး ဆိုးရွားမှု မတူညီနိုင်ပါ။ Down syndrome သည် အဖြစ်များဆုံး မျိုးရိုးဗီဇဆိုင်ရာ ရောဂါဖြစ်ပြီး ကလေးသူငယ်များ သင်ယူမှု ချို့ယွင်းခြင်းဧ။် အဓိက အကြောင်းရင်းလည်းဖြစ်သည်။
လက္ခဏာများ
ဒီရောဂါ ဖြစ်ပွားနေသော ကလေးများတွင် ထူးခြားသော မျက်နှာသွင်ပြင်လက္ခဏာ ရှိကြသည်။ တစ်ဦးနှင့် တစ်ဦး မတူတတ်ပေ။ တွေ့ရများသော လက္ခဏာများထဲမှ အချို့မှာ
- မျက်နှာသွင်ပြင် ပြားခြင်း (သို့) ပြန့် ခြင်း
- ဦးခေါင်းသေးခြင်း
- လည်ပင်းတိုခြင်း
- လျှာ တစ်လစ် ထွက်နေခြင်း
- မျက်လုံးမှာ အပေါ်သို့ စွေနေခြင်း
- ပုံမှန်မဟုတ်သော နားရွက် (သို့) နားရွက်သေးခြင်း
- ကြွက်သားအားအင် လျော့နည်းခြင်း
- ကျယ်ပြန့်၍ တိုသောလက်နှင့် လက်ဖဝါးအလယ်တွင် ထင်ရှားသော အရေးကြောင်းတစ်ခု ပါရှိခြင်း
-လက်ချောင်းများတိုခြင်း၊ ခြေလက်တို့ သေးငယ်ခြင်း
- အရပ်ပုခြင်း
ဖြစ်ပွားရသော အကြောင်းရင်းများ
Down Syndrome သည် ခရိုမိုဆုန်း နံပါတ် ၂၁ ဆဲလ်ကွဲရာတွင် မူမမှန်မှုကြောင့် ဖြစ်လာခြင်းဖြစ်သည်။
ဖြစ်နိုင်ချေများသူများ
၁။ ကိုယ်ဝန်ဆောင်မည့် မိခင်ဧ။် အသက်ကြီးလာသည်နှင့် အမျှ Down Syndrome ကလေး မွေးဖွားရန် အခွင့်အလမ်းသည်လည်း များလာသည်။
ဥပမာ - အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်လျှင် Down Syndrome ကလေး မွေးဖွားနိုင်ချေသည် အယောက် ၃၅၀ တွင် ၁ ယောက် ၊ အသက် ၄၀ မှ ကိုယ်ဝန်ဆောင်လျှင် အယောက် ၁၀၀ တွင် ၁ ယောက်၊ အသက် ၄၅ နှစ်ဆိုလျှင် အယောက် ၃၀ တွင် ၁ ယောက် မွေးဖွားရန် အခွင့်အလမ်းများ ရှိသည်။
၂။ ပထမ ကလေးသည် Down Syndrome အဖြစ် မွေးဖွားထားလျှင် ဒုတိယကလေး Down ဖြစ်ရန် ဖြစ်နိုင်ချေမှာ အယောက် ၁၀၀ တွင် ၁ ယောက်ရှိသည်။
၃။ မိခင် ဖခင်ကိုယ်တိုင်က သယ်ဆောင်သူ ဖြစ်နေခြင်း
သယ်ဆောင်သူမှာ ဖခင် ဖြစ်လျှင် ဖြစ်နိုင်ချေမှာ ၃%
မိခင်ဖြစ်လျှင် ၁၀% မှ ၁၅%
နောက်ဆက်တွဲ ပြဿနာများ
- နှလုံးရောဂါ ... Down Syndrome ခံစားနေရသော ကလေးများထဲမှ တစ်ဝက်မှာ နှလုံးရောဂါ တစ်မျိုးမျိုးဖြင့် မွေးဖွားတတ်ကြသည်။ ၎င်းပြသာနာမှာ အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်နိုင်ပြီး ခွဲစိတ်ကုသရန် လိုအပ်တတ်သည်။
- သွေးကင်ဆာ ဖြစ်နိုင်ချေများသည်။
- ကိုယ်ခံအား မူမမှန်မှုကြောင့် ရောဂါပိုး ကူးစက်နိုင်ခြေ များသည်။
- မှတ်ဉာဏ် ချို့ယွင်းမှု
- အိပ်ပျော်နေစဉ် အသက်ရှူ ခဏရပ်ခြင်း
- အဝလွန်ခြင်း
- အခြားပြဿနာများ ... အသက်ငယ်ငယ်နှင့် သွေးဆုံးခြင်း၊ တက်ခြင်း၊ အကြားအာရုံချို့တဲ့ခြင်း၊ အရေပြားပြဿနာများ...
စစ်ဆေးမှုများ
၁။ Screening test - ကိုယ်ဝန်ဆောင်ချိန်တွင် စစ်ဆေးနိုင်သည်။ ( မိခင်၏ Down Syndrome ကလေး မွေးနိုင်သော ဖြစ်နိုင်ချေကို တွက်ပေးခြင်း )
၂။ Diagnostic test - မိမိ ကိုယ်ဝန်ဆောင်နေသော ကလေးသည် Down Syndrome ဟုတ် မဟုတ် သိနိုင်။
(၁) ရေမွှာဆန်းစစ်မှု --> ကိုယ်ဝန်အပတ် ၁၅ ပတ် ကျော်လျှင် စစ်ဆေးနိုင်
(၂) သန္ဓေမြှေးပါးအိတ်မှ အသားစကို စစ်ဆေးခြင်း --> ကိုယ်ဝန်ပတ် ၁၀ ပတ်ကျော်လျှင် စစ်ဆေးနိုင်
(၃) ချက်ကြိုးသွေးမှ စစ်ဆေးခြင်း --> ရက်သတ္တပတ် ၁၈ ပတ်မှ ၂၂ ပတ် အတွင်း
ကုသခြင်း
- Down Syndrome ကလေးတစ်ယောက်အတွက် ကလေး၏ လိုအပ်ချက် (သို့) ရောဂါပေါ် မူတည်၍ ကုသမှုပေးရမည်။ ကလေးအထူးကုဆရာဝန် အပါအဝင် စကားပြောစွမ်းရည်၊
နေ့စဉ်နေထိုင်မှုလုပ်ဆောင်ချက်များ တိုးတက်အောင် လေ့ကျင့်ပေးသည့် Speech pathologist ၊ Occupational therapist များလည်း ပါဝင်သည်။
ကာကွယ်ခြင်း
- ကာကွယ်ရန် နည်းလမ်းမရှိပါ။ Down Syndrome ကလေးမွေးနိုင်ချေများသူ (သို့) ကလေးမွေးဖူးသူများသည် ကိုယ်ဝန်မဆောင်မီ မျိုးရိုးဗီဇဆိုင်ရာ ရောဂါဆွေးနွေးမှုများ ကြိုတင်ပြုလုပ်နိုင်သည်။
Credit : Scarlett
Ref: Mayo Clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
