Tinea Versicolor (ညှင်း)
16-Aug-2018
အကျဉ်းရှင်းလင်းချက်
ညှင်း ဆိုသည်မှာ
အဖြစ်များသည့် အရေပြား မှိုစွဲသည့် ရောဂါတစ်မျိုးဖြစ်သည်။ အရေပြားတွင် ညှင်း
စတင်ကူးစက်ခံရသောအခါ မှိုများက အရေပြား၏ အရောင်လုပ်ငန်းဆောင်တာများကို
နှောင့်ယှက်ရာမှ သေးငယ်သော အရောင်မရှိသည့် အကွက်များပေါ်လာခြင်းဖြစ်သည်။
ထိုညှင်းကွက်များသည် ကူးစက်ခံရသူ၏ အရေပြားအရောင်ထက် ပို၍အရောင်ဖျော့ (သို့)
ပို၍အရောင်ရင့်နေခြင်း လည်းရှိနိုင်သည်။ ညှင်းသည် ခန္ဓာကိုယ်အလယ်ပိုင်းနှင့်
ပုခုံးများတွင် အဖြစ်များလေ့ရှိသည်။
လူငယ်လူရွယ်များတွင်
ညှင်းပိုမိုဖြစ်လေ့ရှိ၍ နေရောင်ထိပါက ပိုဆိုးလေ့ရှိသည်။ ညှင်းကြောင့် နာခြင်း၊
အသက်အန္တရာယ်ထိခိုက်နိုင်ခြင်း များမရှိပါ။ သို့ရာတွင် ညှင်းရှိခြင်းကြောင့်
စိတ်မလုံမလဲဖြစ်ခြင်း၊ မိမိတွင် အရေပြားရောဂါရှိနေသည်ကို အခြားလူများသိသွားမည်ကို
စိုးရိမ်ခြင်း စသည့် စိတ်နှင့်သက်ဆိုင်သည့် ကိစ္စများဖြစ်တတ်သည်။
ညှင်းသည် မှိုရောဂါဖြစ်၍
မှိုသတ်ဆေးပါသည့် လိမ်းဆေး၊ ခေါင်းလျှော်ရည် တို့အသုံးပြု၍ ပျောက်ကင်းအောင်
ကုသနိုင်သည်။ ညှင်းကိုအရှင်းကုသပျောက်ကင်းပြီးသော်လည်း ညှင်းဖြစ်ခဲ့သည့်
အရေပြားပံှမှန်ပြန်ဖြစ်ရန် ရက်မှလအထိ ကြာမြင့်နိုင်သည်။ ညှင်းသည်
နွေးပြီးစိုစွတ်သော ရာသီဥတုတွင် ပြန်ဖြစ်တတ်သည်။
လက္ခဏာများ
ညှင်းဖြစ်ပါက
တွေ့ရှိရသည့် ရောဂါလက္ခဏာများမှာ
-
ယားယံခြင်း
-
အရေခွံကွာခြင်း
- အထူးသဖြင့် ကျော၊ ရင်ဘတ်၊ လည်ပင်း၊ လက်မောင်း စသည်တို့တွင် အရေပြားအရောင်ထက် ဖျော့ (သို့) မဲသော အကွက်များ ပေါ်လာခြင်း
ညှင်းသည်
ကျန်းမာသည့် အရေပြားမှာပင်ဖြစ်သည်။ ထိုပြင် ညှင်းသည် သေချာကုသလျှင် ပျောက်ကင်းသည့်ရောဂါဖြစ်၍
ပြသနာမရှိပါ။ ပွားလာမှသာ ပြသနာရှိသည်။ ထိုသို့ ပွားစေသည့် အရာများမှာ
-
ပူ၍စိုစွတ်သော
ရာသီဥတု
-
အဆီထွက်များသော
အရေပြား
-
ဟောမုန်းဓာတ်
ပြောင်းလဲချိန်
-
ကိုယ်ခံအား
လျော့နည်းနေသည့်အချိန် တို့ဖြစ်သည်။
စစ်ဆေးမှုများ
ညှင်းဟုတ်သည်၊
မဟုတ်သည်ကို ဆရာဝန်က ဖြစ်သည့်နေရာကို စမ်းသပ်စစ်ဆေး၍ သိနိုင်သည်။ ဆရာဝန်က ညှင်းဟုသေချာမပြောနိုင်သည့်
အခြေအနေနှင့် ကြုံတွေ့ရပါက ညှင်းဖြစ်သည့် အရေပြားကို ခြစ်ယူကာ အဏုကြည့် မှန်ပြောင်း
(microscope) ဖြင့် ကြည့်ရှုခြင်းဖြင့် သိနိုင်ပါသည်။
ကုသခြင်း
ညှင်းစတင်ဖြစ်၍ ဆေးဆိုင်ကပေးသည့်
ဆေးနဲ့မသက်သာသောအခါ ဆရာဝန်ညွှန်ကြားသည့် လိမ်းဆေး၊ သောက်ဆေး အသုံးပြုရန်
လိုအပ်ပါသည်။ ညှင်းကိုအရှင်းကုသပျောက်ကင်းပြီးသော်လည်း ညှင်းဖြစ်ခဲ့သည့် အရေပြား
ပုံမှန်ပြန်ဖြစ်ရန် အချိန် ရက်မှလအထိကြာနိုင်ပါသည်။ မကြာခဏပြန်ဖြစ်သည့်
ကိစ္စများတွင် ဆေးကို တစ်လတစ်ကြိမ် (သို့) နှစ်ကြိမ် သောက်၍
ကြိုတင်ကာကွယ်နိုင်ပါသည်။
ညှင်းဖြစ်နေသည့်နေရာကို ဆေးပြီး
ခြောက်သွေ့အောင် ပြုလုပ်ပြီးမှ လိမ်းဆေးလိမ်းရပါမည်။ တစ်နေ့ တစ်ကြိမ် (သို့)
နှစ်ကြိမ် အနည်းဆုံး နှစ်ပတ်လိမ်းရပါမည်။ လိမ်းဆေးသည် မှိုသတ်ပေးသည့်အပြင်
နေရောင်တွင်ပါရှိသည့် UV ရောင်ခြည်ကိုလည်း အထိုက်အလျောက်ကာကွယ်ပေးသည်။ မှိုသတ်သည့်
ဆေးပါသည့် ခေါင်းလျှော်ရည်အသုံးပြုပါကလည်း ငါးမိနစ် မှ တစ်ဆယ်မိနစ် ကြာပြီးမှ
ရေနှင့်ဆေးရပါမည်။
ကာကွယ်ခြင်း
ဆရာဝန်မှ ညှင်းနောက်ထပ်ပြန်မဖြစ်စေရန်
လိမ်းဆေးပေး၍ ကြိုတင်ကာကွယ်ခြင်းကို ပြုလုပ်နိုင်ပါသည်။ ထိုသို့ကြိုတင်ကာကွယ်ရာတွင်
လိမ်းဆေးကို တစ်လလျှင် တစ်ကြိမ် (သို့) နှစ်ကြိမ် သာလိမ်းရမည့်အပြင်
ညှင်းပိုမိုဖြစ်လေ့ရှိသည့် ပူနွေးစိုစွတ်သည့် ရာသီဥတု တွင်သာလိမ်းရန် လိုအပ်ပါသည်။
Ref; Mayo clinic
Translated by – Dr.PPA
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
