တာကာယာစု (သို့) သွေးကြောကြီးရောင်ရောဂါ
16-Aug-2018
တာကာယာစု (သို့) သွေးကြောကြီးရောင်ရောဂါသည် နှလုံးသွေးလွှတ်ကြောမကြီး (သို့) နှလုံးသွေးလွှတ်ကြောမကြီးမှတစ်ဆင့် ပေးသော သွေးကြောများ ရောင်ရမ်းသော ရောဂါဖြစ်သည်။သက်လတ်ပိုင်း အမျိုးသမီးများတွင် အဖြစ်များသည်။
ရောဂါလက္ခဏာများ
. မောပန်းလွယ်ခြင်း
. ရင်ဘတ်အောင့်ခြင်း
. ဖျားခြင်း
. ကိုယ်အလေးချိန်လျော့ကျခြင်း
. ခေါင်းမူးခြင်း
. အသက်ရှု မဝ ခြင်း
. ခြေဆစ် လက်ဆစ် များ အေးခြင်း ထုံခြင်း ကိုက်ခြင်း
နောက်ဆက်တွဲ ပြဿနာများ
. သွေးပေါင်တက်ခြင်း
. နှလုံးကြွက်သားရောင်ရမ်းခြင်း
. နှလုံးလုပ်ငန်းဆောင်တာ ပျက်စီးခြင်း
. လေဖြတ်ခြင်း လေဖြန်းခြင်း
. သွေးကြောထုံးခြင်း (aneurysm)
ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များ
. ရောဂါကို စောစီးစွာသိရှိလျှင် ကုသရာ၌ အကျိုးများသည်။
ထို့ကြောင့် ဖော်ပြပါရောဂါလက္ခဏာများ ဖြစ်ပေါ်လာလျှင် ဆရာဝန်နှင့် ပြသရန်လိုအပ်သည်။
. တာကာယာစု (သို့) သွေးကြောကြီးရောင်ရောဂါရှိသော အမျိုးသမီးများ ကိုယ်ဝန်ဆောင်ပါက သားဖွားမီးယပ်ဆရာဝန်ကြီးများနှင့် ဗိုက်အပ်ခြင်း ရက်ချိန်းပုံမှန်ပြခြင်း စသည်တို့ ပုံမှန် ပြုလုပ်သင့်သည်။
စစ်ဆေးမှုများ
. သွေးစစ်ခြင်း - ESR , C reactive protein
. သွေးကြောဓာတ်မှန်ရိုက်ခြင်း( angiography)
. သံလိုက်ဓာတ်မှန် ရိုက်ခြင်း ( MRI)
.ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း ( CT)
. အာထရာဆောင်း ရိုက်ခြင်း (USG)
. PET scan
ကုသခြင်း
. ငါးပိ ငါးခြောက် ငံပြာရည်၊ အငန်ဓာတ်ပါသော အစားအစာ များ၊ အရက်ဆေးလိပ် ကွမ်းယာ စသည်တို့ကို ရှောင်ကြဉ်ခြင်း။
. တစ်နေ့လျှင် နာရီဝက်ခန့် လမ်းလျှောက်ခြင်း။
. ဆရာဝန် ညွှန်ကြားသော သွေးကြောရောင်ကျစေများ ၊ စတီးရွိုက်ပါသော ဆေးများ သောက်ရန် လိုအပ်သည်။
. နှလုံးသွေးကြောလမ်းကြောင်းလှွဲ ခွဲစိတ်ကုသခြင်း၊ နှလုံးသွေးကြောချဲ့ခြင်း၊ နှလုံးအစို့ရှင် လဲ ခြင်းတို့ ပြုလုပ်နိုင်သည်။
Dr. Zin BO Tun
Ref- NHS choices & Mayo Clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
