Sickle Cell Anaemia
16-Aug-2018
Sickle Cell Anaemia သည် ခန္ဓာကိုယ်တွင် အောက်ဆီဂျင်
သယ်ဆောင်ပေးမည့် သွေးနီဥများ အလုံအလောက် မရှိသောကြောင့် ဖြစ်လာသော သွေးအားနည်းရောဂါ
တစ်မျိုး ဖြစ်ပါသည်။
လက္ခဏာများ
Sickle Cell Anaemia ၏ လက္ခဏာများ အနေဖြင့်
- သွေးအားနည်းခြင်း
- အရိုးအဆစ်များ
နာကျင်ခြင်း
- ခြေလက်များ
ရောင်ခြင်း
- တခြား
ရောဂါပိုးများ မကြာခဏ ဝင်ရောက်ကာ ဖျားခြင်း
- ကြီးထွားမှုနှုန်း
ရပ်တန့်သွားခြင်းနှင့်
- အမြင်အာရုံ
ထိခိုက်လာခြင်းတို့ ဖြစ်စေနိုင်ပါသည်။
ဖြစ်ပွားရသောအကြောင်းရင်းများ
Sickle Cell Anaemia သည် Haemoglobin ထုတ်ပေးသော
မျိုးရိုးဗီဇတွင် ချို့ယွင်းမှုများ ဖြစ်သွားသောကြောင့် ပုံမမှန် Haemoglobin ဖြစ်လာပြီး
သွေးနီဥများကို မာစေကာ တစ်ခုနှင့်တစ်ခု ကပ်ရာမှတဆင့် ရောဂါဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ဖြစ်နိုင်ချေများသူများ
Sickle Cell Anaemia သည် မျိုးရိုးလိုက်တတ်သည့်အတွက်
မိဘများတွင် ရောဂါ ရှိလျှင် မိမိတွင်လည်း ရှိနေတတ်သည်။
နောက်ဆက်တွဲပြဿနာများ
နောက်ဆက်တွဲ
ရောဂါများ အနေဖြင့်
.
လေဖြတ်ခြင်း
.
Acute chest syndrome ( ရင်ဘတ်အောင့်ခြင်း၊ ဖျားခြင်းနှင့် အသက်ရှုရ ခက်ခဲခြင်း) တို
့ဖြစ်ကာ အရေးပေါ် ဆေးကုသမှု ခံယူရန် လိုအပ်ခြင်း
.
အဆုတ်ထဲတွင် ဖိအား များလာခြင်း
.
ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွားခြင်း
.
အမြင်အာရုံ ဆုံးရှုံးသွားခြင်း
.
အရေပြား အနာပေါက်ခြင်း
.
သည်းခြေကျောက်တည်ခြင်း
ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ
Sickle Cell Anaemia၏ လက္ခဏာများ စတင် ခံစားရသည်နှင့် နီးစပ်ရာ ဆေးရုံဆေးခန်းသို့သွားရောက်ပြသကာ ဆေးကုသမှု ခံယူသင့်ပါသည်။
စစ်ဆေးမှုများ
ရောဂါအခြေအနေအကြောင်း မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများ
အပြင် သွေးစစ်ခြင်း ပြုလုပ်၍ ရောဂါရှာဖွေနိုင်ပါသည်။
ကုသခြင်း
Sickle Cell Anaemia အားကုသရာတွင် တခြားရောဂါများ ဝင်ရောက်ခြင်းအား ကုသရန်အတွက် ပိုးသတ်ဆေးများ ပေးခြင်း၊ အကိုက်အခဲ ပျောက်ဆေးများ ပေးခြင်းများ အပြင် သွေးသွင်းခြင်း၊ အောက်ဆီဂျင်များ ပေးခြင်းနှင့် ရိုးတွင်းခြင်ဆီ အစားထိုး ကုသခြင်းများနှင့် ကုသနိုင်ပါသည်။
ကာကွယ်ခြင်း
Sickle Cell Anaemia သည် မျိုးရိုးဗီဇကြောင့်
ဖြစ်သည့်အတွက် မိဘများတွင် ရောဂါရှိနေလျှင် မိမိတွင်လည်း ရောဂါရှိမရှိ စစ်ဆေးခြင်း
(သို့) နိုင်ငံခြားတွင်မူ မိမိတွင် ရောဂါရှိနေလျှင်လည်း ရင်သွေးတွင် ပါမပါ သန္ဓေသားဘဝကတည်းက
စစ်ဆေးခြင်းများပါ ပြုလုပ်နိုင်ပါသည်။
Paing
Ref:
Mayo clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
