Puerperium or post-partum psychosis (မီးတွင်းစိတ်ကစဉ့်ကလျားဖြစ်ခြင်း)
16-Aug-2018
မီးတွင်းစိတ်ကစဉ့်ကလျားဖြစ်ခြင်း
ဆိုသည်မှာ ကလေးမီးဖွားပြီးချိန် စိတ်အခန့်မသင့်၍ စိတ်ထိခိုက်သွားခြင်းကို ဆိုလိုပါသည်။
လက္ခဏာများ
မွေးပြီးနှှစ်ပတ်အတွင်း
ရောဂါလက္ခဏာများ ပေါ်ပေါက်နိုင်သည်။ အချို့သူများတွင် ကလေးနို့ဖြတ်လိုက်သောအချိန်၊ ကလေးမွေးပြီးနောက်
ရာသီပြန်ပေါ်သောအချိန်တွင်လည်း ဖြစ်နိုင်ပါသည်။
-Hallucinations
အမှန်တကယ် မရှိသည့်အရာများကို မြင်ခြင်း၊ကြားခြင်း
-Delusions
ထင်ယောင်ထင်မှားဖြစ်ခြင်း။
Hallucinations
and Delusions ပေါင်း၍ မြင်နေ၊ကြားနေသောအတွေးများ၊
လှုပ်ရှားမှုများပြောင်းလဲနိုင်သည်။
ထို့အပြင်
Mania မိမိသာအကောင်းဆုံး၊အတော်ဆုံုးဟုထင်ခြင်း
-Paranoia
အကြောက်လွန်ခြင်း
-Depression
စိတ်ကျဝေဒနာ
-Severe
confusion ဆိုးရွားစွာစိတ်ရှုပ်ထွေးခြင်းတို့ သူမတွင် ဖြစ်ပေါ်ခံစားရနိုင်ပါသည်။
အထက်ပါလက္ခဏာများကို
လျင်မြန်စွာပြောင်းလဲပြီး ခံစားရနိုင်ပါသည်။ စိတ်အတက်အကျကိုလည်း တစ်ချိန်တည်းမှာပင်
ခံစားရနိုင်သည်။
မီးတွင်းစိတ်ကစဉ့်ကလျားရောဂါသည်
ဖြစ်သည်နှင့်လျှင်မြန်စွာ ကုသသင့်သောရောဂါဖြစ်သည်။ မကုသဘဲ တာရှည်စွာထားပါက ကလေးရော၊
မိခင်ကိုယ်တိုင်တွင်ပါ အန္တရာယ်ရှိသည်။
ဖြစ်ပွားရသောအကြောင်းရင်းများ
မည်သည့်အကြောင်းကြောင့် ဖြစ်ပွားရသည်ကို ရှင်းလင်းစွာမသိရှိသေးပါ။ ဟော်မုန်းအပြောင်းအလဲနှင့် အိပ်ချိန်အပြောင်းအလဲတို့လည်း ပါဝင်ပတ်သက်နေသည်။ ထို့အပြင မျိုးရိုးဗီဇနှင့်လည်း စပ်ဆိုင်နိုင်သည်ဟု ယူဆကြသည်။အရေးကြီးသည်မှာ မီးတွင်းစိတ်ကစဉ့်ကလျားဖြစ်သည့်ရောဂါသည် မိခင်ကကလေးကိုမလိုချင်ခြင်း၊ စိတ်ဖိစီးမှုများနှင့် မိခင်၏ပြုလုပ်မှုများနှင့် မသက်ဆိုင်ပါ။
ဖြစ်နိုင်ချေများသူများ
-ယခင်ကိုယ်ဝန်တွင်
၎င်းရောဂါဖြစ်ဖူးလျှင်
-ယခင်
စိတ်ကစဉ့်ကလျားရောဂါ (schizophrenia)ရှိလျှင်
-မိဘဆွေမျိုးထဲတွင်
၎င်းရောဂါဖြစ်ဖူးလျှင်
ကုသခြင်း
မီးတွင်းစိတ်ကစဉ့်ကလျားရောဂါသည်
စိတ်ရောဂါအရေးပေါ်အခြေအနေဖြစ်သည့်အတွက် ဆေးရုံတွင် ကုသမှုခံယူရန် လိုအပ်ပေသည်။
ဆေးဝါးများအနေဖြင့်
-စိတ်ကျရောဂါပျောက်ဆေး(Anti-depressant)
-စိတ်ငြိမ်ဆေး(
Mood stabilizing drug)
-စိတ်အားဆေး(
Antipsychotic)
ကာကွယ်ခြင်း
ကိုယ်ဝန်ဆောင်အမျိုးသမီး
မီးတွင်းစိတ်ကစဉ့်ကလျား ဖြစ်နိုင်သည့်အလားအလာ ရှိမရှိကို ကိုယ်ဝန်အပ်စဉ်တွင် မေးမြန်းလေ့လာပြီး
လိုအပ်ပါက ကြိုတင်၍ စိတ်ရောဂါကုဆရာဝန်နှှင့် ပြသရမည်။ ထိုရောဂါဖြစ်မဖြစ်ကို တိကျစွာစစ်ဆေးနိုင်သည့် စမ်းသပ်ပစ္စည်း မရှိသေးပါ။
Dr.hp(Healthcare.com.mm)
Ref:
NHS choices
Checked
by PTA
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
