Polymyalgia Rheumatica( ကြွက်သားရောင် လေးဘက်နာ)
16-Aug-2018
ကြွက်သားရောင်လေးဘက်နာဆိုသည်မှာ ပခုံး၊ လည်ပင်း၊ ပေါင်ရှိကြွက်သားတို့ တောင့်တင်းနာကျင်နေခြင်းကို ဆိုလိုပါသည်။အထူးသဖြင့် မနက်စောစောတွင် ပို၍ခံစားရလေ့ရှိပြီး နာကျင်ခြင်းသည် ၄၅မိနစ်ခန့် ကြာမြင့်နိုင်ပါသည်။
လက္ခဏာများ
- အဖျားတက်ခြင်း၊ ချွေးထွက်ခြင်း
- မောပန်းချည့်နဲ့ခြင်း
- အစားသောက်ပျက်ခြင်း
- ကိုယ်အလေးချိန်ကျခြင်း
- စိတ်ဓာတ်ကျခြင်း
ဖြစ်ပွားရသော အကြောင်းရင်းများ
မည်သည့်အကြောင်းကြောင့် ဖြစ်သည်ကိုမူ အတိအကျမသိပါ။ မွေးရာပါမျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်ပြောင်းလဲမှုအချက်တို့ကြောင့် ဖြစ်ပေါ်လာရပါသည်။အသက် ၇ဝကျော်လူကြီးများတွင် ပို၍ခံစားရလေ့ရှိပြီး အသက်၅ဝအောက်တွင် အဖြစ်နည်းသည်ကိုတွေ့ရပါသည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
- ရုတ်တရက် ပြင်းထန်စွာခေါင်းကိုက်လျှင်၊
- အစာစားလျှင် မေးရိုးကြွက်သားများ နာကျင်မှုပို၍ဆိုးလာလျှင်၊
- အစားဝါးချိန်တွင် လျှာအလွန်နာသည်ဟုခံစားရလျှင်၊
- အမြင်နှစ်ထပ်ဖြစ်၊သို့ အမြင်ဝေဝါးလာလျှင် ဆရာဝန်ထံသို့ ချက်ချင်းသွားရောက်ပြသသင့်ပါသည်။
စစ်ဆေးမှုများ
ကြွက်သားယောင်လေးဘက်နာအတွက် တိကျသေချာသော စစ်ဆေးချက်မရှိပါ။ အခြား အဆစ်ယောင်၊ အဆစ်နာကျင်ခြင်းကို ဖြစ်စေသည့် အကြောင်းရင်းများကို ဆန်းစစ်ဖယ်ထုတ်ရပါမည်။
ဥပမာ- သွေးလေးဘက်နာရောဂါအတွက် rheumatoid factor , anti-CCP Ab ရှာဖွေခြင်း၊ အခြား သွေးစစ်၊ဆီးစစ် ခြင်းတို့ပြုလုပ်နိုင်ပါသည်။
သွေးစစ်ခြင်း ESR , CRP စစ်ဆေးခြင်းတွင် နှစ်ခုလုံး negative ပုံမှန်အတွင်းဖြစ်နေပါက ကြွက်သားယောင်ရောဂါမရှိဟု သတ်မှတ်နိုင်ပါသည်။
အကယ်၍တစ်ခုခု positive ဖြစ်ခဲ့ပါက အခြားနာမကျန်းဖြစ်စေမည့် ရောဂါရှာဖွေပြီးမရှိမှသာ ကြွက်သားယောင်လေးဘက်နာဟု သတ်မှတ်ရပါမည်၊ အဘယ်ကြောင့်ဆိုသော် အခြားမည်သည့်ရောဂါတွင်မဆို ESR, သို့ CRP တတ်နေနိုင်သည့်အတွက်ကြောင့်ဖြစ်ပါသည်။
အရိုးအဆစ်များလည်း နာကျင်သည့်အတွက် အရိုးဓာတ်မှန်ရိုက်ခြင်း၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။
ကုသခြင်း
- စတီးရွိုက် steroid ဆေးပေး၍ကုသခြင်း၊
- ဆေးစသောက်ချိန်တွင် ဆေးပမာဏများများပေး၍ ကုသပြီး တဖြည်းဖြည်း လျော့သွားရပါမည်။ ၂နှစ်အထိ သောက်သုံးရပါမည်။
- ဆေးသောက်ပြီးသက်သာသွားသော်လည်း နောက်တစ်ကြိမ်ပြန်ဖြစ်နိုင်ချေ ရှိသောရောဂါဖြစ်ပါသည်။
အရေးကြီးသည်မှာ စတီးရွိုက်ဆေးများကို မိမိစိတ်သဘောအတိုင်းသောက်သုံးခြင်း၊ မိမိသဘောဖြင့် ဆေးရပ်ခြင်း မပြုလုပ်သင့်ပါ။ ဆရာဝန်နှင့် ပြသတိုင်ပင်ရပါမည်။ မိမိသဘောအတိုင်း ရုတ်တရက်ဆေးရပ်လိုက်ပါက ပို၍ဆိုးသည့် ရောဂါများကိုခံစားရနိုင်ပါသည်။
Ref: NHS Choices, UK
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
