Graves’ Disease ခေါ် သိုင်းရိုက်ဟော်မုန်းတက်သော ရောဂါတစ်မျိုး
16-Aug-2018Graves’ Disease ခေါ်
သိုင်းရိုက်ဟော်မုန်းတက်သော ရောဂါတစ်မျိုးသည် ခန္ဓာကိုယ်ခုခံအားမှ
အလိုအလျှောက်တုန့်ပြန်မှုကြောင့် သိုင်းရွိုက်ဟော်မုန်းများပိုထွက်လာသော
ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါဇစ်မြစ် တိတိပပမသိသော်ငြား ဆက်စပ်နေသော
အကြောင်းရင်းများမှာ
·
မိသားစုရောဂါရာဇဝင်
·
အသက်၄၀အောက်
အမျိုးသမီးများ
·
အခြား
ခန္ဓာကိုယ်ခုခံအားမှ အလိုအလျှောက်တုန့်ပြန်မှုကြောင့် ဖြစ်သောရောဂါများ (ဥပမာ
အမျိုးအစား(၁)ဆီးချို၊ သွေးလေးဘက်နာ)
·
စိတ်ဖိစီးမှု
·
မျိုးရိုးရှိသော
ကိုယ်ဝန်သည်မိခင်များ
·
ဆေးလိပ်သောက်ခြင်း
တို့ဖြစ်သည်။
ရောဂါလက္ခဏာများ
·
စိုးရိမ်ကြောင့်ကျခြင်းနှင့်
စိတ်မရှည်ခြင်း
·
လက်တုန်ခြင်း
·
အပူဒဏ်မခံနိုင်ခြင်း၊
အသားအရေစိုစွတ်/ချွေးထွက်လွယ်ခြင်း
·
အစားအသောက်စားဝင်နေလျှက်နှင့်
ပိန်ကျသွားခြင်း
·
လည်ပင်းကြီးလာခြင်း
·
ရာသီစက်ဝန်းအပြောင်းအလဲ
·
လိင်တံမတောင့်တင်းနိုင်ခြင်းနှင့်
လိင်စိတ်လျော့နည်းသွားခြင်း
·
ဝမ်းခဏခဏသွားခြင်း
·
နှလုံးခုန်နှုန်းမြန်ခြင်း၊မူမမှန်ခြင်း
·
Graves’
Opthalmopathy
·
Graves’
Dermopathy
Graves' Ophthalmopathy
Graves' ရောဂါရှိသူ ၃၀%သည် မျက်လုံးထိတတ်ပါသည်။
·
မျက်လုံးပြူးလာခြင်း
·
မျက်လုံးခိုးလိုးခုလုဖြစ်ခြင်း
·
မျက်လုံးအောင့်ခြင်း၊နာခြင်း
·
မျက်ခွံကျုံ့ဝင်နေခြင်း
·
မျက်လုံးနီရဲနေခြင်း
·
အလင်းဒဏ်မခံနိုင်ခြင်း
·
ပုံရိပ်၂ထပ်မြင်ခြင်း
·
မျက်စိကွယ်ခြင်း
Graves' Dermopathy
အတွေ့ရနည်းသော်လည်း
ဒူးခေါင်းနှင့်ခြေထောက်ပေါ်တွင် နီရဲရဲခပ်ထူထူအကွက်များ ပေါ်တတ်ပါသည်။
နောက်ဆက်တွဲဆိုးကျိုးများ
·
ကိုယ်ဝန်ဆောင်နေစဉ်
ကိုယ်ဝန်လျှောတတ်ခြင်း၊ နေ့မစေ့ပဲမွေးခြင်း၊ ကလေးသိုင်းရွိုက်ထိခိုက်ခြင်း၊
ကလေးထွားနှုန်းနှေးခြင်း၊ မိခင်နှလုံးထိနိုင်ခြင်း နှင့် ကိုယ်ဝန်ဆိပ်တက်ခြင်းတို့
ဖြစ်နိုင်ပါသည်။
·
နှလုံးရောဂါ
·
အရိုးများကျွတ်ဆတ်ခြင်း
·
သိုင်းရွိုက်အရေးပေါ်အခြေအနေ
(Thyroid Storm) ဟုခေါ်သော ရုတ်တရက် သိုင်းရွိုက်ဟော်မုန်း အရမ်းများလာသောကြောင့်
အဖျားတက်ခြင်း၊ ချွေးပြန်ခြင်း၊ အထက်လန်အောက်လျှောဖြစ်ခြင်း၊ အားပြတ်ခြင်း၊
နှလုံးခုန်မူမမှန်၊ရင်တုန်ခြင်း၊ အသားဝါခြင်း၊ သွေးပေါင်ထိုးကျခြင်းနှင့် သတိလစ်ခြင်းတို့အထိ
ဖြစ်နိုင်ပါသည်။
စစ်ဆေးနည်းများ
·
လည်ပင်း၊ မျက်လုံး၊
ကိုယ်ခန္ဓာတို့ကို စမ်းသပ်ခြင်း
·
သွေးတွင်း T3 T4 TSH
ဓာတ်များစစ်ဆေးခြင်း
·
ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း
စုပ်ယူနိုင်မှုဖြင့် စစ်ဆေးခြင်း
·
Ultrasoundရိုက်ခြင်း
ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ပြီး ကုသနည်းများ
·
ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းနှင့်
ကုသခြင်း
·
Anti-thyroidဆေးများ
·
Beta-blockerဆေးများ
·
ခွဲစိတ်ကုသခြင်း
သက်သာအောင်နေထိုင်နည်းများ
- အစားအသောက် လျော်ညီစွာစားသုံးခြင်းနှင့် အားကစားပုံမှန်ပြုလုပ်ပေးခြင်း
- စိတ်ဖိစီးမှုလျော့ကျအောင်နေထိုင်ခြင်း
- မျက်လုံးထိပါက အအေးဝတ်ကပ်ပေးခြင်း၊ မျက်မှန်တပ်ခြင်း၊ မျက်စဉ်းခပ်ပေးခြင်း၊
ဆေးလိပ်ဖြတ်ခြင်း
Ref: NHS Choices