Neurofibromatosis (နျူရိုဖိုက်ဘရိုမက်တိုးစစ်)
16-Aug-2018နျူရိုဖိုက်ဘရိုမက်တိုးစစ် ရောဂါဆိုသည်မှာအာရုံကြောအဖွဲ့အစည်း( ဦးနှောက်၊ အာရုံကြောမကြီး၊ နာဗ်ဆဲလ်များ) မည်သည့်နေရာတွင်မဆို ဖြစ်ပွားသည့်အကျိတ်ဖြစ်သည်။များသောအားဖြင့် ကင်ဆာမဖြစ်တတ်။ ဆိုးဆိုးရွားရွားလက္ခဏာများလည်းမပေါ်တတ်ပါ။
လက္ခဏာများ
အမျိုးအစား သုံးမျိုးပေါ်မူတည်၍ လက္ခဏာကွာခြားသည်။
အမျိုးအစား ၁
-အရေပြားပေါ်တွင်အညိုဖျော့ကွက်ပေါ်ခြင်း
- ချိုင်းကြားနှင့် ပေါင်ခြံတို့တွင် တင်းတိတ်ကဲ့သို့ အစက်အပြောက်များပေါ်ခြင်း
-မျက်ဝန်းအိမ် နှင့် အရေပြားအောက်တို့တွင် အဖုသေးလေးများပေါ်ခြင်း
-အရိုးပုံစံပြောင်းလဲခြင်း
-အမြင်အာရုံကြောတွင် အကျိတ်ဖြစ်ပေါ်နိုင်ခြင်း
-ဦးခေါင်းအရွယ်အစားပုံမှန်ထက်ကြီးခြင်း]
-အရပ်ပုခြင်း
အမျိုးအစား ၂
အမျိုးအစား ၁ လောက်အဖြစ်မများပါ။ အကြားအာရုံတွင် အကျိတ်ဖြစ်ပေါ်သည့်အတွက်
- အကြားအာရုံ တဖြည်းဖြည်းပျောက်သွားခြင်း
- နားအူခြင်း
- မိမိကိုယ့်ကိုမထိန်းနိုင်ခြင်း တနည်း တယိမ်းတယိုင်ဖြစ်ခြင်း
- ခေါင်းကိုက်ခြင်း
နားအတွင်းရှိအာရုံကြောတွင်သာမက ခန္ဓာကိုယ်အတွင်းရှိ အခြားအာရုံကြောမကြီးများတွင်ဖြစ်လျှင်
- ခြေလက်ထုံကျင်ခြင်း၊ အားမရှိသလိုခံစားရခြင်း
- နာကျင်ခြင်း
- Facial drop
- အမြင်အာရုံထိခိုက်ခြင်း
ဖြစ်ပွားရသော အကြောင်းရင်းများ
မျိုးရိုးဗီဇပြောင်းလဲခြင်း ကြောင့်ဖြစ်ပွားသည်။
ဖြစ်နိုင်ချေများသူများ
မိဘမျိုးရိုးရှိပါက ပို၍ဖြစ်ပွားနိုင်သည်။
နောက်ဆက်တွဲ ပြဿနာများ
အမျိုးအစား ၁ တွင်
- ဦးနှောက်နှင့် အာရုံကြောပြဿနာများ
- အရေပြားပေါ်တွင် အစက်အကွက်များပေါ်သည့်အတွက် သွင်ပြင်လက္ခဏာကြည့်မကောင်းခြင်း
- အရိုးအဆစ်မကောင်းခြင်း။ဥပမာ- ကျောရိုးဆစ်စောင်းသွားခြင်း
- အမြင်အာရုံချို့တဲ့ခြင်း
- ဟော်မုန်းပြောင်းလဲချိန်။အထူးသဖြင့် အပျိုဖော်လူပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်ချိန် နှင့် သွေးဆုံးချိန်တို့တွင် ကျန်းမာရေး ပြဿနာများပေါ်နိုင်ခြင်း
- နှလုံးနှင့် အဆုတ်တို့တွင် မူမမှန်ပြဿနာများဖြစ်ခြင်း
- ကင်ဆာဖြစ်ခြင်း
- အထရီနယ် ဂလင်းတွင် အကျိတ်ဖြစ်ခြင်း ( Pheochromocytoma)
အမျိုးအစား ၂ တွင်
- အကြားအာရုံထိခိုက်ခြင်း
- Facial nerve damage
- မမြင်အာရုံထိခိုက်ခြင်း
- အရေပြားအကျိတ်ပေါ်ခြင်း
- ခြေလက်အားနည်းခြင်း
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
အထက်ပါလက္ခဏာများပေါ်ပေါက်ပါက ဆရာဝန်နှင့် သွားရောက်တိုင်ပင်သင့်သည်။
စစ်ဆေးမှုများ
မိဘမျိုးရိုးရှိမရှိ မေးမြန်းခြင်း
-မျက်လုံးစစ်ဆေးခြင်း
-နားစစ်ဆေးခြင်း
- ပုံရိပ်ဖမ်းခြင်း ( X-ray, ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း ၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း )
- မျိုးရိုးဗီဇစစ်ဆေးခြင်း
ကုသခြင်း
မျိုးရိုးဗီဇကြောင့်ဖြစ်ပွားသည့်အတွက် မမြစ်ပျက်အောင်မကုသနိုင်သော်လည်း ခံစားနေရသော ရောဂါများနှင့်လက္ခဏာများကို ကုသနိုင်သည်။
အကျိတ်များအတွက် ခွဲစိတ်ကုသခြင်း
နာကျင်ပါက အနာသက်သာစေသောဆေးများပေးခြင်းတို့ လိုအပ်သလိုကုသနိုင်ပါသည်။
Dr.hp
Ref; Mayo clinic