Print

COVID-19နှင့်ပတ်သက်ပြီးအမေးများသောမေးခွန်းများ အပိုင်း - ၂

  07-Apr-2020
Preview Image

ခန္ဓာကိုယ်ကို အရက်ပြန် သို့မဟုတ် ကလိုရင်းဖျန်းခြင်းဟာ COVID-19ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်သလား

ခန္ဓာကိုယ်ကို အရက်ပြန် သို့မဟုတ် ကလိုရင်းဖျန်းခြင်းဟာ ခန္ဓာကိုယ်အထဲကို ဝင်ရောက်ပြီးသားဖြစ်တဲ့COVID-19ကိုရိုနာဗိုင်းရပ်စ်ကို မသေစေနိုင်ပါဘူး။ အရက်ပြန် သို့မဟုတ် ကလိုရင်းဟာ မျက်စိ၊ပါးစပ်ကဲ့သို့ နူးညံ့တဲ့ ခန္ဓာအစိတ်အပိုင်းတွေကို ထိခိုက်စေပါတယ်။ ၎င်းတို့ကို မျက်နှာပြင်မှာရှိတဲ့ ပိုးတွေကိုသတ်ရာမှာပဲ အသုံးပြုသင့်ပါတယ်။ အသုံးပြုရာမှာလည်း WHOနဲ့ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အချိုးအစားအတိုင်း ဖျော်စပ်ပြီး အသုံးပြုရပါမယ်။


ပိုးသတ်ဆေးရည်(Disinfectants) များ ဖျော်စပ်နည်း

အိမ်သုံးအရောင်ချွတ်ဆေး (bleaching powder) ဖျော်စပ်နည်း


၁. (1:50 Hypochlorite Solution)ရရန်အတွက် ရေ (၁) လီတာတွင် ၅%အိမ်သုံးအရောင်ချွတ်ဆေး (Bleaching powder) ကို လက်ဖက်ရည်ဇွန်း (၄) ဇွန်းထည့်ပြီးဖျော်ပါ။

 ၂. အထက်ပါအချိုးအစားအတိုင်း မိမိလိုအပ်သော ပမာဏကို ဖျော်စပ်ပါ။

 ၃. ဖျော်စပ်ပြီးသော ပိုးသတ်ဆေးရည်ဖြင့် လက်နှင့်ထိတွေ့မှုများသော မျက်နှာပြင်များ ဖြစ်သည့် ရေပိုက်ခေါင်း၊တံခါးလက်ကိုင်၊လှေကားလက်ရန်းများ၊ စားပွဲများနှင့် အများသုံးတယ်လီဖုန်း စသည်တို့ကို တစ်နေ့လျှင် (၂)ကြိမ် သန့်ရှင်းပေးပါ။

 ၄. အဝတ်အစားများလျှော်ဖွတ်ရန်အတွက် Sodium Hypochlorite (၁)ဆနှင့် ရေ အဆ (၂၀)ရောနှော ထားသောဆေးရည်ဖြင့် နာရီဝက် (မိနစ် ၃၀)စိမ်ပြီးမှ လျှော်ဖွတ်ပါ။


0.5% Chlorineဖျော်စပ်နည်း

          ၁. ကလိုရင်းမဖျော်စပ်ခင် အကာအကွယ်ဝတ်စုံ (PPE)နှင့် လက်အိတ်အထူများဝတ်ပါ

          ၂. ၇၀%ကလိုရင်း လက်ဖက်ရည်ဇွန်း(၁၀)ဇွန်းကို ရေ ၂၀လီတာဖြည့်ထားသော ရေပုံးထဲသို ့ ထည့်ပါ။

          ၃. ထို့နောက် အရည်ကို (၁၀)စက္ကန့် သို့မဟုတ် ကလိုရင်းများပျော်ဝင်သည်အထိ မွှေပါ။

          ၄. ကလိုရင်းအရည်အား မသုံးခင် အနည်းဆုံး နာရီဝက်ခန့်စောင့်ပါ။

          ၅. ကလိုရင်းအရည်အား ကြမ်းခင်းနေရာများကို ပိုးသတ်ရာတွင် အသုံးပြုပါသည်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုးသတ်ရာမှာ ဘာတွေသုံးလို့ရနိုင်လဲ

ကိုရိုနာဗိုင်းရပ်စ်နှိမ်နင်းရာတွင် နေ့စဉ်အသုံးပြုသော ပစ္စည်းများ(စားပွဲ၊ထိုင်ခုံ၊ကွန်ပြူတာ ၊တံခါးလက်ကိုင် စသည်) အတွက် ၇၀ရာခိုင်နှုန်း အယ်သနော(70% Ethanol)၊ကြမ်းခင်းများအတွက် ဝ.၅ရာခိုင်နှုန်းဆိုဒီယမ်ဟိုက်ပိုကလိုရိုက်(0.5% Sodium Hypochlorite)အရည် (အိမ်သုံးအရောင်ချွတ်ဆေး ခေါ် bleaching powder) သို့မဟုတ် ၁ရာခိုင်နှုန်းကလိုရင်းအရည်(1% Chlorine)တို့ကို သုံးလို့ရပါတယ်။



Related Articles


Advertisment 18