Print

နားထဲတစ်ခုခု ဝင်သွားရင်ဘာလုပ်ရမလဲ

  24-Feb-2017
Preview Image

နားထဲသို့ အကောင်ဖြစ်စေ၊ အရာဝတ္ထု တစ်ခုဖြစ်စေ ဝင်သွားသောအခါ နာကျင်ခြင်း၊ ထိုမှတဆင့် အကြားအာရုံ ထိခိုက်ခြင်းတို့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် နားထဲကို တစ်ခုခု ဝင်တာနဲ့ ကြုံ ခဲ့လျှင် အရေးပေါ် အောက်ပါအချက် တို့ကို ဆောင်သင့်ရှောင်သင့်ပါတယ်။

 

- နားကြပ်တံလို အရာမျိုးနှင့်မထိုးသင့်ပါ 

နားထဲဝင်သွားသော အရာတစ်ခုကို သေချာမမြင်ဘဲနဲ့ ထွက်လာလို ထွက်လာငြားဆိုပြီး နားကြပ်တံလို အရာမျိုးနှင့် နားမကလော်သင့်ပါ၊ ထိုသို့ လုပ်ခြင်းအားဖြင့် ဝင်နေသော အကောင် သို့မဟုတ် ပစ္စည်းက နားအတွင်းကို ပိုရောက်သွားနိုင်သလို နားရဲ့ အတွင်းပိုင်းကိုပါ ထိခိုက်နိုင်ပါတယ်။

 

- ထုတ်လို့ ရနိုင်လျှင် ထုတ်ဖို့ ကြိုးစားကြည့်ပါ 

နားထဲမှာ ရှိနေသောအရာကို သေချာမြင်ရလျှင် ၊ ဆွဲထုတ်လို့ရနိုင်လျှင် ဇာဂနာကဲ့သို့သော အရာနှင့် ထုတ်နိုင်အောင် လုပ်ကြည့်သင့်ပါတယ်၊ ဒါပေမယ့် သေသေချာချာ မြင် ရမှသာ လုပ်သင့်ပါတယ်။

 

- ဝင်သွားတဲ့ ဘက်ကို ခေါင်းစောင်းပြီး နားထဲက အရာကို ထွက်သွားအောင် ခါချ ကြည့်တာမျိုးလည်း ကြိုးစားကြည့်နိုင်ပါတယ်။

 

- နားထဲသို့အဆီတစ်မျိုးမျိုး ထည့်ကြည့်ခြင်း

တကယ်လို့ နားထဲကို ဝင်သွားတဲ့ အရာက အင်းဆက်ပိုးမွားအကောင် ဖြစ်နေခဲ့ရင်တော့ နားထဲကနေ ထုတ်ဖို့အတွက် သံလွင်ဆီ၊ ဒါမှမဟုတ် ကလေးတွေ အသုံးပြုတဲ့ baby oil လိုအဆီကို အသုံးပြုပြီး ထုတ်ဖို့ ကြိုးစားကြည့်နိုင်ပါတယ်... ပြုလုပ်ပုံကတော့ ဘေးတစောင်း အိပ်ပြီး ပိုးကောင်ဝင်သွားတဲ့ နားထဲကို ခပ်နွေးနွေးအဆီ (အရမ်းမပူရပါဘူး) လောင်းထည့်ပေးရမှာ ဖြစ်ပါတယ်... ဒီလို လောင်းထည့်ပေးခြင်းအားဖြင့် နားထဲက ပိုးကောင်ကို သေစေနိုင်သလို အဆီနဲ့ ပေါလောပေါ်ပြီး အပြင်ကို ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်...

 

တစ်ခု သတိပြုရမှာက အဆီကို လောင်းထည့်တဲ့အခါ နားရဲ့ တည်ဆောက်ပုံက တဖြောင့်တည်း ရှိမနေတဲ့အတွက် အဆီက နားလမ်းကြောင်းထဲ အလွယ်တကူဝင်အောင် ပြုလုပ်ပေးရမှာပါ... အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေအတွက် နားရွက်ကို နောက်ကျောဖက်နဲ့ အောက်ဖက်ကို အသာဆွဲပေးရမှာ ဖြစ်ပြီး၊ လူကြီးတွေမှာတော့ နောက်ကျောဖက်နဲ့ အပေါ်ဖက်ကို အသာဆွဲကာ အဆီလောင်းထည့်ရမှာ ဖြစ်ပါတယ်... ဒီနည်းကိုတော့ နားထဲကိုအကောင်ဝင်သွားတဲ့ အချိန်ကလွဲလို့ တခြားအချိန်တွေမှာ မသုံးသင့်ပါ... ဒါ့အပြင် နားစည်ပေါက်ခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ နာကျင်ခြင်း၊ နားထဲမှ သွေး သို့မဟုတ် အရည်များ စီးယိုခြင်း စတဲ့ အခြေအနေတွေ ရှိခဲ့ရင်လည်း အသုံးမပြုသင့်ပါဘူး...

 

ဒီအရာတွေအားလုံးကို အရေးပေါ် ကြိုးစားကြည့်သင့်တာ မှန်ပေမယ့် အချိန်မဆိုင်းဘဲ နား၊နှာခေါင်း ဆရာဝန်ဆီအမြန်ဆုံး သွားပြတိုင်ပင်တာလည်း လုပ်ရမှာဖြစ်ပါတယ်။ ဒါမှသာ မလိုအပ်ဘဲ အကြားအာရုံ ထိခိုက်ခြင်းမရှိအောင် ကြိုတင်ကာကွယ်နိုင် မှာဖြစ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
MyatPwint

Ref: Mayoclinic/first aid
 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18