တက်ခြင်းအကြောင်းသိကောင်းစရာ
29-Oct-2016တက်ခြင်းသည် ရောဂါမဟုတ်ဘဲ ရောဂါတစ်ခု၏လက္ခဏာသာ ဖြစ်သည်။ ကလေးများဖျားလျှင် တက်တတ်သည်။ ၄၅ ရာခိုင်နှုန်းသည် ဖျား၍တက်ကြသည်။ ၃ဝ ရာခိုင်နှုန်းသည် ဝက်ရူးပြန် (မွေးရာပါ) ရောဂါကြောင့် တက်သည်။ ၂၅ ရာခိုင်နှုန်းသည် ခေါင်းထိခိုက်ဒဏ်ရာရခြင်းကြောင့်လည်း တက်တတ်သည်။ တစ်ကြိမ်တက်ဖူးလျှင် မကြာခဏတက်တတ်သည်။ မည်သည့်အကြောင်းကြောင့် တက်သည်ဖြစ်စေ ဦးနှောက်ကိုအဆမတန်လှုံ့့ံဆော်ခြင်းဖြစ်သည်။ ဦးနှောက်ကို လှုံ့ဆော်ခြင်းမှာ ကြွက်သားများလှုပ်ရှား၍ ခြေလက်များ ကောက်ကွေးခြင်း၊ ပါးစပ်ကအမြှုပ်ထွက်ခြင်း၊ မျက်လုံးမျက်ဆန်လန်ခြင်း၊ တောင့်တင်းခြင်းများ ဖြစ်တတ်သည်။
ပြုစုနည်းမှာ
(၁) လူနာလိမ့်မကျစေရန် ခုတင် သို့မဟုတ် စားပွဲပေါ်တွင်မထားရှိဘဲ ကြမ်းပြင်ပေါ်သို့ ရွှေ့ထားရမည်။
(၂) မီး၊ ပန်ကာ၊ ဓာတ်ကြိုး၊ ရေမြှုပ်များနှင့် ဝေးရာတွင် ထားသင့်သည်။
(၃) တက်သူအား ချောင်ချိသော အဝတ်အစားများ လဲလှယ်ပေးရမည်။
(၄) ကလေးများ အဖျားအရမ်းကြီးလျှင် ခေါင်းကစ၍ ရေလောင်းချရမည်။ စအိုထဲသို့ အဖျားကျဆေး ပါရာစီတမောဝမ်းချူ တောင့် ထည့်နိုင်သည်။
(၅) နီးစပ်ရာ ဆေးရုံဆေးခန်းတွင် အမြန်ဆုံးကုသမှုခံယူရန်။
(၆) မိသားစုဝင်များ နှစ်သိမ့် ဆွေးနွေးရမည်။ အားပေးရမည်။
(၇) စိတ်ဖိစီးမှု မရှိအောင် နေထိုင်သင့်သည်။
(၈) တက်သည့် အချိန်ကြာမြင့်သည်နှင့်အမျှ အသက်အန္တရာယ် စိုးရိမ်ရသည်။
(၉) အတက်ဖြစ်စေသည့် အဖျားကြီးခြင်း၊ နှလုံး၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ တို့ကို ကုသထားရမည်။
(၁၀) တက်တတ်သည့်သူများသည် ယာဉ်မောင်းနှင့် လက်နက်ကိုင်ဝန်ထမ်း စသည်ဖြင့် အန္တရာယ်ဖြစ်စေသည့် အလုပ်များကို မလုပ်သင့်ပါ။
(၁၁) လူကြီး၊ လူငယ်မရွေး တက်ခြင်းကို ပြေလျော့စေသည့် နည်းလမ်းမှာ ဘာသာရေး လိုက်စားခြင်း၊ တရားနာခြင်း၊ တရားထိုင် ခြင်းများ လုပ်ရမည်။
Ref: ဒေါက်တာလွင်သန့် (ဆေး-၂) မြဝတီ Thursday, November 27, 2014